post

AHRN – Waikhar clinic Opening

100868513_3053377064775395_421256653502734472_o

AHRN – ဝှေခါ (နားခိုရာ) ဆေးခန်း ဖွင့်လှစ်ဆောင်ရွက်ခြင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဝှေခါဒေသအတွင်းရှိ မူးယစ်ဆေးသုံးစွဲ သူများ၊ ၄င်းတို့မိသားစုဝင်များ၊ လိင်အလုပ်သမများ၊ လူငယ်များနှင့် ပြည် သူလူထုများတွင် မူးယစ်ဆေးစွဲနှင့်ဆက်နွယ်သော အန္တရာယ်လျော့ချရေး လုပ်ငန်းများအပါအဝင် ထိရောက်သော ကျန်းမာရေးဝန်ဆောင်မှုများ ပေး နိုင်ရန်ရည်ရွယ်၍ ၂၀၂၀ ခုနှစ်၊မေလ (၂၀) ရက်နေ့တွင် ဝှေခါကျေးရွာ၌ AHRN-နားခိုရာဆေးခန်း ဖွင့်လှစ်ခဲ့ပါသည်။ တစ်ကမ္ဘာလုံးတွင် ပြန့်နှံ့ဖြစ် ပွားလျက်ရှိသော ကိုဗစ်ကပ်ရောဂါသည် စိတ်ဝင်စားခံရမှု အမြင့်ဆုံးဖြစ် နေသည့်အချိန်တွင် အခြား တစ်ဖက်တွင်လျစ်လျူရှု၍မရသော အိပ်ချ် အိုင်ဗွီ၊ တီဘီရောဂါ၊ ဆေးလွန်မှု အစရှိသည့် ကျန်းမာရေးပြဿနာများ သည်လည်း အထိခိုက်လွယ်ဆုံး (Vulnerable) အုပ်စုဖြစ်သည့် မူးယစ် ဆေးသုံးစွဲသူများ၊ လိင်အလုပ်သမများ၊ ၄င်းတို့ မိသားစုဝင်များ၊ လူငယ် များတွင် အများဆုံးဖြစ်နေပါသည်။ အလိုအပ်ဆုံးသောလူများထံသို့ လို အပ်သော ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီရရှိစေနိုင်ရန် ရည်ရွယ် ချက်ဖြင့်ဆေးခန်းဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။AHRN – ဝှေခါ နားခိုရာဆေးခန်း ကို Access To Health Fund ရံပုံငွေအဖွဲ့မှ ပံ့ပိုးကူညီ ပါသည်။

AHRN – Hwaykhar clinic Opening

We are happy to announce that the AHRN – Hwaykhar clinic opened on 20th May 2020 to provide comprehensive harm reduction services as well as primary health care to people who use drugs, their partners, sex workers, youth, and the community members in the Hwaykhar-Hpakant township. Currently, the COVID-19, as pandemic rightly so receive a lot of attention worldwide, however, now more than ever it is critical to respond to health problems such as HIV, TB, drug overdose among the people who use drugs and their partners, sex workers and youth. The clinic is opened to ensure that those most vulnerable populations have access to most needed prevention, treatment, and care services.AHRN- Hwaykhar project is funded by Access to Health Fund.

post

2019 World AIDS Day

Communities Make The Difference.

Our DIC and clinics hold events to show our support for the World AIDS Day, 1st December. We celebrated events which included giving Health education, experience sharing by clients and gaming sections.

At the same time, some of our AHRN staff attended the events which hold in the local hospital and school with the good collaboration efforts.

#WolrdAIDSDay
#AHRN

post

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ နှင့် AHRN တို့ပူးပေါင်းပြီး မက်သာဒုန်းဆေးအစားထိုးကုသမှုလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့်ဖွင့်ပွဲ အခန်းအနားကျင်းပ


===================================

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် AHRN တို့ပူးပေါင်းဆောင်ရွက်သော မက်သာဒုန်းဆေးအစားထိုးကုသမှုလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့်ဖွင့်ပွဲအခမ်းအနားကို ဝှေခါကျေးရွာ၊အုပ်ချူပ်ရေးမှူးရုံး၌ အောက်တိုဘာလ၂၈ ရက်နေ့၊နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင်ဖားကန့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသိန်းမြင့်ဝေမှအဖွင့်မိန့်ခွန်းနှင့်တကွမူးယစ်ဆေးဝါးသုံးစွဲသူများအတွက်မက်သာဒုန်းဆေးအစားထိုးကုသမှုလုပ်ငန်းသည် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် AHRN ၏ ပူးပေါင်းဆောင်ရွက်မှူကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ထို့နောက်AHRNစီမံချက်မန်နေဂျာဒေါက်တာနေမင်းထက်မှ မက်သာဒုန်းတိုက်ကျွေးခြင်း လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက်ဝှေခါတိုက်နယ်ဆေးရုံတွင် မက်သာဒုန်းဆေးခန်းကို ဖားကန့်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြင့်ဝေ၊ ဝှေခါကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်မင်း၊ တိုက်နယ်ဆရာဝန် ဒေါက်တာဇိမ်ညိမ်းဝင်းတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။အခမ်းအနားကိုသက်ဆိုင်ရာအကြီးအကဲများ၊မူးယစ်ဆေးစွဲလူနာများ၊ရပ်ရွာခေါင်းဆောင်များ၊ရပ်မိရပ်ဖများစသဖြင့်လူဦးရေ၅၀ခန့်တက်ရောက်ခဲ့ကြသည်။
Access to Health Fund ရန်ပုံငွေမှငွေကြေးထောက်ပံ့သည်။

Advocacy Meeting and Opening Ceremony of Methadone Maintenance Therapy Clinic in Waikha Village, Hpakant Township
A joint coordinated efforts between Ministry of Health and Sports (MoHS) and AHRN
===================================

Under the leadership of the Ministry of Health and Sports (MoHS), the advocacy meeting and opening ceremony of Methadone Maintenance Therapy Clinic was held on 28th October 2019 at the Administration office of Waikha village, Hpakant Township.
Dr.Thein Myint Wai, Township Medical Officer-Hpakant, gave the opening speech and explained about the importance of Methadone Maintenance Therapy (MMT) to confront drug dependence. He also appreciated the collaboration effort between the MoHS and AHRN.
Dr.Nay Min Htet, Project Manager of AHRN Seng Taung explained about the MMT activities in Waikha, and the importance of Harm Reduction and the care of for People Who Use Drugs in Hpakant Township.
The esteemed authorities, Dr.Thein Myint Wai (TMO), Dr.Zein Nyein Win (SMO) and U Kyaw Min (Waikha Administration office officially opened the MMT Clinic. More than 50 participants attended the ceremony, including Government officials (MoHS, Administration Department etc), community leaders, CBOs and People Who Use Drugs of Waikha Village, Hpakant Township.
This activity is funded under Access to Health Fund.
Enrolment of patients started straight after the meeting to great relieve of many waiting for this critical treatment option.