post

“ရွာအထိတော့ ရောက်ပါတယ်”

ဆောင်းဝင်လာပြီဆိုတော့ ညတာရှည်ပြီးနေ့တာတိုလာပြီ။ အခုဆို ကုမ္ပဏီထဲကို မှောင်မှပဲရောက်တဲ့ နေ့များ တယ်။ ကျွန်တော်က ကုမ္ပဏီညစောင့်လေ။အဖော်တစ်ယောက်ပါသေးတယ်။ ဒီနေ့လည်း ထုံးစံအတိုင်း အလုပ်ကို မှောင်မှရောက်လာတယ်။ ရောက်တာနဲ့ အိပ်ယာခင်း ထမင်းထုပ်လေး ဖြည်စားပြီး ၀ယ်လာတဲ့ ”ဖိုး”တစ်ချောင်းတင်လိုက်တယ်။ ဇိုးလေးကို လှမ်းကြည့်တော့ အပ်တန်းလန်းနဲ့ငိုက်နေပီ။ ကျွန်တော်လည်း “ဖိုးဖီးလ်”လေးနဲ့ အိပ်ရာပေါ်မှိန်းနေရင်း နဂါးနီကို သတိရလိုက် ၊ဖွာလိုက် ၊မီးငြှိလိုက် ၊ဖွာလိုက်၊ ပြုတ်ကျလိုက် ပြန်ကောက်လိုက်နဲ့ အိပ်ပျော်သလိုပဲ ရှိနေတယ်။ “ဗိုလ်သိန်း၊ ဗိုလ်သိန်း”လို့ ခေါ်သံကြားလို့ ကြည့်လိုက်တော့ ယောကြီးဖြစ်နေတယ်။ “လာ… ငါနဲ့ လိုက်ခဲ့” လို့ ပြောပြီး ကုမ္ပဏီအပြင်ဖက်ထွက်လာခဲ့တယ်။ အပြင်လည်းရောက်ေ ရာ နှစ်ယောက်စလုံး မိုးပေါ်ထောင်တက်သွားတယ်။ “ဟာ …ဟျောင့်… ငါကြောက်တယ်” ပြောတော့ … “ငါ့လက်ကိုကိုင်ထားပါ ဘာမှမဖြစ်ပါဘူး” လို့ ယောကြီးက ပြောတယ်။ ဒီလိုနဲ့ ဟိုးအမြင့်ကြီးဆီရောက်တော့ ၀မ်းလျားမှောက်ကျပြီး လေဟုန်လိုက်စီးနေ ကြတယ်။ ကြောက်စိတ်က တဖြည်းဖြည်းပျောက်သွားပြီး လေဟုန်စီးရင်း ငှက်တွေလို ဟိုဒီဝဲကြရင်း အောက်ကမီးရောင်တွေကိုလည်း မြင်နေရတယ်။ ရင်ထဲကလည်းတလှပ်လှပ်နဲ့ ချားစီးတဲ့အခါ အပေါ် ကနေအောက် ကိုလည်ကျတဲ့အခါ ဖြစ်ပေါ်တဲ့ခံစားမှုမျိုး။ ခဏနေတော့ အောက်က လွှတ်တင်လိုက်တဲ အမြှောက်ကို ရှောင်လိုက်တာ ဒဲ့လာတဲ့ ဂျက်လေယာဉ်နဲ့ တိုက်မိပြီး နှစ်ယောက်လုံး အောက်ကို ခြေကားရားလက်ကားရားနဲ့ ပြုတ်ကျပါလေရော။ တော်သေးတယ် အောက်က ““ဖိုး”း”ရောင်းတဲ့ မိုးကာတဲပေါ်ပြုတ်ကျလို့ ။ ဒါပေမဲ့ အောက်ရောက်တော့ ကျွန်တော်လက်ကို ယောကြီးခန္ဓာကိုယ်က ဖိထားတယ်။ လက်ကိုဆွဲထုတ်လို့မရတာနဲ့ ကျန်တစ်ဖက်နဲ့ သူ့ကို တွန်းထုတ်တော့မှ “ဟင်” ခနဲဖြစ်ပီး သူသေနေမှန်းသိတယ်။ အဲ့တော့မှ ကြောက်လန့်ပြီး ဗလုံးဗထွေးနဲ့ အော်မိပါလေရော။ “အစ်ကိုကြီး …အစ်ကိုကြီး ” တစ်စုံတစ်ယောက်က ခေါ်လည်းခေါ် လှုပ်လည်းလှုပ်မှ သတိရတော့ သြော် အိပ်မက်မက်ပြီး လက်က ခေါင်းအောက်ဖိနေတာကိုး။ ဒါပေမဲ့ အိပ်မက်ထဲဝင်လာတဲ့ ယောကြီးအကြောင်း တစ်ညလုံးဆက် တွေးနေမိပါတော့တယ်။

