“အပြည်ပြည်ဆိုင်ရာတီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားများကိုAHRN (နားခိုရာ)နှင့်Best Shelter (အရိပ်စစ်)ဆေးခန်းများတွင်ကျင်းပခြင်း”

24

Mar
2023

မတ်လ ၂၄ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာတီဘီရောဂါတိုက်ဖျက်ရေးနေ့တွင်  AHRN (နားခိုရာ)နှင့် Best Shelter (အရိပ်စစ်) မှကျန်းမာ‌‌‌ရေးဝန်ဆောင်မှုများပေးလျက်ရှိသည့် နေရာများဖြစ်သော ဝိုင်းမော်၊ ဆိုင်းတောင်၊ လုံးခင်း၊ ဗန်းမော်၊ လောက်ကိုင်နှင့် နောင်ပိုအောင် မြို့နယ်များရှိ AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်) ဆေးခန်းများတွင် တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေး အစီအစဉ်များ၊ အသိပညာပေးကျန်းမာရေး ဉာဏ်စမ်းပ‌ဟေဠိအစီအစဉ်များနှင့် ဂိမ်းကစားခြင်း စသည့်အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို AHRN (နားခိုရာ) နှင့် Best Shelter (အရိပ်စစ်) အဖွဲ့မှ သက်ဆိုင်ရာ စီမံကိန်းမန်နေဂျာများမှဉီးဆောင်ကျင်းပခဲ့ကြပြီး မူးယစ်ဆေးသုံးစွဲသူများ၊ အကြောတွင်းထိုးသွင်းသုံစွဲသူများ၊ လိင်အလုပ်သမားများနှင့် ရပ်ရွာလူထုများအပါအဝင် မြို့နယ်အားလုံးတွင် တက်ရောက်သူစုစုပေါင်း (၁၀၅) ယောက်ရှိခဲ့ပါတယ်။ အသိပညာပေးကျန်းမာရေး ဉာဏ်စမ်းပ‌ဟေဠိ အစီအစဉ်များတွင် အနိုင်ရရှိသူများအား  Hand Gel (လက်သန့်ဆေးရည်များ)နှင့် တီရှပ်အင်္ကျီများကို လက်ဆောင်ပေးခဲ့ပြီး ပညာပေးအစီအစဉ်များအပြီးတွင် World TB Day အပြည်ပြည်ဆိုင်ရာ တီဘီရောဂါတိုက်ဖျက်ရေးနေ့ တီဘီရောဂါပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါတယ်။ တက်ရောက်လာသူများအား အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

AHRN and Best Shelter conducted a TB awareness event including quiz contest session, game programs and awareness sessions in the communities of Waimaw, Seng Taung, Lone Kin, Bhamo, Laukkai and Naung Po Aung in celebration of the 24th International World TB Day. Activities and awareness sessions were organized by the respective project managers through community participatory programs. The total number of participants in the activities and awareness sessions were one hundred and five including PWID, PWUD, SW and actively participating community members. Hand Gel and T-shirts were prized to winners of the Quiz contest and World TB Day pamphlets were distributed after the Health Education sessions. Moreover, refreshments were distributed to the participants and the awareness sessions concluded successfully.