TOT training on Drugs, Dependency and Stigma was organized by Best Shelter on July 13–14, 2023.

14

Jul
2023

Best Shelter organized a TOT training on Drugs, Dependency, and Stigma for CSOs and other implementation partners on July 13–14, 2023. Our consultant Willy De Maere and Director of Best Shelter – Ma Thinzar, provided knowledge on different kinds of drugs and their effects, drug dependency, drug-related harm reduction services and stigma and discrimination faced by the people who use drugs, especially women who use drugs to CSOs and implementation partners. Twenty-two participants, including CSOs and implementers, are actively attended. The discussion program and practical learning opportunity are offered to the participants for their clear understanding of focused topics. Moreover, training assessments were also conducted to track, and measure increasement of knowledge on Drugs, Dependency and Stigma of participants. This training is led by Best Shelter with the financial support from the United Nations Office on Drugs and Crime (UNODC).

Best Shelter (အရိပ်စစ်) အဖွဲ့သည် လူထုအခြေပြုအဖွဲ့အစည်းများ နှင့် မိတ်ဖက်အဖွဲ့အစည်းများအား ဖိတ်ကြား၍ မူးယစ်ဆေးဝါးများအကြောင်း၊ ၎င်းတို့အပေါ်စွဲလမ်းမှီခိုနေရခြင်း နှင့် မူးယစ်ဆေးသုံးစွဲသူများအပေါ် အဆိုးမြင်မှုလျော့ပါးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၂) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါသင်တန်းကို Mr. Willy De Maere အတိုင်ပင်ခံ (Consultant)  နှင့် မသဥ္ဇာထွန်း ဒါရိုက်တာ Best Shelter (အရိပ်စစ်)အဖွဲ့တို့မှ ဦးဆောင်၍ စိတ်ကျဆေးနှင့် စိတ်ကြွဆေးများ၊ ၄င်းတို့၏ အာနိသင်များ၊ မူးယစ်ဆေးများအပေါ်စွဲလမ်းမှီခိုနေရခြင်း နှင့် မူးယစ်အန္တရာယ်လျော့ပါးရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့်သက်ဆိုင်သော အသိပညာများ၊  မူးယစ်ဆေးသုံးစွဲသူများ အထူးသဖြင့် အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများရင်ဆိုင်နေရသော အဆိုးမြင်ခံရခြင်းများနှင့် ခွဲခြားဆက်ဆံမှုများ ဆိုင်ရာပညာပေးသင်တန်းများအား တတ်ရောက်လာသော လူထုအခြေပြုအဖွဲ့အစည်းများ (CSOs)နှင့် မိတ်ဖက်အဖွဲ့အစည်းများကို သင်တန်းပို့ချခဲ့ပါသည်။ စုစုပေါင်း သင်တန်းသား/သူ ၂၂ ယောက်ပါဝင်တတ်‌ရောက်ခဲ့ကြပါသည်။ အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်များ နှင့်လက်တွေ့သင်ယူခြင်း စသည့် သင်ထောက်ကူအစီအစဉ်များအား တတ်‌ရောက်လာသော သင်တန်းသားများ နားလည်မှုစွမ်းရည်မြင့်မားစေရန် ထည့်သွင်းအသုံးပြုခဲ့ပါသည်။ သင်တန်းသားများ၏ သင်ယူတတ်မြောက်မှု အခြေအနေကို နားလည်သိရှိနိုင်ရန်   အကြိုစစ်ဆေးခြင်း နှင့် သင်ယူမှုအပြီး အကဲဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား United Nations Office on Drugs and Crime (UNODC) မှကူညီပံပိုးပေးပြီး Best Shelter (အရိပ်စစ်)အဖွဲ့မှ ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။