ယောကြီး နဲ့ ကျွန်တော်က အရင်တုန်းက အောက်နယ်ဖက်မှာ အတူတူနေကြတော့ ညီအစ်ကိုလိုပဲ… စိတ်တူကိုယ်တူ … ဒါပေမဲ့ စရိုက်တော့ မတူဘူး။ ကျွန်တော်က ““ဖိုး” မှ ““ဖိုး”၊ ယောကြီးကတော့ “မြာ” မှ “မြာ” အကြိုက်ချင်းမတူကြဘူး။ အဲ့ဒီတုန်းက ကျွန်တော်တို့ နှစ်ယောက် “ဖိုး” ရောင်းကြတာ ။ သိတဲ့ အတိုင်း “ဖိုး”း ရောင်းတော့ ငွေလေးကလည်း အမြဲလိုရွှင်နေတာပေါ့။ သူနဲ့ ကျွန်တော်ကြားမှာ ငွေကြေးအကန့်သတ်ဆိုတာ မရှိဘူး။ ကျွန်တော်လည်းရှူချင် သလောက်ရှူ၊ သူလည်း ပွေးချင်သလောက်ပွေးလာကြတာ။ ယောကြီးက ကျန်းမာရေးကလည်းကောင်းတယ်။ ဟိုကိစ္စမှာလည်း အရမ်းသန်တယ်။ ဆိုင်းတောင်အခန်းတွေ သူမရောက်ဖူးတာ မရှိဘူး။ တဲမှာ “ဖိုး”လာရှုတဲ့ စကီ တွေလည်း တစ်ယောက်မှ အလွတ်မပေးဘူး။ တစ်ရက်တော့ ကျွန်တော်မေးကြည့်တယ်…. “ ယောကြီး …. မင်း ဟိုကိစ္စလုပ်တာ ကွန်ဒုံး သုံးရဲ့လားဆိုတော့ ကိုယ်တော်က “အိုး… နိုး… နိုး… အဲ့ဒါကြီးက ဖီလင်အောက်တယ်” ….။ ဒါဆိုမင်း “H”…. “ ဟိုး….ဟိုး…..” သူက ကျွန်တော့ကို စကားဆုံး အောင်တောင်ပေးမပြောဘူး။ “ဘာလဲဗိုလ်သိန်း… ငါ HIV ပိုးကူးမှာ မကြောက်ဘူးလားလို့ မေးမလို့ မဟုတ်လား…. သိပြီးသားပါ” ဆိုပြီး သူ့လက်မောင်းကြွက်သားကို ဟန်ပါပါနှင့် ညစ်ပြတယ်။ ကျွန်တော်လည်း ကျွဲပါးစောင်းတီး မလုပ်ချင်တော့တာနဲ့  ကိုယ့်ဟာကိုယ်ပဲ “ ပေါ့” ဆက်ဆွဲနေလိုက်တယ်။

ဒီလိုနဲ့ ပဲ အချိန်တွေ ကုန်မှန်းမသိကုန်သွားတယ်။ တစ်ရက်တော့ ယောကြီးအရမ်းအဖျားတက်ခဲ့ပါတယ်။ နောက်ပြီး သူမှာ ရေယုံတွေလည်း ပေါက်လာတယ်။ အဖျားကတက် ရေယုံကနာဆိုတော့ တောက်လျှောက်အော်ပြီးငြီးနေတာပေါ့။ တစ်ရက်လည်း အဖျားမကျ၊ နှစ်ရက်လည်း အဖျားမကျဆိုတော့ ကျွန်တော်မသင်္ကာတော့ဘူး။ ဒါနဲ့ သူတစ်ရွာတည်းသား ဇော်ဝမ်းကို ဆိုင်းတောင် နားခိုရာ ရုံးကို လိုက်ပို့ခိုင်းလိုက်တယ်။ ညနေပြန်လာတော့ ယောကြီးမျက်လုံးတွေ မို့နေတယ်။ ငိုထားတဲ့ပုံပဲ။ ညကျမှ ကျွန်တော်ကိုပြောပြတယ်။ “ ဗိုလ်သိန်း…. ငါ AIDS ဖြစ်နေပီတဲ့ ….. သွေးလာစစ်တာ အရမ်းနောက်ကျတယ်တဲ့ …… HIV ပိုးက အဆမတန်များနေပီတဲ့ …. ငါမနေရတော့ဘူး ဗိုလ်သိန်းရေ” ဆက်တိုက်ပြောရင်း ငိုတော့တာ။ “ ဟာ ယောကြီးကလည်း ဒီရောဂါဖြစ်တိုင်း ချက်ချင်းမသေပါဘူး…. နားခိုရာ ရုံးကပေးတဲ့ ဆေးလေးမှန်မှန်သောက် ကိုယ့်ကျန်းမာရေးလဲ ကိုယ်ဂရုစိုက်နေရင် နှစ်အကန့်အသတ်မရှိနေနိုင်ပါတယ်ကွာ” လို့ကျွန်တော်လည်း အားပေးစကား ပြောပေးပါတယ်။

