Today, December 1, is the International World AIDS Day.

01

Dec
2020
ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့ကနှစ်စဉ် ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ဖြစ်ပါတယ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ၏ လမ်းညွှန်မှုဖြင့် တာမခံနားခိုရာ (AHRN)နှင့် တာမခံ ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ World AIDS Day အထိမ်းအမှတ် HIV ပိုးနှင့် ပတ်သတ်သောအသိပညာပေးခြင်း COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမှုပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Face Mask Campaign) mask များပေးဝေခြင်းကိုဆောင်ရွက်လျက်ရှိပါသည်။
COVID-19 ရောဂါ ဒေသတွင်းကူးစက်မှုလျော့နည်းစေရေးအတွက် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ပြည်သူလူထုအနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ဈေးများအပါအဝင် လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင် ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေခြင်း၊ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမှုအကျင့်ကောင်းများကို လက်ကိုင် အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့
Global solidarity, shared responsibility
“အားလုံးညီညွတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့” ပဲဖြစ်ပါတယ်။
#WorldAIDSday 2020
Today, December 1, is the International World AIDS Day.
Under the guidance of Ministry of Health and Sports; AHRN in collaboration with Red Cross hold the World AIDS Day HIV / AIDS Awareness Raising Campaign along with (COVID-19) Health Awareness Campaign which is (Face Mask Campaign).
In order to reduce the spread of the COVID-19 disease in the region, drug users and the public should practice preventive measures in public places, including markets. Activities involve free distribution of face masks to the public in high-risk areas for COVID-19 infection; Health education on COVID-19 disease prevention practices through handheld pamphlets and dissemination of information leaflets.
The theme for this year is
Global solidarity, shared responsibility