post

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဖြစ်ပါတယ်။………………

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဖြစ်ပါတယ်။ ဖလောရင့်နိုင်တင်ဂေးရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အဖြစ်သတ်မှတ်ပြီး နိုင်ငံတကာမှာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။ AHRN မှလည်း သူနာပြုများ အားလုံးကို အသိအမှတ်ပြုပြီး လက်ခုပ်သံများဖြင့် ဂုဏ်ပြုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ သွားလာရ ခက်ခဲဆုံးသော နယ်စွန်နယ်ဖျား ပဋိပက္ခ အဖြစ်များသော နေရာဒေသများတွင် သူတို့၏ အချိန်များကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျွန်တော်တို့ရဲ့ သူနာပြု များကို ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။

သူတို့၏ ကတိကဝတ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နှင့် ဇွဲလုံ့လ တို့ကြောင့် AHRN ၏လုပ်ငန်းစဉ်များ အောင်မြင်စေရုံသာမက ၅၄,၀၀၀ သော ဝန်ဆောင်မှုရယူနေသူများကိုလဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။

AHRN မှ သင်တို့လို လုပ်ဖော်ကိုင်ဖက်ရှိနေသည့်အတွက် အမြဲဂုဏ်ယူဝမ်းမြောက်လျက်ရှိပါတယ်။

***************************************************************************

Today is the International Nurses Day, celebrated around the world every May 12, the anniversary of Florence Nightingale’s birth.

AHRN recognize and applaud all nurses, but especially ‘our’ nurses, working in these extraordinay times in Myanmar’s most hard-to-reach remote rural conflict areas.

Their kind commitment, professionalism and perseverance makes the work of AHRN and the care of our 54000 clients not only possible, it makes it succesful!

All at AHRN are proud to have you as colleagues!

post

ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျဝတ်ဆင်ခြင်း

ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ် ရမည့်အချက်များကို တစ်ပုံချင်းဆီတွင် လေ့လာမှတ်သားနိုင်ပါသည်။ ပါးစပ်နှင့် နှာခေါင်းစည်းကို မှားယွင်းစွာ ဝတ်ဆင်ခြင်းသည် အန္တရာယ်ပိုများစေပါသည်။

post

Proud! AHRN Covid-19 Infection Control in Practice.

(English below)
ဂုဏ်ယူပါတယ်။
AHRN မှာ COVID-19 ရောဂါကူးစက်မှုကာကွယ်ရေး လုပ်ငန်းများကို လက်တွေ့ကျကျလုပ်ဆောင်နေပါတယ်။
AHRN တွင် ဝန်ဆောင်မှုရယူနေသူများ၊ လူနာများ နှင့် ဝန်ထမ်းများ အားလုံးသည် COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေး အတွက် ညွှန်ကြားချက်များ ဖြစ်သည့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ရေနှင့် ဆပ်ပြာကို အသုံးပြု၍ မကြာခဏလက်ဆေးခြင်း စသည်တို့ကို တင်းကြပ်စွာ စည်းကမ်းတကျ လေးစားလိုက်နာကြသည်ကို မြင်တွေ့ရပါတယ်။
AHRN စီမံခန့်ခွဲမှုအဖွဲ့ မှ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူနေသူများ အားလုံးကို ကျေးဇူးတင်ကြောင်း အလေးပေးပြောကြားလိုပါတယ်။ အားလုံး အားတင်းထားပြီး ကျန်းကျန်းမာမာ နေနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Proud!
AHRN Covid-19 Infection Control in Practice.
Clients, patients and staff are showing exemplary discipline, following the kind but urgent COVID-19 prevention instructions: keeping physical distance, washing hands and maintain calm and respectful attitude.
AHRN Management Team want to express our gratitude and salute all AHRN staff and clients and wish all to stay strong and healthy.