ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဖြစ်ပါတယ်။………………

13

May
2020

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဖြစ်ပါတယ်။ ဖလောရင့်နိုင်တင်ဂေးရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အဖြစ်သတ်မှတ်ပြီး နိုင်ငံတကာမှာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။ AHRN မှလည်း သူနာပြုများ အားလုံးကို အသိအမှတ်ပြုပြီး လက်ခုပ်သံများဖြင့် ဂုဏ်ပြုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ သွားလာရ ခက်ခဲဆုံးသော နယ်စွန်နယ်ဖျား ပဋိပက္ခ အဖြစ်များသော နေရာဒေသများတွင် သူတို့၏ အချိန်များကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျွန်တော်တို့ရဲ့ သူနာပြု များကို ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။

သူတို့၏ ကတိကဝတ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နှင့် ဇွဲလုံ့လ တို့ကြောင့် AHRN ၏လုပ်ငန်းစဉ်များ အောင်မြင်စေရုံသာမက ၅၄,၀၀၀ သော ဝန်ဆောင်မှုရယူနေသူများကိုလဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။

AHRN မှ သင်တို့လို လုပ်ဖော်ကိုင်ဖက်ရှိနေသည့်အတွက် အမြဲဂုဏ်ယူဝမ်းမြောက်လျက်ရှိပါတယ်။

***************************************************************************

Today is the International Nurses Day, celebrated around the world every May 12, the anniversary of Florence Nightingale’s birth.

AHRN recognize and applaud all nurses, but especially ‘our’ nurses, working in these extraordinay times in Myanmar’s most hard-to-reach remote rural conflict areas.

Their kind commitment, professionalism and perseverance makes the work of AHRN and the care of our 54000 clients not only possible, it makes it succesful!

All at AHRN are proud to have you as colleagues!