ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ် ရမည့်အချက်များကို တစ်ပုံချင်းဆီတွင် လေ့လာမှတ်သားနိုင်ပါသည်။ ပါးစပ်နှင့် နှာခေါင်းစည်းကို မှားယွင်းစွာ ဝတ်ဆင်ခြင်းသည် အန္တရာယ်ပိုများစေပါသည်။
![ပါးစပ်နှင့် နှာခေါင်းစည်းမတပ်ဆင်မီ လက်ကို ရေ+ဆပ်ပြာ (သို့) လက်သန့်စင်ဆေးဖြင့် စနစ်တကျ ဆေးပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/1.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းကို မေးစေ့တွင် ဆွဲချထားခြင်းမပြုပါနှင့်။ ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားစဉ် တစ်ချိန်လုံး နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ထားပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/2.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းကို မတပ်ဆင်ဘဲ နားရွက်တွင် ချိတ်ထားခြင်း မပြုရ။ ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားစဉ် တစ်ချိန်လုံး နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ထားပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/3.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းအတွင်းမှ နှာခေါင်း (သို့) ပါးစပ်ကို ဖော်၍ တပ်ဆင်ခြင်း မပြုရ။ ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားစဉ် တစ်ချိန်လုံး နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ထားပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/4.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းကို အဖြူရောင်အပြင်ဘက်ထုတ်၍ ပြောင်းပြန်တပ်ဆင်ခြင်းမပြုရ။ ပါးစပ်နှင့် နှာခေါင်းစည်း၏ အစိမ်းရောင် မျက်နှာပြင်ကို အပြင်ဘက်တွင်ထား၍ နှားခေါင်း၊ ပါးစပ်တို့ကို လုံခြုံအောင် တပ်ဆင်ပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/5.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းကို လက်ဖြင့် မကြာခဏ ကိုင်တွယ်ခြင်း မပြုရ။](https://ahrnmyanmar.org/wp-content/uploads/2020/05/6.jpg)
![နားရွက်သိုင်းကြိုးကို လိမ်၍ တပ်ဆင်ခြင်းမပြုပါနှင့်။ ဘေးဘက်တွင် မျက်နှာနှင့် နှာခေါင်းစည်းကြား ဟနေတတ်သည်။ နားရွက်သိုင်းကြိုးကို နားရွက်တွင် စနစ်တကျ ချိတ်ပါ။ ကြိုးရှည်နေလျှင် ထုံးပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/7.jpg)
![အသုံးပြုပြီးသား ပါးစပ်နှင့် နှာခေါင်းစည်းကို တွေ့ရာနေရာတွင် မစွန့်ပစ်ပါနှင့်။ အသုံးပြုပြီးသား ပါးစပ်နှင့် နှာခေါင်းစည်းကို ကြိုးမှကိုင်၍ ဖြုတ်လျှင် အမှိုက်ပုံးအတွင်း စွန့်ပစ်ပါ။ ပြီးလျှင် လက်ကို ဆပ်ပြာဖြင့် ဆေးပါ။](https://ahrnmyanmar.org/wp-content/uploads/2020/05/8.jpg)
![N95 ပါးစပ်နှင့် နှာခေါင်းစည်းကို မေးစေ့တွင် ဆွဲချထားခြင်းမပြုရ။ N95 ပါးစပ်နှင့် နှာခေါင်းစည်းကို နှာခေါင်း၊ ပါးစပ်တို့ကို အုပ်၍ မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်အောင် တပ်ဆင်ရမည်။](https://ahrnmyanmar.org/wp-content/uploads/2020/05/9.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းများကို ၂ ထပ် တပ်ဆင်ခြင်း မပြုလုပ်ရ။ N95 (သို့) အခြား ပါးစပ်နှင့် နှာခေါင်းစည်းများကို မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်အောင် တစ်ထပ်တည်းသာ တပ်ဆင်ရမည်။](https://ahrnmyanmar.org/wp-content/uploads/2020/05/10.jpg)
![ပါးစပ်နှင့် နှာခေါင်းစည်းကို လက်ဖြင့် မကြာခဏ ကိုင်တွယ်ခြင်း မပြုရ။](https://ahrnmyanmar.org/wp-content/uploads/2020/05/11.jpg)
By AHRN IT — In Activities, slider — 13/05/2020
ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ် ရမည့်အချက်များကို တစ်ပုံချင်းဆီတွင် လေ့လာမှတ်သားနိုင်ပါသည်။ ပါးစပ်နှင့် နှာခေါင်းစည်းကို မှားယွင်းစွာ ဝတ်ဆင်ခြင်းသည် အန္တရာယ်ပိုများစေပါသည်။