Implementation of Harm Reduction Boat in Mawlaik

29

Sep
2020

မော်လိုက်မြို့တွင် AHRN မှ အန္တရာယ်လျော့ပါးရေး ရေယာဉ် ဖြင့် ဝန်ဆောင်မှုပေးခြင်း
************************************************************************

၂၀၂၀ ခုနှစ်ဇူလိုင်လမှစ၍ မော်လိုက်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏မိသားစုဝင်များအား အန္တရာယ်လျှော့ချရေးအစီအစဉ်အတွက် AHRN – မော်လိုက်ရုံးမှ အန္တရာယ်လျှော့ချရေးရေယာဉ်စတင် ပြေးဆွဲခဲ့ပါသည်။
AHRN – မော်လိုက်၏ အန္တရာယ်လျှော့ရေး ရေယာဉ်သည် မော်လိုက်မြို့ တွင်လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများ၊ မြို့နယ်များရှိ မူးယစ်ဆေးဝါးနှင့် ၎င်းတို့၏မိသားစုဝင်များ၊ လိင်ဆက် ဆံဖော်များ၊ လူငယ်များနှင့် ပြည်သူလူထုများကို ကွင်းဆင်းဝန်ဆောင်မှု များ ပေးခြင်း၊ HIV ပိုးသွေးစစ်ပေးခြင်းနှင့် ART ဆေးရရှိစေရန် ကျန်းမာ ရေးဌာနများ နှင့် ချိတ်ဆက်ပေးခြင်း၊ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ များအား သန့်ရှင်းသောဆေးထိုးအပ်/ပြွန်များ လုံလောက်စွာဝေငှခြင်း၊ ပြန်လည် သိမ်းဆည်းခြင်း၊ အခြေခံကျန်းမာရေး‌ ဝန်ဆောင်မှုများပေးခြင်း စသည့်ဝန် ဆောင်မှုများပေးလျက်ရှိပါသည်။ ယခုအခါ အန္တရာယ်လျှော့ချရေး ရေယာဉ်သည် မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် စုန်ဆန်၍သွားလာရန်ခက်ခဲသော ကျေးရွာပေါင်း(၂၀)ကျော်ကို သွားရောက်၍ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါ သည်။ AHRN – မော်လိုက်ကို Global Fund က အဓိကငွေကြေး ထောက်ပံ့ပေးထားခြင်းဖြစ်ပါသည်။

Implementation of Harm Reduction Boat in Mawlaik
******************************************************
From July 2020, AHRN – Mawlaik is running a Harm Reduction Boat for drug users their family members in Mawlaik who live at the riverside banks and beyond.
The Harm Reduction Boat is reaching villages across Mawlaik Township, providing outreach field services, HIV test and ART referral services to respective health care centers, providing enough clean NS to injecting drug users and retrieving NS and giving primary health care services.
Currently the Harm Reduction Boat has been providing health care services to over 20 villages hard to reach areas along the Chin Dwin River.
AHRN – Mawlaik project is funded by Global Fund