31
Aug
2023
In Activities
အပြည်ပြည်ဆိုင်ရာ ဆေးလွန်ခြင်းအသိပညာပေးနေ့တွင် AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်) အဖွဲ့တို့၏ နားခိုရာဆေးခန်းများ၌ မူးယစ်ဆေးလွန်ခြင်းအန္တရာယ်ကင်းဝေးစေရေး ပညာပေးအစီအစဉ်များအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ဆေးလွန်ခြင်းအသိပညာပေးနေ့တွင် မူးယစ်ဆေးလွန်ခြင်းအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးအစီအစဉ်များအား မူးယစ်ဆေးအကြောတွင်းထိုးသွင်းသုံးစွဲသူများ၊ မူးယစ်ဆေးသုံးစွဲသူများ၊ အမျိုးသမီးလိင်အလုပ်သမားများနှင့် ရပ်ရွာလူထုများ၏ ပူးပေါင်းပါဝင်မှုဖြင့် AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်) အဖွဲ့တို့၏ နားခိုရာဆေးခန်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေးအစီအစဉ်များအား သက်ဆိုင်ရာစီမံချက်မန်နေဂျာများနှင့် ကွင်းဆင်းဝန်ထမ်းများမှဦးဆောင်၍ မူးယစ်ဆေးလွန်ခြင်း အန္တရာယ်လျော့ပါးရေးနှင့် ပိုမိုကျန်းမာသောပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးအစီအစဉ်များတွင် မူးယစ်ဆေးလွန်ခြင်းအန္တရာယ်ကာကွယ်ခြင်း၊ ဆေးလွန်ခြင်း