တစ်လလောက်ကြာတော့ ယောကြီးအခြေနေတအားဆိုးလာတယ်။ လူရုပ်တောင်မပေါ်တော့ဘူး။ ဆေးခန်းလည်း မှန်မှန်မသွား အစာလည်း မှန်မှန်မစားဆိုတော့ လှေကားထစ်တောင် ခြေမကြွနိုင်အောင်ဖြစ်လာတယ်။ ရွာမှာပဲ သေချင်တယ် လို့ သူပြောခဲ့ သလိုပါပဲ သူ့သူငယ်ချင်းက ရွာလိုက်ပို့တာ ရွာရောက်ပြီး နောက်တစ်ရက်မှာပဲ ယောကြီး ဆုံးပြီးဆိုတဲ့ သတင်းကြားလိုက် ရတယ်။ အကယ်ရ်ျသာ ယောကြီးသာ ကွန်ဒုံးကို စနစ်တကျ သုံးခဲ့မယ်….. သွေးကို စောစောစီးစီး စစ်ခဲ့မယ်ဆိုရင်ဖြင့်…….

တွေးလက်စအတွေးကိုဖြတ်ရင်း ……“ အော်…… ယောကြီးရေ ဒီဇင်ဘာ ၁ ရက် ဆိုရင် မင်းတို့ရဲ့နေ့ရောက်ပြီ။….. သူငယ်ချင်းယောကြီး ကောင်းရာ သုဂတိလားပါစေဟုသာ ဆုတောင်းရင်းး။ ။

AHRN သတင်းစာစောင် အမှတ်(၈)မှ တဆင့်ကူးယူဖော်ပြသည်။

post

ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားပွဲတွင် AHRN ဗန်းမော်ရုံးမှ ကျန်းမာရေးပြခန်းဖွင်၍ အိတ်ခ်ျအိုင်ဗွီ ပညာပေး လုပ်ငန်များ ဆောင်ရွက်ခဲ့….

ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားပွဲတွင် AHRN ဗန်းမော်ရုံးမှ ကျန်းမာရေးပြခန်းဖွင်၍ အိတ်ခ်ျအိုင်ဗွီ ပညာပေး လုပ်ငန်များ ဆောင်ရွက်ခဲ့….

ကချင်ပြည်နယ် ဗန်းမော်မြို့၏ သိမ်တော်ကြီးဘုရားပွဲကို အောက်တို ဘာ (၂၇) ရက်နေ့ မှ နိုဝင်ဘာ ၅ရက်နေ့ထိ ဗန်းမော်မြို့ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ရာ ဘုရားပွဲတွင် NGO အဖွဲ့ စည်းအသီးသီးမှ ကျန်းမာရေးပြ ခန်းများနှင့် အတူ AHRN-Bamaw မှလည်း ကျန်းမာရေးပြခန်းဖွင့် လှစ်ရ၍ အိတ်ခ်ျအိုင်ဗွီ ပညာပေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ကြသည်။

ပြခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိတ်ခ်ျအိုင်ဗွီပိုးစစ်ဆေးမှုနှုန်း မြင့်မားလာစေရန်၊ ဘုရားပွဲလာပြည်သူများမှ မိမိ၏ အိတ်ခ်ျအိုင်ဗွီပိုးရှိ/မရှိ အခြေအနေကို ပိုမိုသိရှိလာစေရန် နှင့် ပွဲလာပြည်သူများမှ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် နှင့် ပတ်သက် သော ကျန်းမာရေး ဗဟုသုတများ ပိုမိုရရှိလာစေရန်ရည်ရွယ်ရ်ျ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

