AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွားရောက်လှူဒါန်း
The AHRN-Best Shelter team visited MyaSetKyar monastery in Sagaing where 450 student monks are residing. The monastery was affected by the recent earthquake, leaving many of the buildings damaged and making it difficult for the monks to sleep or stay safely. In response, the team donated temporary shelters to help meet their immediate accommodation needs. Thanks to the donors and the volunteers to make this happen.
AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့သည် စာသင်သံဃာအပါး ၄၅၀ သီတင်းသုံးနေထိုင်ရာ စစ်ကိုင်းတောင်ရိုးရှိ မြစကြာစာသင်ကျောင်းတိုက်သို့ သွားရောက်ခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ကျောင်းရှိသံဃာများ သီတင်းသုံးရာအဆောက်အဦသည် နေထိုင်ရန်မသင့်တော့ပါသဖြင့် စာသင်သံဃာများအားလုံး ကျောင်းတိုက်ပေါ်တွင် သီတင်းသုံးအိပ်စက်ရန် အခက်အခဲရှိနေသောကြောင့် ယာယီအမိုးများ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းပေးနိုင်အောင်ကူညီဆောင်ရွက်ပေးတဲ့အလှူရှင်များအားလုံးနဲ့ စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ပါသည်။


