Best Shelter (အရိပ်စစ်) အဖွဲ့မှ အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများနှင့် အမျိုးသမီးလိင်အလုပ်သမားများအတွက် ဝင်ငွေရရှိစေရေးသင်တန်းများအား ဝိုင်းမော်မြို့နယ်၊ ဆိုင်းတောင်မြို့နယ်နှင့် ဗန်းမော်မြို့နယ်ရှိ အမျိုးသမီးနားခိုရာဆေးခန်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Best Shelter (အရိပ်စစ်) အဖွဲ့မှ အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများအတွက် ဝင်ငွေရရှိစေရေးသင်တန်းများဖြစ်သော ခေါင်းလျှော်ရည်ပြုလုပ်ခြင်း၊ ဆပ်ပြာဆီပြုလုပ်ခြင်း၊ ဆပ်ပြာရည်ပြုလုပ်ခြင်း၊ ခြင်နိုင်ဆေးပြုလုပ်ခြင်း၊ ပရုတ်ဆီပြုလုပ်ခြင်း၊ ပရုတ်လုံးပြုလုပ်ခြင်း သွားတိုက်ဆေးပြုလုပ်ခြင်း၊ လက်သန့်ဆေးရည် ပြုလုပ်ခြင်း စသည့်သင်တန်းများအား ဝိုင်းမော်မြို့နယ်ရှိ အမျိူးသမီးနားခိုရာဆေးခန်းတွင် ဇွန်လ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလားတူသင်တန်းများဖြစ်သော မိတ်ကပ်လိမ်းခြယ်ခြင်းသင်တန်းအား ဗန်းမော်မြို့နယ်ရှိ အမျိုးသမီးနားခိုရာဆေးခန်းတွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ (၃) ရက်တာပြုလုပ်ခဲ့ပြီး အချက်အပြုတ်သင်တန်းအား ဆိုင်းတောင်မြို့နယ်ရှိ အမျိုးသမီးနားခိုရာ ဆေးခန်း၌ ဇွန်လ ၁၅ ရက်နေ့တွင်အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းများ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများသည်လည်း ပုံမှန်ဝင်ငွေရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသောသူများဖြစ်ကြောင်း သိရှိနားလည်ပြီး၊ ၄င်းတို့အား ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှုများလျော့ကျစေရန်ဖြစ်သည်။ သင်တန်းများအား စာတွေ့၊ လက်တွေ့သင်ယူမှုပုံစံများပေါင်းစပ်၍ သင်ကြားပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများအား United Nations Office on Drugs and Crime (UNODC) မှကူညီပံ့ပိုးပေးပြီး Best Shelter (အရိပ်စစ်) အဖွဲ့မှ ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Income Generation activities start up training for women who used drugs (WUD) at Best Shelter for Her Corners: Waimaw (women corner), Seng Taung (women drop-in center), and Bamaw (women corner)

Best Shelter organized a series of Income Generation activities start up training for women who used drugs (WUD) at Best Shelter for Her Corners. Making Shampoo, Detergent cream, Detergent liquid, Mosquito spray, Camphor Oil, Solid Camphor Oil, Soap, Toothpaste, and hand wash training had been provided at Waimaw (women’s corner) for two days from 12 to 13 June 2023, another similar training of “how to do makeup” in Bamaw (the women’s corner) on June 13, 2023; and cooking training at Seng Taung (the women’s drop-in center) from June 13 to 15, 2023, respectively. The purpose of these trainings is to increases access to Income Generation Activities for Women Who Use Drugs at Best Shelter For Her Women Corners in Bamaw, Waimaw and Seng Taung (Hpakant township) to demonstrate that PWUDs are productive society if the opportunities arise and reduce stigma. The training was delivered both theoretical and practical in person. The training is led by Best Shelter with financial support from the United Nations Office on Drugs and Crime (UNODC).