Donation of chicken boiled rice to patients and caregivers at Shwegu Towship Hospital

25

Jun
2020

Donation of chicken boiled rice to patients and caregivers at Shwegu Township Hospital, Bhamo District, Kachin State for Fourth Anniversary of AHRN-Shwegu Clinic Opening

On 9th June 2020, staff from Asian Harm Reduction Network made a donation of chicken boiled rice to the patients and caregivers at Shwegu Township Hospital as the commemoration of the Fourth Anniversary of the Clinic Opening in Shwegu Township. 7th June, 2016, Asian Harm Reduction Network-Myanmar opened its clinic in Shwegu Township, in accordance with the MOU from Ministry of Health and Sports and Ministry of Home Affairs. AHRN-Shwegu Clinic has been providing comprehensive harm reduction services, primary health care services and mental health services to people who use drugs, most vulnerable to acquire HIV/AIDS in Myanmar. Moreover, AHRN-Shwegu Clinic also offer health services such as, sexual and reproductive, HIV testing and counseling, TB screening and treatment in regardless of race and nationality. Community based trainings on drug use and its consequences, sexual and reproductive health and rights to the youth are also provided. The Asian Harm Reduction Network clinic was able to continue its services during the COVID-19 crisis, under strict AHRN COVID-19 prevention, infection control measures, in accordance to guidance of the Ministry of Health and Sports.
AHRN- Shwegu project is funded by Access to Health Fund.

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ရှိ မြို.နယ်ပြည်သူ.ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူနေသော လူနာများနှင့် လူနာစောင့်များအား AHRN-ရွှေကူ နားခိုရာဆေးခန်း (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာဟာရဒါန ကြက်သားဆန်ပြုတ်တိုက်ကျွေးလှူဒါန်း။
********************************************************************
AHRN-ရွှေကူ (နားခိုရာ ဆေးခန်း) မှ ရုံးဝန်ထမ်းသူ/သားများ စုပေါင်း၍ ရွှေကူမြို.နယ် ပြည်သူ.ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော လူနာများနှင့် လူနာစောင့်များအား AHRN- ရွှေကူ နားခိုရာဆေးခန်း (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၉.၆.၂၀၂၀) နေ.တွင် ကြက်သားဆန်ပြုတ် အာဟာရဒါန တိုက်ကျွေးလှူဒါန်းခဲ့ပါသည်။AHRN-ရွှေကူ အဖွဲ.သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများ၏ လမ်းညွှန်သဘောတူမှု များနှင့် အညီ ၂၀၁၆ ခုနှစ် ဇွန်လ (၇) ရက်နေ.မှ စတင်၍ မြန်မာနိုင်ငံအတွင်း (HIV/AIDS) ရောဂါဝေဒနာအများဆုံး ကူးစက်ခံစားနေရသော မူးယစ်ဆေးစွဲ လူနာများအား ကုလသမဂ္ဂ၏ အလုံးစုံလွှမ်းခြုံမှုရှိသော မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ် လျော့ချရေး ဝန်ဆောင်မှုများပေးခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်း တို.အပြင် ရပ်ကွက် ကျေးရွာနေ ပြည်သူလူထုများအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး လက်ကမ်းစောင့်ရှောက်မှုများပေးခြင်း၊ HIV ရောဂါပိုး ရှိ မရှိ နှစ်သိမ့်ဆွေးနွေး သွေးစစ်ဆေးပေးခြင်း၊ တီဘီ ရောဂါ ရှာဖွေ ကုသမှုပေးခြင်းတို.အား လူမျိုးမရွေး ၊ ဘာသာမရွေး၊ တိုင်ရင်းသားမရွေး ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး သင်တန်း၊ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး အသိပညာပေးသင်တန်း နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု ကာကွယ်ရေးသင်တန်းများ ကိုလည်း လူငယ် လူရွယ်များ အား သင်တန်းပို.ချပေးလျက် ရှိပါသည်။
ယခု Covid 19 ကမ္ဘာ.ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင်လည်း AHRN-ရွှေကူ (နားခိုရာ ဆေးခန်း)မှ အထက်ဖော်ပြပါ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို လစ်ဟင်းမှု မရှိရလေအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာ၍ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
AHRN – ရွှေကူ နားခိုရာဆေးခန်း ကို Access To Health Fund ရံပုံငွေအဖွဲ့မှ ပံ့ပိုးကူညီ ပါသည်။