Overdose prevention awareness activities were organized at AHRN and Best Shelter project sites on International Overdose Day.

10

Sep
2024

AHRN and Best Shelter Drop-in Center organized activities on International Overdose Awareness Day that effectively promoted overdose prevention in various project areas across Sagaing Division. Led by project managers and outreach workers, these events aimed to raise awareness and build a healthier community. Participants included people who inject drugs (PWID), people who use drugs (PWUD), sex workers (SW), and community members.

 

The sessions focused on overdose prevention, risk factors, and emergency responses, with interactive elements like gaming programs and quizzes to engage participants. Critical information, such as recognizing overdose signs, prevention techniques, and available support services, was shared. Additionally, participants were provided with pamphlets and refreshments, and quiz winners were awarded prizes.

By providing our clients with vital information on these activities, we can reduce overdose-related risks and fatalities while promoting prevention. Increased awareness of overdose prevention strategies and emergency responses equips individuals to save lives through first aid practices and empowers them to protect both themselves and their communities.

 

AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်) အဖွဲ့တို့သည်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးလွန်ခြင်းအသိပညာပေးနေ့တွင် စီမံချက်များတည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးရှိ နားခိုရာဆေးခန်းများတွင် မူးယစ်ဆေးလွန်ခြင်း အသိပညာပေးအစီအစဉ် များအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအသိပညာပေးအစီအစဉ်များအား သက်ဆိုင်ရာစီမံချက်မန်နေဂျာများနှင့် ကွင်းဆင်းဝန်ထမ်းများမှ ဦးဆောင်၍ မူးယစ်ဆေးလွန်ခြင်းအန္တရာယ်လျော့ပါးရေးနှင့်  ပိုမိုကျန်းမာသောပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြုလုပ် ခဲ့ပါသည်။ မူးယစ်ဆေးအကြောသွင်းထိုးသွင်းသုံးစွဲသူများ၊ မူးယစ်ဆေးသုံးစွဲသူများ၊ လိင်လုပ်သားများနှင့် ရပ်ရွာလူထုများပါဝင် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အသိပညာပေးအစီအစဉ်တွင် မူးယစ်ဆေးလွန်ခြင်းအန္တရာယ် ကာကွယ်နိုင်ရန်ပညာပေးအစီအစဉ်များ၊ ဆေးလွန်ခြင်း အန္တရာယ်ဖြစ်စေနိုင်သည့်အကြောင်းအရင်းများနှင့် အရေးပေါ်တုံ့ပြန်မှုများ၏အရေးပါမှုများကို အသိပညာပေးဆွေးနွေး ခဲ့ကြပါသည်။ တက်ရောက်လာသူများ၏ပါဝင်မှုဖြင့် ဂိမ်းအစီအစဉ်များကျင်းပပြုလုပ်ကာ အဓိကသတင်းအချက်အလက်များ ဖြစ်သော မူးယစ်ဆေးလွန်ခြင်းလက္ခဏာများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် မူးယစ်ဆေးလွန်ခြင်းဆိုင်ရာအထောက်အပံ့များ ရရှိနိုင်သောနေရာများ စသည့်သတင်းအချက်အလက်များကို မျှဝေပေးခဲ့ပါသည်။ ထို့ပြင် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များပေးဝေကာ အကျွေးအမွေးများဖြင့်ဧည့်ခံခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါအစီအစဉ်များတွင် တက်ရောက်လာကြသူများအား မူးယစ်ဆေးလွန်ခြင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတများကို မျှဝေ ပေးခြင်းဖြင့် မူးယစ်ဆေးလွန်ခြင်းအန္တရာယ်ကိုလျှော့ချနိုင်ပြီး မူးယစ်ဆေးလွန်ခြင်းအန္တရာယ်နဲ့သက်ဆိုင်သော ဗဟုသုတများ မြင့်တက်စေခြင်း၊ ကာကွယ်ရေးဆိုင်ရာ အသိပညာများမြင့်တက်စေခြင်း၊ ‌‌အရေးအပေါ်တုံ့ပြန်မှုများဆိုင်ရာ အလေ့အကျင့် များမှတဆင့်  ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏လူမှုအသိုင်းအဝိုင်းကို ဆေးလွန်ခြင်းအန္တရာယ်မှကာကွယ်နိုင်မှာပဲ ဖြစ်ပါသည်။

Aung Aung Zaw, ORW is providing HE on Overdose at Mawlaik Drop-in Center on International Overdose Day

Playing Games with clients and their partners at Mawlaik Drop-in Center

Answering Overdose Related Quiz by Clients at Mawlaik Drop-in Center

The clients are receiving the gifts at Mawlaik Drop-in Center

Refreshments to Clients at Mawlaik Drop-in Center

John, ORW is providing HE on Overdose at Kalay Drop-in Center on International Overdose Day.

Performing First Aid Practice at Kalay Drop-in Center

Yan Naing Min, ORW is providing HE on Overdose at Naung Po Aung Drop-in Center on International Overdose Day.

Gaming activities at Naung Po Aung Drop-in Center

Answering Overdose Related Quiz by Clients at Naung Po Aung Drop-in Center

Refreshments to Clients at Mawlaik Drop-in Center