2020 Lashio Awareness raising activity on OD(OverDose) day

ဩဂုတ်လ ၃၁ ရက် လားရှိုးရုံးခွဲတွင် Best Shelter အဖွဲ့ဝင်များနှင့် နဲ့အတူလှုပ်ရှားမှုတစ်ခုကို ကျွန်ုပ်တို့ကျင်းပခဲ့ပါတယ်။ ဒီနေ့မှာ မူးယစ်ဆေးလွန်ခြင်းကြောင့် အသက်ဆုံးရှုံး ခဲ့ရတဲ့သူတွေကို အောက့်မေ့လျက် မူးယစ်ဆေးလွန်ခြင်းကြောင့် မိမိရဲ့ ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနှင့် လုပ်ဖော်ကိုင်ဖက်တွေကို ဆုံးရှုံးခဲ့ကြရသူတွေနဲ့အတူ လွမ်းဆွတ်တမ်းတသတိရကြမှာ ဖြစ်ပါတယ်။ ထို့ အတူ မူးယစ်ဆေးလွန်ခြင်းဟာ “သေစေလောက်သည့် ဖြစ်ရပ်မဟုတ်ပါဘူး” လို့ ကျနော်တို့ ပြောပြချင်ပါတယ်။ မူးယစ်ဆေးလွန်ခြင်း
မဖြစ်အောင်ကာကွယ်လို့ရပြီးဆေးလွန်သူရဲ့ အသက်ကို ကယ်တင် လို့ရပါတယ်။ အသက် တစ်ချောင်း မဆုံးရှုံးဖို့ သူတို့ကို ဆေးလွန်နေတဲ့အတိုင်း ပစ်မထားလိုက်ပါနဲ့။
 
2020 Lashio Awareness raising activity on OD(OverDose) day
“31 Aug, We OD awareness activities were held with clients and staff of Best Shelter in Lashio. On this day, we grieve over those who lost their lives from overdose and mourn with those who lost their loved ones, members of family, friends, and colleagues. We use this day to communicate to all that overdose can be prevented and managed, no one has to die from an overdose. “Don’t leave them to die!”