Advocacy Meeting at Ayemyartharyar Quarter office, Hpakant

10

Jul
2020
ဖားကန့်မြို့ အေးမြသာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ကျင်းပ
*********************************************************************
ဖားကန့် AHRN အဖွဲ့မှ အေးမြသာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာခေါင်းဆောင်များ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၁၅ဦးခန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၂၆ရက် ၂၀၂ဝခုနှစ်၌ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ စီမံချက်မန်နေဂျာ ဒေါက်တာ ထက်မြက် အောင် နှင့် အဖွဲ့သည် AHRN နားခိုရာ/ဆေးခန်း ၏ လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲ သူများအကြား အန္တရာယ်လျော့ကျရေး လုပ်ငန်း၏ သဘောတရားများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ရပ်ရွာတာဝန်ရှိ သူများမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး မက်သာဒုံးဆေး အစားထိုး တိုက်ကျွေးခြင်းနှင့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများကို ဆေးထိုး အပ် အသစ်ဝေခြင်း အဟောင်းပြန်လည်သိမ်းဆည်းခြင်း အစီအစဉ်များရဲ့ ကောင်းကျိုးများ၊ ပြည်သူများကြား ပျံနှံ့နေသော အယူအဆအလွဲများကို သက်သေများနှင့်တကွ ရှင်းလင်း ခဲ့ပါသည်။ ထို့ပြင် “ကူညီပါ အပြစ်မပေးပါနဲ့” လှုပ်ရှားမှုအကြောင်းကို အသိပညာဖြန့်ဝေခဲ့ပြီး ကူညီပါအပြစ်မပေးပါနဲ့ စာသားပါ လက်ချုပ် နှာခေါင်းစည်းများကို ဝေမျှပေးခဲ့ပါသည်။
 
Advocacy Meeting at Ayemyartharyar Quarter office, Hpakant
****************************************************************
AHRN-Hpakant team met with 15 local authorities including Head of Quarter, Village leaders and Village elders at Ayemyatharyar Quarter office on 26th June 2020. Project Manager Dr. Htet Myet aung and his team explained about AHRN activities and harm reduction concepts. Local authorities actively participated and mainly discussed about misbelief and myths of Methadone Maintenance Therapy and Needle Syringe Program with evidence-based reports. AHRN Hpakant team also informed about ‘SUPPORT DON’T PUNISH’ Campaign and shared SDP logo imprinted face masks.