လွန်ခဲ့သော ဒီဇင်ဘာလ ၃၀ ရက်နေ့…………..

03

Jan
2020

လွန်ခဲ့သော ဒီဇင်ဘာလ ၃၀ ရက်နေ့ (30.12.2019)က ကချင်ပြည်နယ် ဗန်းမော်မြို့ ပေါက်ကုန်း ရပ်ကွက်၊ ဂူကျောင်းအောက်ချိုင့်ရှိ၊ ကိုင်းကွင်းကြီးအတွင်း အသုံးပြုပြီးသား ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများကို စည်းကမ်းမဲ့ စွန့်ပစ်ထားကြောင်း မိမိတို့ AHRN ဗန်းမော်ရုံးသို့ အကြောင်းကြားလာသဖြင့် ဗန်းမော်ရုံးခွဲမှ ကွင်းဆင်းဝန်ထမ်းများမှ ချက်ချင်းသွားရောက်၍ အပ်များကို စနစ်တကျ ရှင်းလင်းသိမ်းဆည်းခဲ့ပါသည်။

နောက်နောင်တွင်လည်း ယခုကဲ့သို့ အပ်များစွန့်ပစ်ထားသည်ကို တွေ့ရှိပါကအကြောင်းကြားပေးပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။