“ AHRN – Myanmar ၁၅နှစ်ပြည့်ဓာတ်ပုံပြိုင်ပွဲ ” – ဆုရရှိသူများ

17

Oct
2018

Asian Harm Reduction Network (AHRN) – Myanmar သည် မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှစတင်ပြီး မူးယစ်ဆေးသုံးစွဲသူများနှင့် ပြည်သူလူထုကြားမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောဘေးအန္တရာယ်များ လျော့ပါးရေးအတွက် ကူးစက်ရောဂါများကာကွယ်ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို အကျိုးအမြတ်မယူပဲဆောင်ရွက်လာခဲ့သည်မှာ ၂၀၁၈ ခုနှစ်တွင် ၁၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ပါသည်။

ထို့ကြောင့် AHRN ဧ။် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ” ပြင်ဆင်ခွင့်ပေးပါ ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ပေါင်း ၅၅ယောက်ထံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၂၀၆ ပုံ လက်ခံရရှိခဲ့ပါသည်။ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်ရွေးချယ်ခြင်းကို အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး နှင့် AHRN-Myanmar မှ Program Coordinator(Outreach) ဦးသီဟလင်း တို့က ဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဆု – ဦးဆွေထွန်း (ခ) တီတီး
ဒုတိယဆု – ကျော်ဆန်းလင်း
တတိယဆု – ကျော်သူရ ကောင်းကင်ပြာ (ခ) ကိုကျော်သူ
နှစ်သိမ့်ဆု (၁) – ၀င်းဇော်ဦး (မင်းဘူး)
နှစ်သိမ့်ဆု (၂) – မျိုးကိုကိုအောင်
နှစ်သိမ့်ဆု (၃) – မင်းဇာနည်ဇော်

ထို့အပြင် Finalist အဖြစ်ရွေးချယ်ခြင်းခံထားရသော ဓာတ်ပုံ ၂၉ ပုံမှ “Like” အများဆုံးရှိသည့်ပုံကို “Popular Award” ဆုအဖြစ်ရွေးချယ်ရာ ဆုရရှိသူမှာ အောက်ပါအတိုင်းဖြစ်သည်။

Popular Award – ကျော်နိုင်လင်း(လရိပ်ပြာ)

ဆုရရှိသူများအားလုံးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ရန်ကုန်မြို့ Rose Garden Hotel ၌ ကျင်းပမည့် AHRN-Myanmar ၁၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားပြီး ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ Finalist ရွေးချယ်ခြင်းခံရသူအားလုံးထံသို့လည်း ပြိုင်ပွဲ အထိမ်းအမှတ် Diary & Planner နှင့် အမှတ်တရပစ္စည်းများ ပေးပို့ပေးမည်ဖြစ်ပါသည်။

AHRN ဧ။် ဓာတ်ပုံပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်အားလုံးနှင့် ဓာတ်ပုံပြိုင်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း နှင့် ဒုဥက္ကဌ ဦးအောင်မျိုး တို့အား AHRN – Myanmar မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ။