International Drug Users Day was led by project managers and field staff, including outreach workers from AHRN and Best Shelter, at drop-in centers (DIC) and mobile project sites in Sagaing Division on November 1.
Sixty community members attended the event, which aimed to raise awareness among key populations—such as people who inject drugs (PWID), people who use drugs (PWUD), Sex workers (SW), and local communities—providing them with an opportunity to learn about the effects of drug use, ways to reduce associated risks, and a deeper understanding of drug-related issues.In addition to awareness-raising efforts, health education sessions on drug-related harm and harm reduction strategies, along with experience-sharing sessions, interactive games, and small gifts for winners, created an engaging environment for learning. After the health education session, participants were offered a selection of refreshments, including food and drinks, as a token of appreciation for their active involvement. These activities were instrumental in fostering awareness, reducing stigma, and promoting preventive measures against HIV/AIDS.
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးသုံးစွဲသူများနေ့ အထိမ်းအမှတ်အခမ်းအနားများကို AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့က ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးသုံးစွဲသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်)အဖွဲ့တို့မှ ကွင်းဆင်းဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာစီမံချက်မန်နေဂျာတို့က ဦးဆောင်ကာ စစ်ကိုင်းတိုင်းဒေသရှိ နားခိုရာဆေးခန်းများနှင့် ရွေ့လျားဆေးခန်းများတွင် နိုဝင်ဘာလ ၁ ရက်က ကျင်းပပြုလုပ် ခဲ့ပါသည်။
မူးယစ်ဆေးကိုအကြောသွင်းထိုးသွင်းသုံးစွဲသူများ (PWID)၊ မူးယစ်ဆေးသုံးစွဲသူများ (PWUD)၊ လိင်လုပ်သားများ (SW) နှင့် ရပ်ရွာလူထုအပါအတွင် (၆၀) ဦးတက်ရောက်ခဲ့ပြီး မူးယစ်ဆေး၏အာနိသင်များ၊ နောက်ဆက်တွဲ အန္တရာယ်လျော့ပါးရေးနည်းလမ်းများ၊ အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ အစီအစဉ်များပြုလုပ်ခဲ့ပါသည်။
မူးယစ်ဆေးဝါးများနှင့်ဆက်နွယ်သောအန္တရာယ်များ၊ လျော့ပါးရေးနည်းလမ်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ၊ အတွေ့အကြုံဖလှယ်ခြင်းများနှင့် ဂိမ်းအစီအစဉ်များပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို လက်ဆောင်များ ပေးအပ်ခြင်းကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ ကျန်းမာရေးပညာပေးအစီအစဉ်များအပြီးတွင် တက်ရောက်လာသူ များအား မုန့်များဝေငှပေးခဲ့ပြီး ၎င်းတို့၏တက်ကြွစွာပါဝင်လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုပြောကြားခဲ့ပါသည်။
အဆိုပါအသိပညာပေးအစီအစဉ်များသည် မူးယစ်ဆေးသုံးစွဲခြင်းနှင့် စပ်ဆိုင်သော HIV နှင့် ပတ်သက်သော အသိပညာများတိုးပွားစေခြင်း၊ ခွဲခြားဆက်ဆံမှုများကိုလျော့ကျစေခြင်းနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကာကွယ်ရေးနည်းလမ်းများကို မျှဝေခြင်းများတွင် အထောက်အပံ့ဖြစ်စေခဲ့ပါသည်။
Activity Photos,