ရပ်မိရပ်ဖများအား အသိပညာပေးဆွေးနွေးပွဲ ဗန်းမော်မြို့။

22

Jul
2019

AHRN မှ ဆောင်ရွက်လျက်ရှိသော HIV/AIDS ရောဂါကာကွယ်/ကုသရေး၊ မူးယစ်ဆေးဝါးအန္တရာယ် လျော့ချရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍် ရပ်မိရပ်ဖများအား အသိပညာပေးဆွေးနွေးပွဲ ဗန်းမော်မြို့။
——————————————————————–

   

 

AHRN မှ ဆောင်ရွက်လျက်ရှိသော HIV/AIDS ရောဂါကာကွယ်/ကုသရေး၊ မူးယစ်ဆေးဝါးအန္တရာယ် လျော့ချရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍် ရပ်မိရပ်ဖများအား အသိပညာပေးဆွေးနွေးပွဲ တစ်ရပ်ကို ယခု ဇူလိုင်လ ၁၃ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ တွင် ကျင်းပခဲ့ရာ ဗန်းမော်ခရိုင်မူးယစ်အထူးတပ်ဖွဲ့မှ ရဲမှုးကြီးဆိုင်းနန်၊ ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး (ခရိုင်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး) ဒေါက်တာမင်းဇော်အေး၊ ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နှင်းရေး) ဒေါက်တာ နီလာမောင် နှင့် ညောင်ပင်ရပ်ကွက်၊ ကရင်ကုန်းအုပ်စုမှ ရပ်မိရပ်ဖများ၊ အခြားမိတ်ဖက်အဖွဲ့ အစည်းမှ ဖိတ်ကြားထားသူများ၊ AHRN Bamaw ရုံးမှ ၀န်ထမ်းများ၊ AHRN Bamaw ရုံး စီမံချက်မန်နေဂျာ ဒေါက်တာ မင်းသန့်ထွန်း နှင့် ရန်ကုန်ရုံးချုပ်မှ မသဇင်သန်းနိုင်တို့ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်မူးယစ်အထူးတပ်ဖွဲ့၊ ရဲမှုးကြီး ဆိုင်းနန် မှ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးဥပဒေများ နိုင်ငံတော်မှချမှတ်ထားသောမူဝါဒများအကြောင်း နှင့် လက်ထောက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နှင်းရေး) ဒေါက်တာ နီလာမောင်မှ HIV/AIDS ရောဂါကာကွယ်တားဆီးရေး အသိပညာများ၊ မြန်မာနိုင်ငံ/ကချင်ပြည်နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိေ ရာဂါဖြစ်ပွါးမှုအခြေအနေများကို သုံးသပ်ပြောကြားအသိပညာပေးခဲ့ ပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များ သည် မူးယစ်ဆေးဝါးသုံးစွဲသူများအကြား HIV/AIDS ရောဂါကာကွယ် တားဆီးရေးအတွက်မဖြစ်မနေ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အဖြစ် နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှမူဝါဒရေးဆွဲ၍ စီမံကိန်းများ ချမှတ်အကောင် အထည်ဖော်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားသွားပါသည်။

ထို့နောက်တွင် AHRN Bamaw ရုံး၊ စီမံချက်မန်နေဂျာ ဒေါက်တာ မင်းသန့်ထွန်းမှ AHRN အကြောင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချခြင်းနှင့် ပက်သက်သည့်အကြောင်းအရာများ၊ လုပ်ငန်းစဉ်များနှင့် AHRN ဗန်းမော်ရုံးအနေဖြင့် ဗန်းမော်မြို့ရှိ ပြည်သူများ အား မည်သို့မည်ပုံ အကျိုးပြုနေသည့်အကြောင်းအရာများကို ရပ်မိရပ်ဖများသိစေရန် ရှင်းလင်း တင်ပြခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင် ရပ်ရွာမှသြဇာရှိရပ်မိရပ်ဖများ၊ ခရစ်ယာန်အမျိုးသမီးအသင်းတော် အာဏာပိုင် မှ ကိုယ်စားလှယ်များက ရပ်ရွာအကျိုးနှင့် စပ်လျဉ်း ၍ AHRN ၏ လုပ်ငန်းစဉ် များအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ထိုမေးမြန်းချက်များနှင့် စပ်လျဉ်း၍ AHRN ဗန်းမော်ရုံးမှ စီမံချက် မန်နေဂျာ ဒေါက်တာမင်းသန့်ထွန်း နှင့် ရန်ကုန်ရုံးချုပ်မှ ဒေါ်သဇင်သန်းနိုင်တို့မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

ရဲမှုးကြီးမှလည်း ယခုလို ရှင်းလင်းတင်ပြချက်များအပေါ် ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့ ရပ်ရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ချက်များကို များစွာပြုလုပ်သင့်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။