AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်) အဖွဲ့ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလာယူသူများ ကျန်းမာရေးဗဟုသုတများမြင့်မားစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန်ရည်ရွယ်၍ ကျန်းမာရေးပဟေဠိ မေးခွန်းများမေးခြင်းနှင့် ဆုပေးအစီအစဉ်များ၊ ဂိမ်းကစားခြင်းများနှင့် ကဗျာရေးပြိုင်ပွဲများအပါအဝင် တခြားသော ကိုယ်ရည်ကိုယ်သွေးတိုးတတ်စေရေးအစီအစဉ်များကိုကမ္ဘာ့ကျန်းမာရေးအထိမ်းအမှတ်နေ့များတွင် ပြုလုပ်ပေးလျှက်ရှိပါတယ်။ ဒါကတော့ ကျွန်မတို့ Clients တွေကိုယ်တိုင်ရေးစပ်သီကုံးထားကြတဲ့ ကဗျာများပဲဖြစ်ပါတယ်။
Every year, the International Drug Users Day campaign is held on 1 November. This year, AHRN and Best Shelter organized activities and health education sessions at a drop-in centre (DIC) in Kale Township, Sagaing Region.
The activities were led by the Area Coordinator, with support from field staff, including outreach workers (ORWs). A total of 20 participants, including people who use drugs (PWUD), people who inject drugs (PWID), sex workers (SW), and their partners. Participants actively took part in question-and-answer (Q&A) discussions and health education sessions on drug-related harms and harm reduction strategies.
Through these sessions, participants gained valuable information about the importance of accessing healthcare and harm reduction services. The activities also provided an opportunity to promote understanding, address stigma and discrimination, and encourage a supportive and inclusive environment for people who use drugs. Following the sessions, refreshments, including food and drinks, were provided to participants in appreciation of their active participation.
AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့တို့သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ နားခိုရာဆေးခန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးသုံးစွဲသူများနေ့ အသိပညာပေးလှုပ်ရှားမှုများကိုကျင်းပပြုလုပ်ခဲ့ပါသည်။
နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးသုံးစွဲသူများနေ့ အသိပညာပေးလှုပ်ရှားမှုများကို ကျင်းပပြုလုပ်လေ့ရှိပါသည်။ AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့တို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် အသိပညာပေးလှုပ်ရှားမှု များနှင့် ကျန်းမာရေးပညာပေးအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါလှုပ်ရှားမှုများကို ဧရိယာတာဝန်ခံနှင့် ကွင်းဆင်းဝန်ထမ်းတို့မှ ဦးဆောင်ခဲ့ပြီး မူးယစ်ဆေး သုံးစွဲသူများ (PWUD)၊ မူးယစ်ဆေးကိုအကြောတွင်းထိုးသွင်းသုံးစွဲသူများ (PWID)၊ လိင်လုပ်သားများ
(SW) နှင့် ၎င်းတို့၏ လက်တွဲဖော်များအပါအဝင် စုစုပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသူများသည် ဉာဏ်စမ်းမေးခွန်းများဖြေဆိုသည့် အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးသုံးစွဲခြင်းနှင့် ဆက်နွယ်သောအန္တရာယ်များ၊ အန္တရာယ်လျော့ပါးရေး နည်းလမ်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကိုလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစီအစဉ်များမှတစ်ဆင့် တက်ရောက်လာသူများသည် မူးယစ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်သော အန္တရာယ်များ၊ လျှော့ချရေးနည်းလမ်းများနှင့် ဝန်ဆောင်မှုရယူရန် အရေးကြီးသည့် သတင်းအချက်အလက်များစတဲ့ အသိပညာများပိုမိုတိုးပွားစေခဲ့ပါသည်။ ထို့အပြင် မူးယစ်ဆေး သုံးစွဲသူများအပေါ် ခွဲခြားဆက်ဆံမှုများကိုလျော့ကျစေရန်၊ အပြန်အလှန်နားလည်လက်ခံမှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော ပတ်ဝန်းကျင်တစ်ရပ်ဖော်ဆောင်ရန်လည်း အထောက်အကူ ပြုခဲ့ပါသည်။ အစီအစဉ်များအပြီးတွင် တက်ကြွစွာပါဝင်ပေးခဲ့ကြသည့် တက်ရောက်သူများအား အစားအသောက်နှင့် အအေးများကိုလည်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
AHRN and Best Shelter organized a methadone clients’ meeting at the methadone clinic in Waingmaw Township, Kachin State, on May 25, 2026. The meeting aimed to provide an opportunity for methadone clients to share their experiences and learn from one another.
The event was coordinated by the Treatment Facilitator, and a total of 52 methadone clients attended. During the meeting, the Treatment Facilitator delivered educational sessions related to methadone treatment.
In addition, Daw Nan Htaw, a Methadone Nurse, provided awareness on methadone treatment rules and regulations, as well as the benefits and potential side effects of methadone.
Following the educational sessions, lunch snacks were distributed to all participants who attended the meeting.
Treatment Facilitator, and MMT Nurse are conducting the HE session on MMT at MMT clinic on May 25, 2026
Treatment Facilitator, and MMT Nurse are conducting the HE session on MMT at MMT clinic on May 25, 2026.
AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်) အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ မက်သာဒုန်းဆေးခန်း၌ မက်သာဒုန်းသောက်သုံးသူများအချင်းချင်း အတွေ့အကြုံများဖလှယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မက်သာဒုန်းသောက်သုံးနေသူများ အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ကုသမှုဆိုင်ရာပံ့ပိုးသူမှ စီစဉ်ခဲ့ပြီး စုစုပေါင်း (၅၂) ယောက် တက်ရောက်ခဲ့ပါသည်။ ကုသမှုဆိုင်ရာပံ့ပိုးသူမှ မက်သာဒုန်းနှင့်သက်ဆိုင်သော ပညာပေး အစီအစဉ်များကိုပြုလုပ်ခဲ့ပြီး ဒေါ်နန်းထောင် မက်သာဒုန်းသူနာပြုမှ မက်သာဒုန်းသောက်ရန် စည်းမျဉ်းစည်းကမ်းများ၊ မက်သာဒုန်းကုသခြင်း၏ ကောင်းကျိုးနှင့် သေချာမသောက်သုံးပါက ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများနှင့်သက်ဆိုင်သော ပညာပေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့ပါသည်။ ဒါ့အပြင် အစည်းအဝေးကို တက်ရောက်ခဲ့ကြသူများအား အစီအစဉ်များအပြီးတွင် နေ့လည်စာမုန့်များ ဝေငှပေးခဲ့ပါသည်။