Women’s health for women who use drugs (WUD) training was organized by Best Shelter on July 17–18, 2023, at Best Shelter head office.

18

Jul
2023

Best Shelter organized Women’s Health for Women Who Use Drugs (WUD) training on July 17–18, 2023, at Best Shelter head office for CSOs and co-implementation partners. Ma Thinzar Tun, director of Best Shelter, led the training, focusing on the methodology of providing the health education session on the field level. Ma Thazin, Deputy Director of Best Shelter, conducted women’s health training while reducing the double stigma and discrimination for women who use drugs. and Wai Yan, Communication Officer, conducted the communication training, including methodology to create visual communication aids. Besides, Dr. Aye Chan Saint, Sexual and reproductive health (SRHR) manager, shared knowledge on SRHR, family planning, and safe sex services. Twenty-eight participants, including CSOs and implementers, actively attended. The Q&A session and discussion programs were included to ensure the participants clear understanding of various focused topics. Moreover, practical and participatory learning methods were offered to the participants to help them learn effectively. This training is proudly led by Best Shelter, with financial support from AIS.

Best Shelter (အရိပ်စစ်)အဖွဲ့သည် မူးယစ်‌ဆေးသုံးစွဲသူအမျိုးသမီးများအတွက် အမျိုးသမီးဆိုင်ရာကျန်းမာရေး အသိပညာပေးသင်တန်းကို လူထုအခြေပြုအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားဖိတ်ကြား၍ Best Shelter (အရိပ်စစ်) အဖွဲ့ရုံးချုပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား Best Shelter (အရိပ်စစ်)အဖွဲ့မှ ဒါရိုက်တာ မသဉ္ဇာထွန်းဦးဆောင်၍ စီမံကိန်းဒေသများတွင် ကွင်းဆင်းကျန်းမာရေးအသိပညာပေး သင်တန်းပို့ချသည့်နည်းစနစ်များကို အဓိကထားသင်ကြားပေးခဲ့ပါသည်။ Best Shelter (အရိပ်စစ်)အဖွဲ့မှ လက်ထောက်ဒါရိုက်တာ မသဇင်မှ မူးယစ်ဆေးဝါးသုံးစွဲသော အမျိုးသမီးများအပေါ် အပြစ်တင်ပြောဆိုမှုများနှင့် ခွဲခြားဆက်ဆံမှုများလျော့ပါးစေရန်ရည်ရွယ်၍ အမျိုးသမီးကျန်းမာရေးဆိုင်ရာသင်တန်းများ ပို့ချပေးခဲ့ပါသည်။ ထို့နောက် AHRN (နားခိုရာ)အဖွဲ့၏ ပြည်သူ့ဆက်ဆံရေးအရာရှိ ဦးဝေယံမှ အမြင်အာရုံဆက်သွယ်ရေးဆိုင်ရာ (Visual communication) သတင်းအချက်အလက်များဖန်တီးရန်အတွက် နည်းစနစ်ကျနမှုများဆိုင်ရာ ဆက်သွယ်ရေးသင်တန်း (Communication Training) ကိုပို့ချပေးခဲ့ပါသည်။ ဒါ့အပြင် ‌ဒေါက်တာအေးချမ်းစိမ့် (SRHR Manager) မှ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများ၊ သားဆက်ခြားခြင်းဆိုင်ရာအသိပညာများနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံခြင်းဆိုင်ရာအသိပညာများကို မျှဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းအား စုစုပေါင်းသင်တန်းသူ/ သား ၂၈ ယောက် တတ်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော သင်တန်းသား/သူများမှ ဆွေးနွေးပို့ချခဲ့ကြသော ဘာသာရပ်များကိုရှင်းလင်းစွာ နားလည်သ‌ဘောပေါက်စေရန် အမေးအဖြေကဏ္ဍများနှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းခဲ့ပါသည်။ သင်တန်းသားများကိုယ်တိုင် လက်တွေ့ပါဝင် လုပ်ဆောင်စေခြင်းအားဖြင့် ထိရောက်သောသင်ယူမှုတစ်ခုဖြစ်စေခဲ့ပါသည်။  ဤသင်တန်းကို AIS မှ ငွေကြေးပံ့ပိုးမှုဖြင့် Best Shelter (အရိပ်စစ်) အဖွဲ့မှ ဂုဏ်ယူစွာကျင်းပပြုလုပ်ခဲ့ပါသည်။