AHRN ဗန်းမော်ရုံးမှ ၀န်ထမ်းများမှ ကျန်းမာရေးအသိပညာပေးဆိုင်း ဘုတ်များပြသခြင်း၊ လမ်းကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် အိတ်ခ်ျအိုင်ဗွီ သွေးစစ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။

post

“ AHRN – Myanmar ၁၅နှစ်ပြည့်ဓာတ်ပုံပြိုင်ပွဲ ” – ဆုရရှိသူများ

Asian Harm Reduction Network (AHRN) – Myanmar သည် မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှစတင်ပြီး မူးယစ်ဆေးသုံးစွဲသူများနှင့် ပြည်သူလူထုကြားမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောဘေးအန္တရာယ်များ လျော့ပါးရေးအတွက် ကူးစက်ရောဂါများကာကွယ်ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို အကျိုးအမြတ်မယူပဲဆောင်ရွက်လာခဲ့သည်မှာ ၂၀၁၈ ခုနှစ်တွင် ၁၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ပါသည်။

ထို့ကြောင့် AHRN ဧ။် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ” ပြင်ဆင်ခွင့်ပေးပါ ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ပေါင်း ၅၅ယောက်ထံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၂၀၆ ပုံ လက်ခံရရှိခဲ့ပါသည်။ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်ရွေးချယ်ခြင်းကို အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး နှင့် AHRN-Myanmar မှ Program Coordinator(Outreach) ဦးသီဟလင်း တို့က ဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဆု – ဦးဆွေထွန်း (ခ) တီတီး
ဒုတိယဆု – ကျော်ဆန်းလင်း
တတိယဆု – ကျော်သူရ ကောင်းကင်ပြာ (ခ) ကိုကျော်သူ
နှစ်သိမ့်ဆု (၁) – ၀င်းဇော်ဦး (မင်းဘူး)
နှစ်သိမ့်ဆု (၂) – မျိုးကိုကိုအောင်
နှစ်သိမ့်ဆု (၃) – မင်းဇာနည်ဇော်

ထို့အပြင် Finalist အဖြစ်ရွေးချယ်ခြင်းခံထားရသော ဓာတ်ပုံ ၂၉ ပုံမှ “Like” အများဆုံးရှိသည့်ပုံကို “Popular Award” ဆုအဖြစ်ရွေးချယ်ရာ ဆုရရှိသူမှာ အောက်ပါအတိုင်းဖြစ်သည်။

Popular Award – ကျော်နိုင်လင်း(လရိပ်ပြာ)

ဆုရရှိသူများအားလုံးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ရန်ကုန်မြို့ Rose Garden Hotel ၌ ကျင်းပမည့် AHRN-Myanmar ၁၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားပြီး ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ Finalist ရွေးချယ်ခြင်းခံရသူအားလုံးထံသို့လည်း ပြိုင်ပွဲ အထိမ်းအမှတ် Diary & Planner နှင့် အမှတ်တရပစ္စည်းများ ပေးပို့ပေးမည်ဖြစ်ပါသည်။

AHRN ဧ။် ဓာတ်ပုံပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်အားလုံးနှင့် ဓာတ်ပုံပြိုင်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း နှင့် ဒုဥက္ကဌ ဦးအောင်မျိုး တို့အား AHRN – Myanmar မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ။

post

” Medical Supply Chain Management Training “

AHRN has conducted “ Medical Supply Chain Management Training ” on 25-16 August, 2018 in Myitkyina. AHRN staff (Medical Coordinators, Nurses, Nurse-Counselors and Lab Technicians) from Pharkant, Lone Khin, Seng Taung, Tamakhan, Selzin, Waimaw and Myitkyina have participated. The objective is to ensure the overall medical supply chain knowledge and to strengthen the medical supply system in AHRN’s project sites. This training was facilitated by Dr.Kyaw Thu Hein and Ma Aye Myo Han from AHRN.

