“Virtual training on Counseling”

02

Jul
2020
Counseling သင်တန်းကျင်းပခြင်း
******************************
ဇွန်လ ၂၅ ရက် နှင့် ၂၆ ရက် နေ့များတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း မှ AHRN ဝန်ထမ်းများဖြစ်ကြသော Counseling Officers, Counselors and nurse-counselors များကို စိတ်ကျန်း မာရေးဆိုင်ရာ အခြေခံ ဗဟုသုတ နှင့် ပတ်သက်သော Counseling သင်တန်းကို Microsoft Team Application အသုံးပြုပြီး အွန်လိုင်းမှ ကျင်းပခဲ့သည်။အဆိုပါသင်တန်းသို့ AHRN ဝန်ထမ်းများဖြစ်ကြသော Counseling Officers, Counselors and Nurse-counselors စုစုပေါင်း (၃၇)ယောက် တက်ရောက်ခဲ့သည်။ မသဇင်သန်းနိုင် Program Coordinator (Counseling) မှ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့် ရှောက်မှု Psychological First Aid (PFA)၊ ၀မ်းနည်းပူဆွေးမှု ဖြစ်စဥ်၊ နာတာရှည်ရောဂါသည်များအတွက် ဆေးကုသမှုတွင် အထူးအလေးထား ဂရုပြုပံ့ပိုးသင့်သော အချိန်များ၊ Harms of Amphetamine Type Stimulants၊ စိတ်ကျန်းမာရေးဆိုင်ရာ အခြေခံ ဗဟုသုတ၊ Psychoeducation ဆိုတာဘာလဲ၊ စိတ်ကျရောဂါခံစားနေရသောသူ၊ မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်သူတို့အား counselor တွေအနေနှင့် မည်သို့စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များပေးမည်နည်း စသော အကြောင်းအရာများကို သင်ကြားပို့ချခဲ့ပါသည်။AHRN ဝန်ထမ်းများသည် ဤသင်တန်းမှ သင်ယူလေ့လာခဲ့သည်များကို ၎င်းတို့နေထိုင်ရာ ဒေသများ ရှိ ပြည်သူလူထုများ ၊မူးယစ်ဆေး သုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင် များအား အသိ ပညာမျှဝေခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါသင်တန်းအား Access To Health Fund (AHF) and Global Fund ရံပုံငွေအဖွဲ့မှ ပံ့ပိုးကူညီ ပါသည်။
 
“Virtual training on Counseling”
*********************************
A lively, well attended virtual training ‘Basic Knowledge of Mental Health and Supportive Counseling’, was conducted on 25th and 26th June 2020 for AHRN Counseling Officers, Counselors and Nurse-Counselors from Kachin State, Shan State and Sagaing Region. The 37 of AHRN Counseling Officers, Counselors and Nurse-Counselors proactively participated in this 2-day Virtual Counseling training.
Thazin Than Naing – Program Coordinator (Counseling) has provided training on psychological first aid (PFA), grief process, critical moments for chronic patients, harm (reduction) of amphetamine type stimulants, basic knowledge of Mental Health, what is psychoeducation and psychological interventions and supportive counseling.
AHRN staff will apply the gained knowledge and skills while providing counseling to community members, people who use drugs (PWID) and their family members.
This Training is funded by Access to Health Fund and Global Fund.