AHRN and Best Shelter organized the awareness activities focusing on HIV/ART at project sites across Sagaing Division, Shan State, and Kachin State

01

Dec
2023

Commencing on December 1st, World AIDS Day commemorates global efforts to raise awareness about HIV/AIDS since its inception in 1988. 

As part of our commitment to promoting health and well-being within people who use drugs (PWUD), people who inject drugs (PWID), female sex workers (FSW), and community members, AHRN and Best Shelter organized a series of impactful awareness activities and events to commemorate World AIDS Day on December 1st. These activities, such as health education sessions on HIV and ART, games, quiz programs, awareness song singing activities, and fun group work awareness activities, were conducted across multiple project sites situated in Sagaing Division, Shan State, and Kachin State. 

The primary objective of these events was to raise awareness about HIV/AIDS, reduce stigma associated with the disease, and promote preventive measures among the targeted populations. The awareness activities were led by respective project managers, outreach workers, and community prevention workers. 

Following the awareness sessions, informational pamphlets were distributed and introduced the available harm reduction services provided by AHRN and Best Shelter to the participants. 

The World AIDS Day activities conducted at our project sites in Sagaing Division, Shan State, and Kachin State were instrumental in fostering awareness, reducing stigma, and promoting preventive measures against HIV/AIDS.  

 

 

AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့သည် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တဝှမ်းရှိ နားခိုရာဆေးခန်းများတွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုများကို စီစဉ်ကျင်းပခဲ့ပါသည်။ 

 

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ(AIDS)တိုက်ဖျက်ရေးနေ့ကို ၁၉၈၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဒီဇင်္ဘာလ ၁ ရက်နေ့တွင် HIV/AIDS အကြောင်းကို ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးရေး ကြိုးပမ်းမှုအထိမ်းအမှတ်အဖြစ် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။  

AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့မှ မူးယစ်ဆေးဝါးသုံးစွဲသူများ (PWUD)၊ မူးယစ်ဆေးဝါးအကြောတွင်းထိုးသွင်းသုံးစွဲသူများ (PWID)၊ လိင်အလုပ်သမများ (FSW)နှင့် ရပ်ရွာလူထုတို့မူးယစ်အန္တရာယ်လျော့ပါးရေး ကျန်းမာရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေသည့်အားလျော်စွာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) တိုက်ဖျက်ရေးနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် HIV/ ART ဆိုင်ရာ ကျန်းမာရေးအသိပညာပေးအစီအစဉ်များ၊ ဂိမ်းနှင့် ဉာဏ်စမ်းပ‌ဟေဠိဆိုင်ရာအစီအစဉ်များ၊ အသိပညာပေး တေးသီချင်းသီဆိုခြင်းအစီအစဉ်များနှင့် အဖွဲ့လိုက်ဂိမ်းကစားခြင်းအစီအစဉ်များအား စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တစ်ဝှမ်းရှိ နားခိုရာဆေးခန်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

အဆိုပါအသိပညာပေးအစီအစဉ်များ၏ အဓိကရည်ရွယ်ချက်မှာ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)နှင့်ပတ်သက်သော အသိပညာများတိုးပွားစေရန်၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါဝေဒနာရှင်များ အား ခွဲခြားဆက်ဆံမှုများ လျော့ကျစေရန်၊ ကျန်းမာရေးဝန်ဆောင်မှုရယူနေသူများကြားတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကာကွယ်ရေးနည်းလမ်းများကို ပိုမိုနားလည်သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အသိပညာပေးအစီအစဉ်များအား စီမံချက်မန်နေဂျာများ၊ ကွင်းဆင်းဝန်ထမ်းများနှင့် လူထုအခြေပြု ကျန်းမာရေးလုပ်သားများမှ ဉီး‌ဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။  

အသိပညာပေးကျန်းမာရေးအစီအစဉ်များအပြီးတွင် ပညာပေးလက်ကမ်း စာစောင်များဝေငှပေးခဲ့ပြီး AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့မှရယူနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများအကြောင်းကို တတ်ရောက်လာကြသူများအား အသိပေး ပြောကြားခဲ့ပါသည်။  

AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့၏ နားခိုရာဆေးခန်းများတွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ အသိပညာပေးအစီအစဉ်များသည် HIV/ ART အသိပညာများတိုးပွားစေခြင်း၊ ခွဲခြားဆက်ဆံမှုများကိုလျော့ကျစေခြင်း နှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကာကွယ်ရေးနည်းလမ်းများကိုမျှဝေခြင်းများးတွင် အထောက်အပံ့ဖြစ်စေခဲ့ပါသည်။  

HE session at Tamu Border

Dr. Naw Aung is conducting the HE session on HIV/ ART at Homalin DIC

Dr. Hau Suan Piang is conducting the HE session on HIV/ ART on WAD at Kalay DIC

Dr. Nay Min Htet is conducting the HE session on HIV/ART on World AIDS Day at Bamaw Drop in center (DIC)