 

post

အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့ (AHRN-Myanmar) ၁၅ နှစ်ပြည့် အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ

အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့ (AHRN-Myanmar) ၁၅ နှစ်ပြည့် အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဇွန်လ (၁၆၊ ၁၇) ရက်နေ့များတွင် ဖားကန့်ရှိ ဆန်းကြွယ်ဖူဆယ်ကွင်းတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲ၏ရည်ရွယ်ချက်များမှာ AHRN (၁၅) နှစ်ပြည့် အထိမ်းအမှတ်အား အမှတ်တရဖြစ်စေရန်နှင့် ကချင်ပြည်နယ် မြို့နယ် (၅) မြို့နယ်ရှိ စီမံချက်များမှ ဝန်ထမ်းများအားလုံး ရင်းရင်းနှီးနှီး ပျော်ရွှင်စွာတွေ့ဆုံကြရန်ဖြစ်ပါသည်။ ပွဲစဉ်တလျှောက်အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ရပြီး ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံလုံးခင်းအသင်းအား ဆိုင်းတောင်အသင်းမှ အနိုင်ရရှိပြီးနောက် ချန်ပီယံဆုအား ရယူသွားနိုင်ခဲ့ပါသည်။

 

post

“ AHRN – Myanmar ၁၅နှစ်ပြည့်ဓာတ်ပုံပြိုင်ပွဲ ” – Finalist Photos.

Asian Harm Reduction Network (AHRN) – Myanmar သည် မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှစတင်ပြီး မူးယစ်ဆေးသုံးစွဲသူများနှင့် ပြည်သူလူထုကြားမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောဘေးအန္တရာယ်များ လျော့ပါးရေးအတွက် ကူးစက်ရောဂါများကာကွယ်ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို အကျိုးအမြတ်မယူပဲဆောင်ရွက်လာခဲ့သည်မှာ ၂၀၁၈ ခုနှစ်တွင် ၁၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ပါသည်။

ထို့ကြောင့် AHRN ဧ။် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ” ပြင်ဆင်ခွင့်ပေးပါ ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ပေါင်း ၅၅ယောက်ထံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၂၀၆ ပုံ လက်ခံရရှိခဲ့ပါသည်။ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်ရွေးချယ်ခြင်းကို 7.9.18 ရက်နေ့ သောကြာနေ့တွင် ရန်ကုန်မြို့ရှိ AHRN-Myanmar ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး နှင့် AHRN-Myanmar မှ Program Coordinator(Outreach) ဦးသီဟလင်း တို့က ဆောင်ရွက်ခဲ့ကြပါသည်။ ယခု Finalist အဖြစ်ရွေးချယ်ခြင်းခံထားရသော ဓာတ်ပုံ ၂၉ ပုံမှ “Like” အများဆုံးရှိသည့်ပုံကို “Popular Award” ဆုအဖြစ် ဆုငွေ ၁သိန်း၅သောင်းကျပ် + ဆုတံဆိပ် တို့ကို ချီးမြှင့်မည်ဖြစ်ပါသည်။

“Popular Award” အတွက် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) မူရင်းပို့စ်တွင် တင်ထားသော ဓာတ်ပုံမှ “Like” အရေအတွက်ကိုသာ ရေတွက်ပါမည်။ ( Like မှ လွဲပြီး အခြား Reaction များ အကျုံးမ၀င်ပါ။)
(၂) ၈ ရက်၊ အောက်တိုဘာလ၊ ၂၀၁၈ နံနက် ၁၀:၀၀ နာရီ တိတိတွင် မူရင်းပိုစ့်ရှိ ဓာတ်ပုံများတွင် ရရှိထားသော “Like” အရေအတွက်များကို ရေတွက်မည်ဖြစ်သည်။
(၃) အကန့်အသတ်မရှိ Share ပြုလုပ်နိုင်သော်လည်း မူရင်းပို့စ်ရှိ ဓာတ်ပုံများတွင် ရရှိထားသော “Like” အရေအတွက်ကိုသာ ရေတွက်မည်ဖြစ်သည်။
(၄) အငြင်းပွားဖွယ်ရာ တစုံတရာပေါ်ပေါက်ပါက ဆုရွေးချယ်ရေးအဖွဲ့ဧ။် ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

Popular Award ဆုနှင့် အကဲဖြတ်ဒိုင်များမှ ရွေးချယ်ထားသော ဆုရရှိသူများကို ၉ ရက်၊ အောက်တိုဘာလ၊ ၂၀၁၈ တွင် တပြိုင်တည်း ကြေငြာပေးမည်ဖြစ်သည်။ AHRN ၁၅နှစ်ပြည့်အထိမ်းအမှတ်ပွဲအား အောက်တိုဘာလအတွင်း ပြောင်းရွှေ့ကျင်းပမည်ဖြစ်ပါသဖြင့် အဆိုပါပွဲတွင် ဆုချီးမြှင့်ခြင်း အစီအစဉ်အားပြုလုပ်မည်ဖြစ်ပါသည်။ ကျင်းပမည့်ရက် ကို ထပ်မံ အသိပေးကြေငြာပေးပါမည်။

