AHRN တာမခံ ရုံးခွဲ နှင့် တာမခံ ရဲစခန်းတို့ ပူးပေါင်းရ်ျ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြောပွဲ ကျင်းပ

22

Jul
2019



နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ လမ်းညွန်ချက်နှင့်အညီ မူးယစ်အန္တရာယ်ပညာပေးဟောပြောပွဲကို ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအထက်တန်းကျောင်းခွဲတွင် တာမခံ AHRN နှင့် တာမခံရဲစခန်းတို့ ပူပေါင်းပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဟောပြောပွဲသို့ တာမခံရဲစခန်းမှ စခန်းမှုး ဗိုလ်မှုးမြင့်သိန်းထွန်း ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ မှ ဗိုလ်မှုး ၀င်းနိုင်၊ ဟောင်ပါးကျေးရွာ ရပ်မိရပ်ဖများနှင့် တာမခံ AHRN ရုံးခွဲမှ စီမံကိန်း မန်နေဂျာ ဒေါက်တာဟိန်းသူအောင်တို့ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် တာမခံရဲစခန်းမှ စခန်းမှုး ဗိုလ်မှုးမြင့်သိန်းထွန်း မှ သက်ငယ်မုဒိမ်းမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တာမခံ AHRN မှ ဒေါက်တာဟိန်းသူအောင် မှ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို လည်းကောင်း ဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူ များက သိလိုသည်များကို မေးမြန်းကြရာ တာမခံ AHRN မှ ဒေါက်တာဟိန်းသူအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထိုနောက် ကျောင်းအုပ်ကြီးမှ ဟောပြောပွဲနှင့်ပက်သက်ရ်ျ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

In accordance with guidance of the president U Win Myint, a seminar for drug advocacy was held at B.E.H.S from Houng Par Village, Hpakant township in July 10 with the good collaboration efforts between Police Task Forces and AHRN from Tar ma Hkhan.

At the seminar, the Police Major. Myint Thein Tun spoke on the topics of child sexual abuse and road traffic rules. AHRN Project Manager, Dr. Hein Thu Aung spoke about youth and dangers of drug use.

After the speeches, the questions raised were answered and the Head Master shared the word of appreciation.