Best Shelter mobile HTS team, consisting of an outreach worker, nurse counselor, case management officer, and treatment facilitator, visited hard-to-reach areas of Kalewa Township, such as Kyaung Gyi and Wai Pone villages, across the forests, ravines, and steam, using various transportation methods—by motorcycle and on foot—to provide HIV prevention and testing services and ART follow-up visit for PHA clients on June 15 and 16, 2024.
The event was attended by 68 individuals, including people who injected drugs (PWID), People who use drugs (PWUD), and their family members.
Best Shelter mobile team conducted harm reduction services, such as health education sessions on HIV, HIV testing, other Opportunistic Infections (OIs), distribution of prevention materials, and ART follow-up visits for 37 PHA clients. Besides, introducing to the available services of AHRN and Best Shelter.
The HIV testing services and health education session provided by the Best Shelter mobile team enhanced the community’s valuable information about HIV prevention, transmission, and treatment options. The early detection of HIV can improve health outcomes and reduce the spread of these diseases within the community.
Best Shelter (အရိပ်စစ်)အဖွဲ့၏ ကွင်းဆင်းဝန်ထမ်း၊ သူနာပြုနှစ်သိမ့်ဆွေးနွေးသူ၊ Case Management Officer နှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော နယ်လှည့်ကျန်းမာရေးနှင့် HIV သွေးစစ်ဆေးပေးရေးအဖွဲ့သည် ဆိုင်ကယ်တစ်တန်၊ ကုန်းကြောင်းတစ်တန်ဖြင့် သစ်တောများ၊ လျှိုမြောင်များ၊ ချောင်းများကိုဖြတ်၍ ကလေးဝမြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသောဒေသများဖြစ်သည့် ကျောင်းကြီးရွာနှင့်ဝေပုံရွာသို့ HIV ကာကွယ်ခြင်းနှင့် သွေးစစ်ဆေးပေးခြင်း ဝန်ဆောင်မှုများအပြင် ART ဆေးပုံမှန်သောက်သုံးစေရေးစသည့် ကျန်းမာရေးဝန်ဆောင်မှုများကို ဇွန်လ ၁၅ ရက် နှင့် ၁၆ ရက်နေ့များတွင် ပြုလုပ်ပေးခဲ့ပါသည်။ မူးယစ်ဆေးဝါးအကြောသွင်းထိုးသွင်းသုံးစွဲသူ (PWID)၊ မူးယစ်ဆေးသုံးစွဲသူများ (PWUD)နှင့် ၄င်းတို့၏ မိသားစုဝင်များအပါအဝင် စုစုပေါင်း ၆၈ ယောက် တက်ရောက်ခဲ့ကြပါသည်။
Best Shelter (အရိပ်စစ်) နယ်လှည့်ကျန်းမာရေးအဖွဲ့သည် ဝေးလံခေါင်ဖျားသည့်ဒေသမှာရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့သူတွေအတွက် အန္တရာယ်လျော့ပါးရေးကျန်းမာရေးဝန်ဆောင်မှုများဖြစ်သည့် ကျန်းမာရေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ HIV သွေးစစ်ဆေးပေးခြင်း၊ အခွင့်အရေးယူရောဂါများအကြောင်း၊ HIV ကာကွယ်တားဆီးရေးဆိုင်ရာ ပစ္စည်းများမျှဝေပေးခြင်းနှင့် ART ဆေးသောက်နေသူများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ ပါသည်။ ဒါ့အပြင် AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့တွင် ရယူနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။
HIV သွေးစစ်ဆေးခြင်းဝန်ဆောင်မှုများနှင့် ကျန်းမာရေးအသိပညာပေးအစီအစဉ်များသည် HIV ရောဂါကာကွယ်ခြင်း၊ ကူးစက်ခြင်းနှင့် ကုသခြင်းဆိုင်ရာဗဟုသုတများကို စောလျှင်စွာသိရှိစေနိုင်ပြီး လိုအပ်သောကုသမှုများကို အချိန်မှီ ရယူနိုင်ခြင်းဖြင့် ရပ်ရွာလူထုအတွင်း ကူးစက်မှုရောဂါပျံနှံခြင်းကို လျှော့ချနိုင်မည်ဖြစ်ပါသည်။