အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့ (AHRN-Myanmar) ၁၅ နှစ်ပြည့် အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ

17

Oct
2018

အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးအဖွဲ့ (AHRN-Myanmar) ၁၅ နှစ်ပြည့် အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဇွန်လ (၁၆၊ ၁၇) ရက်နေ့များတွင် ဖားကန့်ရှိ ဆန်းကြွယ်ဖူဆယ်ကွင်းတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲ၏ရည်ရွယ်ချက်များမှာ AHRN (၁၅) နှစ်ပြည့် အထိမ်းအမှတ်အား အမှတ်တရဖြစ်စေရန်နှင့် ကချင်ပြည်နယ် မြို့နယ် (၅) မြို့နယ်ရှိ စီမံချက်များမှ ဝန်ထမ်းများအားလုံး ရင်းရင်းနှီးနှီး ပျော်ရွှင်စွာတွေ့ဆုံကြရန်ဖြစ်ပါသည်။ ပွဲစဉ်တလျှောက်အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ရပြီး ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံလုံးခင်းအသင်းအား ဆိုင်းတောင်အသင်းမှ အနိုင်ရရှိပြီးနောက် ချန်ပီယံဆုအား ရယူသွားနိုင်ခဲ့ပါသည်။