AHRN and Best Shelter mobile HIV testing services (HTS) team, consisting of the Nurse Counsellor, Female outreach Workers, provided primary healthcare service, HIV testing, STI screening, Hep-B screening and vaccination Hep-C testing and health education sessions on HIV/TB at a KTV in Seng-Taung village, Kachin State on August 4, 2024.
Twenty clients, including people who use drugs (PWUD) and sex workers, accessed HIV pre-test counselling and testing services, as well as cervical cancer screening. They also received Hepatitis B vaccinations and were introduced to available harm reduction services offered by AHRN and Best Shelter.
During the waiting period, a Female Outreach Worker conducted a health education session on HIV, TB and various contraceptive methods. She demonstrated the use of condoms, and IECs were distributed to the clients.
These testing services and health education sessions aim to empower individuals to make safer decisions regarding drug use in their daily lives and to prevent the spread of HIV and other sexually transmitted infections. Moreover, by fostering strong communication among community members and ensuring sustainable health interventions in underserved areas through active community participation, we can achieve lasting impacts.
AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့၏ သူနာပြုနှစ်သိမ့်ဆွေးနွေးသူ၊ ကွင်းဆင်းဝန်ထမ်းများ ပါဝင်သော ရွေ့လျား HIV စစ်ဆေးပေးရေးအဖွဲ့ (Mobile HTS team )သည် HIV ပိုးစစ်ဆေးပေးခြင်း၊ ကာလသားရောဂါပိုးစစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုးစစ်ဆေးပေးခြင်း၊ ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်း၊ HIV/TB ဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို သြဂုတ်လ ၄ ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ကချင်ပြည်နယ်၊ ဆိုင်းတောင်ကျေးရွာရှိ KTV တစ်ခုတွင် သွားရောက်ပြုလုပ်ပေးခဲ့ပါသည်။
မူးယစ်ဆေးသုံးစွဲသူများ (PWUD)၊ လိင်လုပ်သားများ (SW) များအပါအဝင် စုစုပေါင်း ၂၀ ယောက်ခန့် HIV သွေး စစ်ဆေးခဲ့ကြပြီး သားအိမ်ခေါင်းကင်ဆာစစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ (ဘီ)ပိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ပြီး AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့မှ ရရှိနိုင်သော အန္တရာယ်လျော့ပါးရေးဝန်ဆောင်မှုများကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။
သွေးစစ်ဆေးရန်စောင့်ဆိုင်းနေချိန်တွင် ကွင်းဆင်းဝန်ထမ်းမှ HIV နှင့် TB ရောဂါအကြောင်းပညာပေးခြင်းများ၊ ကိုယ်ဝန်ဆောင်၊ သန္ဓေတားနည်းအမျိုးမျိုးနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာများကို ဦးဆောင် ဆွေးနွေးပေးခဲ့ပါသည်။ ဒါ့အပြင် ကွန်ဒုံးအသုံးပြုပုံ သရုပ်ပြခြင်းများကိုလည်းပြုလုပ်ပေးပြီး ပညာပေးလက်ကမ်းစာစောင်များကိုလည်း ဝေငှပေးခဲ့ပါသည်။
အထက်ဖော်ပြပါ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပညာပေးအစီအစဉ်များသည် တက်ရောက်လာကြသူများ၏ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်လျှက်ရှိသော ၄င်းတို့နေ့စဉ်ဘဝအတွက် ပိုမိုလုံခြုံသောဆုံးဖြတ်မှုများချနိုင်ရန် ခွန်အားဖြစ်စေပြီး၊ လိင်မှတဆင့်ကူးစက်တတ်သောရောဂါများနှင့် HIV ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ပေးနိုင်ပါသည်။ ဒါ့အပြင် ရပ်ရွာနေလူထုများအကြားတွင် ခိုင်မာသောဆက်ဆံရေးများ တည်ဆောက်ထားခြင်းနှင့် မူးယစ်အန္တရာယ်လျော့ပါးရေးဝန်ဆောင်မှုများအား စဉ်ဆက်မပြတ်ရရှိနိုင်စေရန် လုပ်ဆောင်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် ခက်ခဲသောဒေသများတွင် လူထုပါဝင်မှု အားဖြင့် ရေရှည်တည်တံ့သော ကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။