A female client meeting was organized with the participation of WUD (women who use drugs), FSW (female sex workers), and community members at Seng Taung village, Hpakant Township, Kachin State, on May 10, 2024. The purpose was to raise awareness about SRHR (sexual and reproductive health and rights), regular screening to prevent cervical cancer, and various contraceptive methods among the targeted beneficiaries and community members.
A total of 18 female clients, including members of the neighboring community, attended the meeting. Ingine Khaing, an outreach worker from the Best Shelter team, conducted the health education session on SRHR, regular screening to prevent cervical cancer, and various kinds of contraceptives.
After the session, a Q&A and discussion took place among the conductor and clients to exchange experiences. Ingine Khaing provided clear answers to participants’ questions about contraceptive methods. After all the educational sessions, refreshments, food, and soft drinks were shared with the participants as an expression of appreciation for their active participation.
Best Shelter (အရိပ်စစ်)အဖွဲ့၏ အမျိုးသမီးများတွေ့ဆုံပွဲကို အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများ (WUD)၊ အမျိုးသမီးလိင်လုပ်သား (FSW) များနှင့် ရပ်ရွာလူထုတို့၏ပူးပေါင်းပါဝင်မှုဖြင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာမျိုးဆက်ပွားကျန်းမာရေးအသိပညာများ၊ သားအိမ်ခေါင်းကင်ဆာကိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဗဟုသုတများ၊ ကိုယ်ဝန်ဆောင်၊ သန္ဓေတားနည်းအမျိုးမျိုးအကြောင်းအရာများကို ရပ်ရွာလူထုများအကြား ကျန်းမာရေးအသိပညာများတိုးပွားစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ရပ်ရွာလူထု၊ အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများနှင့် အမျိုးသမီးလိင်လုပ်သားများ အပါအဝင် စုစုပေါင်း ၁၈ ယောက် တက်ကြွစွာပါဝင်တက်ရောက်ခဲ့ကြပါသည်။ Best Shelter (အရိပ်စစ်) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်း အင်ကြင်းခိုင်မှ လိင်ပိုင်းဆိုင်ရာမျိုးဆက်ပွားကျန်းမာရေးတွက် သိသင့်သိထိုက်သော ကျန်းမာရေးဗဟုသုတုများ၊ သားအိမ်ခေါင်းကင်ဆာကိုကာကွယ်ရန်အတွက် ပုံမှန်စစ်ဆေးရမည့်အချက်အလက် များနှင့် ကိုယ်ဝန်ဆောင်၊ သန္ဓေတားနည်းအမျိုးမျိုးနဲ့ပတ်သက်သော ကျန်းမာရေးအသိပညာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် ဦးဆောင်ဆွေးနွေးသူမှ တက်ရောက်လာသူများ မေးမြန်းသည့် ကိုယ်ဝန်ဆောင်၊ သန္ဓေတားနည်းအမျိုးမျိုးနှင့်ပတ်သက်သောမေးခွန်းများကို ရှင်းလင်းဖြေကြား ပေးခဲ့ပြီး တက်ရောက်လာသူများကို အစားအသောက်များ၊ အချိုရည်များနှင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။