Exciting Annual AHRN Leadership Meeting!

12

Dec
2020
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ AHRN ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
AHRN ရဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို AHRN ရဲ့ စီမံကိန်းအသီးသီးမှ စီမန်ကိန်း မန်နေဂျာများ၊ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူးများ နှင့် ရန်ကုန်ရုံးချုပ်မှ စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များဖြင့် စုစုပေါင်း ဝန်ထမ်း ၆၀ ကျော်ခန့်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးပွဲကို အွန်လိုင်းမှတဆင့်ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်မှ အတွေ့ကြုံများ စိန်ခေါ်မှုများ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့နှစ်များအတွက် စီမံချက်များရေးဆွဲအကောင်ထည်ဖော်ခြင်းနှင့် အောင်မြင်မှုများအတွက် ချီးကျူးဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ်ဟာ အမှတ်တရနှစ် တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဟာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ဆိုးရွားစေခဲ့ပါတယ်။ ထိုဆိုးရွားမှုတွေကြားကပင် AHRN ဟာ ပြည်သူ့အသက်ကယ် အန္တရာယ်လျော့ချခြင်း လုပ်ငန်းများကို မူးယစ်ဆေးသုံးစွဲသူများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် ရပ်ရွာနေပြည်သူပေါင်း ၆၀,၀၀၀ ကျော်ခန့်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
AHRN အနေဖြင့် လာမည့်နှစ်များအတွက် ဝန်ဆောင်မှုများကို ဆက်လက်ပေး သွားမှာဖြစ်တဲ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် Buprenorphine and Pre-exposure Prophylaxis ဝန်ဆောင်မှုကို AHRN ၏ အချို့စီမံချက်ဒေသများတွင်စတင်စမ်းသပ် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်၊
ထို့ပြင် ၂၀၂၁ မှာလည်း AHRN ရဲ့ မိတ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ Best Shelter အဖွဲ့နှင့်အတူတကွ ရပ်ရွာပြည်သူအတွက် မူးယစ်‌ဆေးဝါးအန္တရာယ် လျော့ချခြင်းလုပ်ငန်း နှင့် ဝန်ဆောင်မှုရယူရန် ညွှန်းပို့ခြင်းများကို ကချင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် မြို့ပေါ်နှင့်သွားလာရခက်ခဲသော ဒေသများပါမကျန် တိုးချဲ့ဝန်ဆောင်မှုပေးရန် ရည်သန်လျက်ရှိပါတယ်။
ကျွန်တော်တို့၏ ဝန်ဆောင်မှုရယူနေသော မူးယစ်ဆေးသုံးစွဲသူများ ၎င်းတို့၏ မိသားစုဝင်များနှင့် ရပ်ရွာနေပြည်သူများကို စိတ်စေတနာဖြူစင်စွာနှင့် ဝန်ဆောင်မှုပေးခဲ့ကြသော ပြည်နယ်တိုင်းဒေသကြီးအသီးသီးမှ စီမံချက်ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ❤ ❤ ❤
 
#MOHS #NAP #DDTRU #GFATM #UHF #USAID #AHF #UNAIDS #MHF #GiZ
 
Today the combined AHRN leadership – over 60 Project Managers and Medical Coordinators and the Yangon Central Management – gathered virtually to reflect on, discuss and learn from last year work and challenges, to strategize on upcoming planning, as well as to celebrate our many achievements.
2020 was and is a memorable year, while COVID-19 disrupted daily life in Myanmar and caused deep societal hardship, #AHRN was able to uphold her life-saving community harm reduction work, serving close to 60.000 clients, loved-ones and their communities.
AHRN was able to secure next year’s resources not only to maintain its critical services, but also introduce exciting new interventions under the guidance of the #MoHS, next year we will pilot Buprenorphine and Pre-exposure Prophylaxis as part of our comprehensive harm reduction cascade in selected project sites.
Also in 2021 we will together with our local partner Best Shelter expand our community prevention and referral activities in remote rural Kachin, Sagain and Shan.
Compliments and Big Thank You All Project Teams for your dedication, your kind and professional service to our clients and local communities! ❤ ❤ ❤