Best Shelter organized “Support. Don’t Punish.” campaign for the International Day against Drug Abuse and Illicit Trafficking. 

10

Jul
2024

Every year, the “Support, Don’t Punish” campaign is conducted on 26th June. This year, AHRN and Best Shelter participated by organizing activities and health education sessions at drop-in centers (DIC) in various project areas in Kachin State and Sagain Division.

These events were led by project managers at each site. Participants included people who use drugs (PWUD), people who inject drugs (PWID), Sex workers (SW), and their partners. They engaged actively in Q&A sessions and educational sessions covering topics such as HIV, ART, methadone maintenance therapy (MMT), safer drug use and safer injection practice.

By providing information on these activities and HE sessions to our clients (PWID, PWUD, and SW), we are taking significant steps toward building a healthier, more knowledgeable community. Additionally, engaging activities such as quizzes, and providing lunch boxes created a supportive environment where everyone could participate and learn without discrimination.

‘’ကူညီပါ၊အပြစ်မပေးပါနှင့်’’ လှုပ်ရှားမှုကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်) အဖွဲ့တို့၏ စီမံချက်များတည်ရှိရာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ဒေသများရှိ နားခိုရာ ဆေးခန်းများတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းဖြင့် “ကူညီပါ၊အပြစ်မပေးပါနှင့်” လှုပ်ရှားမှုအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားများကို စီမံချက်ဒေသများရှိ သက်ဆိုင်ရာစီမံချက်မန်နေဂျာများမှ ဦးဆောင်ကျင်းပခဲ့ကြပြီး မူးယစ်ဆေးသုံးစွဲသူများ၊ မူးယစ်ဆေးအကြောသွင်းထိုးသွင်းသုံးစွဲသူများ၊လိင်အလုပ်သမားများနှင့် ၄င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တက်ရောက်လာသူများမှ HIV ရောဂါ ကာကွယ်တားဆီးခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ ART ဆေးအသိပညာပေးဟောပြောပွဲများ၊ မက်သာဒုန်းအစားထိုးကုသမှု အသိပညာပေးဟောပြောခြင်းအစီအစဉ်များစသည့် ဟောပြောပွဲများအပြင် ကျန်းမာရေးအသိပညာပေး ဉာဏ်စမ်းမေးခွန်းများဖြေကြားခြင်းအစီအစဉ်များကို တက်ကြွစွာပါဝင်ခဲ့ကြပါသည်။

မူးယစ်ဆေးသုံးစွဲသူများ၊ လိင်အလုပ်သမားများနှင့် လူမှုအသိုင်းအဝိုင်းများကြားတွင် အထက်ပါအစီအစဉ်များနှင့် ကျန်းမာရေးအသိပညာပေးခြင်းများပြလုပ်ပေးခြင်းဖြင့်  ပိုမိုကျန်းမာပြီး သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်သော အသိုက်အဝန်းဆီသို့ သိသာထင်ရှားသောခြေလှမ်းတစ်ရပ်ကို လှမ်းလျက်ရှိပါသည်။ ထို့အပြင် ကျန်းမာရေးဉာဏ်စမ်းပဟေဠိမေးခွန်းများမေးခြင်းနှင့် နေ့လည်စာများပေးအပ်ခြင်း စသည့်အစီအစဉ်များကလည်း လူတိုင်းပါဝင်နိုင်သည့် ခွဲခြားဆက်ဆံမှုမရှိသော သင်ယူစရာပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးခဲ့ပါသည်။

ဗန်းမော်မြို့နယ်ရှိ နားခိုရာဆေးခန်းတွင် “ကူညီပါအပြစ်မပေးပါနှင့်” အထိမ်းအမှတ်နေ၌ ပညာပေးအစီအစဉ်များပြုလုပ်နေပုံ

အစီအစဉ်များအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြပုံ

ဝှေခါမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် “ကူညီပါအပြစ်မပေးပါနှင့်” လှုပ်ရှားမှု အမေးအဖြေအစီအစဉ်များပြုလုပ်နေပုံ

ပန်ဆန်းမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် “ကူညီပါအပြစ်မပေးပါနှင့်” လှုပ်ရှားမှု အမေးအဖြေအစီအစဉ်များပြုလုပ်နေပုံ

ကလေးမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် “ကူညီပါအပြစ်မပေးပါနှင့်” လှုပ်ရှားမှု အမေးအဖြေအစီအစဉ်များပြုလုပ်နေပုံ

ကလေးမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် “ကူညီပါအပြစ်မပေးပါနှင့်” လှုပ်ရှားမှု၌ ပညာပေးအစီအစဉ်များပြုလုပ်နေပုံ

ဝှေခါမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် “ကူညီပါအပြစ်မပေးပါနှင့်” ” လှုပ်ရှားမှု၌ ပညာပေးအစီအစဉ်များပြုလုပ်နေပုံ

အစီအစဉ်များအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြပုံ

အစီအစဉ်များအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြပုံ