On June 7, 2024, the Best Shelter mobile HTS team, consisting of Kyaw Ye and Hanny San (outreach workers), Nyein Si Thar (nurse counselor), and peer workers, traveled to Tha Pyay Kone village, Bhamo Township, Kachin Division. Using various transportation methods—motorcycle, boat, and on foot—the team reached this hard-to-access area. The purpose of prevention materials, HIV pre-test counseling and testing, and information on the available services of AHRN and Best Shelter.
The harm reduction services, such as health education sessions on HIV and TB, distribution of prevention materials, and HIV testing, were conducted for clients including people who use drugs (PWUD), people who inject drugs (PWID), and their family members. By distributing preventive materials and conducting health education sessions, the team empowered individuals with the knowledge necessary to protect themselves and others from HIV and TB. The event was attended by 10 clients, including PWUD, PWID, and their family members. These populations often face barriers.
Best Shelter (အရိပ်စစ်)အဖွဲ့၏ ကွင်းဆင်းဝန်ထမ်း ကိုကျော်ရဲ၊ မဟန်နီစံ၊ သူနာပြုနှစ်သိမ့်ဆွေးနွေးသူ မငြိမ်းစီသာနှင့် ဘဝတူကျန်းမာရေးလုပ်သားများပါဝင်သော ရွေ့လျား HIV သွေးစစ်ဆေးပေးရေးအဖွဲ့သည် ဆိုင်ကယ်တစ်တန်၊ လှေတစ်တန်၊ ကုန်းကြောင်းတစ်တန်ဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသော ဒေသဖြစ်သည့် သပြေကုန်းကျေးရွာသို့သွားရောက်၍ HIV ပိုးမစစ်ဆေးခင် အကြိုဆွေးနွေးခြင်း၊ HIV သွေးစစ်ဆေးပေးခြင်း စသည့် ကျန်းမာရေးဝန်ဆောင်မှုများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ် ပေးခဲ့ပါသည်။
အန္တရာယ်လျော့ပါးရေးဝန်ဆောင်မှုများတွင်ပါဝင်သော HIV နှင့် TB ရောဂါများဆိုင်ရာ ကျန်းမာရေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ HIV ပိုးမစစ်ဆေးခင် အကြိုဆွေးနွေးခြင်း၊ HIV သွေးစစ်ဆေးပေးခြင်းနှင့် HIVကာကွယ်တားဆီးရေး ဆိုင်ရာပစ္စည်းများမျှဝေပေးခြင်းတို့အပြင် AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့တွင်ရယူနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများအား မိတ်ဆက်ပေးခြင်း စသည့်ဝန်ဆောင်မှုများအား မူးယစ်ဆေးဝါးအကြောသွင်း ထိုးသွင်းသုံးစွဲသူများ (PWID)၊ မူးယစ်ဆေးသုံးစွဲသူများ (PWUD)နှင့် ၄င်းတို့၏မိသားစုဝင်များအတွက် ပြုလုပ်ပေးခဲ့ပါသည်။ မူးယစ်ဆေးသုံးစွဲသူများ (PWUD)၊ မူးယစ်ဆေးအကြောတွင်းထိုးသွင်းသုံးစွဲသူများ (PWID) အပါအဝင် စုစုပေါင်း ၁၀ ယောက်ခန့်လာရောက်သွေးစစ်ဆေးခဲ့ကြပြီး အန္တရာယ်လျော့ပါးရေးအတွက် လိုအပ်သော ကျန်းမာရေးဗဟုသုတများမျှဝေပေးခြင်း၊ HIV ပိုး နှင့် TB ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနည်းတို့ကို မျှဝေပေးခဲ့ပါသည်။