Every year, the International Drug Users Day campaign is held on 1 November. This year, AHRN and Best Shelter organized activities and health education sessions at a drop-in centre (DIC) in Kale Township, Sagaing Region.
The activities were led by the Area Coordinator, with support from field staff, including outreach workers (ORWs). A total of 20 participants, including people who use drugs (PWUD), people who inject drugs (PWID), sex workers (SW), and their partners. Participants actively took part in question-and-answer (Q&A) discussions and health education sessions on drug-related harms and harm reduction strategies.
Through these sessions, participants gained valuable information about the importance of accessing healthcare and harm reduction services. The activities also provided an opportunity to promote understanding, address stigma and discrimination, and encourage a supportive and inclusive environment for people who use drugs. Following the sessions, refreshments, including food and drinks, were provided to participants in appreciation of their active participation.
AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့တို့သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ နားခိုရာဆေးခန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးသုံးစွဲသူများနေ့ အသိပညာပေးလှုပ်ရှားမှုများကိုကျင်းပပြုလုပ်ခဲ့ပါသည်။
နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးသုံးစွဲသူများနေ့ အသိပညာပေးလှုပ်ရှားမှုများကို ကျင်းပပြုလုပ်လေ့ရှိပါသည်။ AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့တို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ နားခိုရာဆေးခန်းတွင် အသိပညာပေးလှုပ်ရှားမှု များနှင့် ကျန်းမာရေးပညာပေးအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါလှုပ်ရှားမှုများကို ဧရိယာတာဝန်ခံနှင့် ကွင်းဆင်းဝန်ထမ်းတို့မှ ဦးဆောင်ခဲ့ပြီး မူးယစ်ဆေး သုံးစွဲသူများ (PWUD)၊ မူးယစ်ဆေးကိုအကြောတွင်းထိုးသွင်းသုံးစွဲသူများ (PWID)၊ လိင်လုပ်သားများ
(SW) နှင့် ၎င်းတို့၏ လက်တွဲဖော်များအပါအဝင် စုစုပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသူများသည် ဉာဏ်စမ်းမေးခွန်းများဖြေဆိုသည့် အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးသုံးစွဲခြင်းနှင့် ဆက်နွယ်သောအန္တရာယ်များ၊ အန္တရာယ်လျော့ပါးရေး နည်းလမ်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကိုလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစီအစဉ်များမှတစ်ဆင့် တက်ရောက်လာသူများသည် မူးယစ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်သော အန္တရာယ်များ၊ လျှော့ချရေးနည်းလမ်းများနှင့် ဝန်ဆောင်မှုရယူရန် အရေးကြီးသည့် သတင်းအချက်အလက်များစတဲ့ အသိပညာများပိုမိုတိုးပွားစေခဲ့ပါသည်။ ထို့အပြင် မူးယစ်ဆေး သုံးစွဲသူများအပေါ် ခွဲခြားဆက်ဆံမှုများကိုလျော့ကျစေရန်၊ အပြန်အလှန်နားလည်လက်ခံမှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော ပတ်ဝန်းကျင်တစ်ရပ်ဖော်ဆောင်ရန်လည်း အထောက်အကူ ပြုခဲ့ပါသည်။ အစီအစဉ်များအပြီးတွင် တက်ကြွစွာပါဝင်ပေးခဲ့ကြသည့် တက်ရောက်သူများအား အစားအသောက်နှင့် အအေးများကိုလည်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
- Biak Tin Thang, ORW is Opening the ceremony at Kalay Drop-in Center on International Drug Users Day.
- Dr. Hau Suan Piang, Area Coordinator is giving Opening remark speech at Kalay Drop-in Center on International Drug Users Day.
- John, ORW is providing HE session to clients at Kalay Drop-in Center on International Drug Users Day.
- Participants are Celebrating the event at Kalay Drop-in Center on International Drug Users Day.