Advocacy Meeting and Opening Ceremony of Drop-in-Center in Mawlaik Township

15

Jul
2020
[English Below]
AHRN – မော်လိုက် (နားခိုရာ) ဆေးခန်းဖွင့်လှစ်ခြင်းနှင့် အသိပေးဆွေး နွေးပွဲအခမ်းအနားကျင်းပခြင်း
***********************************************************
ဇူလိုင်လ ၁ရက်နေ့ ၂၀၂၀ခုနှစ်တွင် AHRN- မော်လိုက် (နားခိုရာ) ဆေးခန်း စတင်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏ လိင်ဆက်ဆံဖော်များ၊ လိင်လုပ်သားများ၊ လူငယ်များနှင့် ပြည်သူလူထု များကို မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးနှင့် အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းဝန်ဆောင်မှုများ စတင်ဆောင် ရွက်ပေးနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာသတင်းစကားပါး လိုက်ပါရစေ။ ယခုအချိန်အခါတွင် COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာဝှမ်းလုံး တွင်ဖြစ်ပွားလျက်ရှိပြီး အာရုံစိုက်မှုအများအပြားရလျက်ရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏လိင်ဆက်ဆံဖော်များ၊ လိင်လုပ် သားများနှင့် လူငယ်များကြားတွင် HIV ရောဂါ၊ TB ရောဂါ၊ ဆေးလွန်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်းတုံ့ပြန်ဖြေရှင်းရန် အလွန်အရေးကြီးလှပါသည်။ နားခိုရာဆေးခန်းသည် ဤသို့ထိခိုက်လွယ် သော သူများအတွက် လိုအပ်သောကျန်းမာရေးဆိုင်ရာကာကွယ်ရေးများ၊ ကုသခြင်းများ၊ စောင့်ရှောက်ခြင်းများစသည့် ဝန်ဆောင်မှုများ အပြည့်အဝ ရရှိရန်စီစဉ်ဆောင်ရွက်ထားပါသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ (ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ ဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့ရုံး စသည့်) နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် အန္တရာယ်လျော့ပါး ရေးဆိုင်ရာအောင်မြင်မှု၊ စိန်ခေါ်မှုများကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းများစသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
AHRN – မော်လိုက် စီမံကိန်းကို Global Fund ရန်ပုံငွေအဖွဲ့မှထောက်ပံ့ပါသည်။
 
Advocacy Meeting and Opening Ceremony of Drop-in-Center in Mawlaik Township
**************************************************************************
We are happy to announce that AHRN – Mawlaik Clinic and DIC opened on 1st July, 2020 to provide comprehensive harm reduction services, as well as primary health care to people who use drug, their partners, sex workers, youth and the community members in Mawlaik Township. Currently, COVID-19, as pandemic rightly so receive a lot of attention worldwide, however, now more than ever it is critical to respond to the health problems such as HIV, TB, drug overdose among the people who use drugs and their partners, sex workers and youth, The clinic opened to ensure that those most vulnerable populations have access to most needed prevention, treatment and case services.
The ceremony was attended by Members of Parliament ( Upper, lower and Regional), Government officials (MoHS, Administrative Department, District Police department, etc) and community leaders and elders, a panel discussion reflected on drugs and health consequences, the harms, how best confront the challenges and the evidence-base of successful harm reduction.
AHRN – Mawlaik Project is funded by Global Fund.