ART နှင့် TB ဆေးသောက်နေသူများ သိရှိရန်

24

Mar
2020
လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ အရ AHRN – Myanmar ၏ နားခိုရာ ဆေးခန်းများမှ ART ဆေးနှင့် တီဘီဆေး ထုတ်ယူနေသူများသည် ဆေးထုတ်ယူရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ပါ၍ AHRN – Myanmar ၏ နားခိုရာ ဆေးခန်းများတွင် ART ဆေး နှင့် တီဘီဆေး ထုတ်ယူသောက်သုံးလျက်ရှိသော လူနာများ အနေဖြင့် ဆေးဝါး ပြတ်လပ်မှု မရှိစေရေးအတွက် ARHN – Myanmar မှ စီမံ ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအချိန်မှစ၍ ART ဆေးနှင့် တီဘီဆေး သောက်သုံးနေသော လူနာများအနေဖြင့် သိလျှင်သိချင်း မိမိတို့ သက်ဆိုင်ရာ ဆေးခန်းများသို့ ဆက်သွယ်၍ ART ဆေးနှင့် တီဘီဆေး ရယူနိုင်ရန် ပန်ကြားအပ်ပါသည်။ သို့ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ဆေးခန်းသို့ မသွားမီ သက်ဆိုင်ရာ ဆေးခန်း ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင် ချိန်းဆို ဆက်သွယ်ကြပါရန် ပန်ကြားအပ်ပါသည်။ AHRN တွင် ဖုန်းနံပါတ်ပေးထားသူများကို ဖုန်းဖြင့်ဆက်သွယ်ပေးလျက်ရှိပြီး ဝန်ထမ်းများမှလဲ အိမ်တိုင်ရာရောက် ART ဆေးနှင့် တီဘီဆေးများကို လိုက်လံပို့ဆောင်ပေးနေပါသည်။
အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါကလည်း သက်ဆိုင်ရာ ဆေးခန်းဖုန်းနံပါတ်သို့ ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဖားကန့် – ၀၉၂၅၀၀၉၆၅၆၁
လုံးခင်း – ၀၉၇၇၆၃၈၄၃၈၄
ဆိုင်းတောင် – ၀၉၄၇၀၀၁၅၅၂
ဆိုင်းတောင် (အမျိုးသမီး) – ၀၉၄၀၀၀၃၁၃၂၆
တာမခန် – ၀၉၄၅၈၅၆၈၄၁၄
ရွှေကူ – ၀၉၄၅၅၄၃၃၆၀၅
ဗန်းမော် – ၀၉၄၂၆၉၅၆၃၀၀
ဝိုင်းမော် – ၀၉၄၇၀၀၄၁၉၂
ဆယ်ဇင်း – ၀၉၄၇၀၁၁၆၃၀
ကလေး – ၀၉၂၆၀၄၆၄၉၇၂
တမူး – ၀၉၂၆၄၀၁၉၄၉၉
အင်းတော် – ၀၉၇၇၆၉၄၄၀၀၂
လားရှိုး – ၀၈၂-၂၂၀၃၉၀၇
‌လောက်ကိုင် – ၀၈၂-၇၂၀၄၉၊ ၀၉၇၇၄၃၆၆၀၄၂၊ ၀၉၆၉၁၅၉၇၀၄၃
နောင်ပိုအောင် – ၀၉၈၉၆၉၃၂၅၃၀
မိုင်းမော – ၁၈၄၆၉၄၃၆၁၅၀