 

post

“ AHRN – Myanmar ၁၅နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ” အကဲဖြတ်ရွေးချယ်ခြင်း

“ AHRN – Myanmar ၁၅နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ” အကဲဖြတ်ရွေးချယ်ခြင်းကို 7.9.18 ရက်နေ့ သောကြာနေ့တွင် ရန်ကုန်မြို့ရှိ AHRN-Myanmar ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး နှင့် AHRN-Myanmar မှ Program Coordinator(Outreach) ဦးသီဟလင်း တို့က ဆောင်ရွက်ခဲ့ကြပါသည်။ ပြိုင်ပွဲဝင်ပေါင်း ၅၅ယောက်ထံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၂၀၆ ပုံ လက်ခံရရှိခဲ့ပါသည်။ Finalist တွင် ရွေးချယ်ခြင်းခံထားရသောပုံများကို ဓာတ်ပုံစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းရှိမရှိ Original file များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး စာရင်းကို အတည်ပြုပြီးပါက ထပ်မံကြေငြာသွားပါမည်။

 

post

Proud!

Trainers of trainers workshop for and by community-based HIV prevention workers from Bhamo and Waingmaw.

Communities from hard-to-reach villages planning expanded reach and referral of people who use drugs into care and treatment.

#AHRN is proud working with these committed compasionate communities and grateful for the kind support by #UHF!

post

”၂၀၁၈ ခုနှစ် AHRN HE Idol (ကျန်းမာရေး ပညာပေး Idol) ပြိုင်ပွဲ”

မူးယစ်ဆေးသုံးစွဲသူများ ကျန်းမာရေးဆိုင်ရာ အသိပညာများမြှင့်တင်ရန် AHRN မြန်မာမှာ “ HE Idols ” တွေရှိတယ်နော်။

AHRN မြန်မာသည် ၂၀၁၇ ခုနှစ်မှစတင်၍ HE Idol (ကျန်းမာရေးပညာပေး Idol) ပြိုင်ပွဲကို 3MDG, GFATM တို့၏ ငွေကြေးထောက်ပံ့မှုဖြင့်ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ်တွင် စီမံချက် ၁၃ ခုမှ AHRN ကွင်းဆင်းဝန်ထမ်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ယှဉ်ပြိုင်ခဲ့သည့် ခေါင်းစဉ်များမှာ မူးယစ်ဆေး၊ ဆေးလွန်ခြင်း၊ သွေးကြောမပျက်စီးစေရန် ကာကွယ်နည်း၊ HIV သွေးစစ်ခြင်း၊ မက်သဒုန်းအစားထိုးကုသခြင်း၊ တီဘီရောဂါ၊ HIV နှင့် ART ဆေးတို့ဖြစ်ပြီး ပြိုင်ပွဲဝင်အဖွဲ့ဝင်များသည် လေ့ကျင့်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းများ၊ ဥပမာ – အဖွဲ့လိုက်သရုပ်ဖော် Flip chart များ၊ powerpoint များ၊ ဗွီဒီယိုဖိုင်များ၊ IEC များ၊ Mind Mapping လေ့ကျင့်ခန်းများ စသဖြင့် အသုံးပြု၍ ယှဉ်ပြိုင်ခဲ့ကြသည်။ အနိုင်ရသည့် အဖွဲ့ကို သက်ဆိုင်ရာအချက်များကို အုပ်စုလိုက် အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

၂၀၁၈ HE Idol winner အဖြစ် AHRN ဆယ်ဇင်းနှင့် တာမခံ စီမံချက်အဖွဲ့မှ ရွေးချယ်ခြင်းခံခဲ့ရပြီး၊ ဆုငွေကျပ်တစ်သိန်းကို ချီးမြှင့်ခဲ့သည်။

Image may contain: one or more people and text

post

ART Clinical Management Training on AHRN-ART Satellites sites

National AIDS control Program (NAP), lead by Dr.Tun Nyunt Oo and his team members has conducted “ART Clinical Management Training on AHRN-ART Satellites sites” on 6-7 April 2018 in Manadalay. AHRN staff (medical coordinators, Nurses, Project Managers, Counselors) from Lashio, Pharkant, Waimaw and Bamaw has participated. This event was funded by 3MDG, GFATM and UHF.