AHRN and Best Shelter organized an International Overdose Awareness Day activity at the Kale Drop-in Center (DIC) in Sagaing Division on 31 August 2026.
The event was led by the Area Coordinator and Outreach Workers at the project site and brought together 56 participants, including people who use drugs (PWUD), people who inject drugs (PWID), sex workers (SW), and their partners. The events aimed to raise overdose awareness and build a healthier community.
Participants actively engaged in overdose awareness-raising sessions, prevention and emergency response, as well as quizzes and interactive games. Through these activities, participants learned about overdose prevention, how to use the recovery position, and how to access available support services. At the end of the sessions, prizes were awarded to the quiz winners, and refreshments were distributed to all participants.
By sharing knowledge and conducting overdose education sessions with our clients, we can reduce stigma and discrimination toward people who use drugs and help prevent overdose-related risks and fatalities and promote prevention. Increased awareness of overdose prevention strategies and emergency response equips individuals with the knowledge and skills to save lives through appropriate first-aid practices, while empowering them to protect themselves and support others in an emergency.
AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့တို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို နားခိုရာဆေးခန်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးလွန်ခြင်း အသိပညာပေးလှုပ်ရှားမှုများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
AHRN-Best Shelter (နားခိုရာ-အရိပ်စစ်) အဖွဲ့တို့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးလွန်ခြင်း အသိပညာပေးနေ့ဖြစ်သော ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နားခိုရာဆေးခန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးလွန်ခြင်း ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှုများ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို Area Coordinator နှင့် ကွင်းဆင်းဝန်ထမ်းများမှ ဦးဆောင်ကျင်းပခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူများ၊ မူးယစ်ဆေးအကြောသွင်းထိုးသွင်းသုံးစွဲသူများ၊ လိင်လုပ်သားများနှင့် ၄င်းတို့၏မိသားစုဝင်များအပါအဝင် ၅၆ ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ မူးယစ်ဆေးလွန်ခြင်းနှင့်ပတ်သက်သော အသိပညာများ တိုးမြှင့်ပေးရန်နှင့် ပိုမိုကျန်းမာသော ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက အသိပညာပေးဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသည့်အပြင် ဉာဏ်စမ်းမေးခွန်းများနှင့် အပြန်အလှန်ပါဝင်ကစားနိုင်သော ဂိမ်းများကိုလည်း ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုအစီအစဉ်များမှတဆင့် မူးယစ်ဆေးလွန်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်မည့်အသိပညာ၊ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာအသိပညာများ မူးယစ်ဆေးလွန်ခြင်းဆိုင်ရာအထောက်အပံ့များ ရရှိနိုင်သောနေရာများ စသည့် သတင်းအချက်အလက် များကိုလည်း မျှဝေပေးခဲ့ပါသည်။ အစီအစဉ်များအပြီးတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသူများကို အစားအစာများမျှဝေပေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲလှုပ်ရှားမှုများမှတစ်ဆင့် မူးယစ်ဆေးသုံးစွဲသူများအပေါ် ခွဲခြားဆက်ဆံခြင်းများကိုလျှော့ချနိုင်ပြီး မူးယစ်ဆေးလွန်ခြင်းကိုကာကွယ်ရန်နှင့် အန္တရာယ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ မူးယစ်ဆေးလွန်ခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအသိပညာများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အသိပညာများပိုမိုတိုးတက်လာခြင်းသည် သင့်လျော်သော ရှေးဦးသူနာပြုစုခြင်း နည်းလမ်းများမှတစ်ဆင့် အရေးပေါ်အခြေအနေများတွင် မိမိကိုယ်ကို ကာကွယ်ရန်နှင့် အခြားသူများကို ကူညီပံ့ပိုးပေးနိုင်သည့် စွမ်းရည်များကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
- The Area Coordinator (AC) delivers brief opening remarks at the event.
- John, ORW is providing HE session on Overdose prevention.
- Awarding a prize to the quiz winner
- Demonstrations of the recovery position for overdose emergencies.
- Participants taking part in the quize session.