post

Exciting Annual AHRN Leadership Meeting!

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ AHRN ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
AHRN ရဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို AHRN ရဲ့ စီမံကိန်းအသီးသီးမှ စီမန်ကိန်း မန်နေဂျာများ၊ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူးများ နှင့် ရန်ကုန်ရုံးချုပ်မှ စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များဖြင့် စုစုပေါင်း ဝန်ထမ်း ၆၀ ကျော်ခန့်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးပွဲကို အွန်လိုင်းမှတဆင့်ကျင်းပခြင်းဖြစ်ပြီး ယခင်နှစ်မှ အတွေ့ကြုံများ စိန်ခေါ်မှုများ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့နှစ်များအတွက် စီမံချက်များရေးဆွဲအကောင်ထည်ဖော်ခြင်းနှင့် အောင်မြင်မှုများအတွက် ချီးကျူးဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ်ဟာ အမှတ်တရနှစ် တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဟာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ဆိုးရွားစေခဲ့ပါတယ်။ ထိုဆိုးရွားမှုတွေကြားကပင် AHRN ဟာ ပြည်သူ့အသက်ကယ် အန္တရာယ်လျော့ချခြင်း လုပ်ငန်းများကို မူးယစ်ဆေးသုံးစွဲသူများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် ရပ်ရွာနေပြည်သူပေါင်း ၆၀,၀၀၀ ကျော်ခန့်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
AHRN အနေဖြင့် လာမည့်နှစ်များအတွက် ဝန်ဆောင်မှုများကို ဆက်လက်ပေး သွားမှာဖြစ်တဲ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် Buprenorphine and Pre-exposure Prophylaxis ဝန်ဆောင်မှုကို AHRN ၏ အချို့စီမံချက်ဒေသများတွင်စတင်စမ်းသပ် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်၊
ထို့ပြင် ၂၀၂၁ မှာလည်း AHRN ရဲ့ မိတ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ Best Shelter အဖွဲ့နှင့်အတူတကွ ရပ်ရွာပြည်သူအတွက် မူးယစ်‌ဆေးဝါးအန္တရာယ် လျော့ချခြင်းလုပ်ငန်း နှင့် ဝန်ဆောင်မှုရယူရန် ညွှန်းပို့ခြင်းများကို ကချင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် မြို့ပေါ်နှင့်သွားလာရခက်ခဲသော ဒေသများပါမကျန် တိုးချဲ့ဝန်ဆောင်မှုပေးရန် ရည်သန်လျက်ရှိပါတယ်။
ကျွန်တော်တို့၏ ဝန်ဆောင်မှုရယူနေသော မူးယစ်ဆေးသုံးစွဲသူများ ၎င်းတို့၏ မိသားစုဝင်များနှင့် ရပ်ရွာနေပြည်သူများကို စိတ်စေတနာဖြူစင်စွာနှင့် ဝန်ဆောင်မှုပေးခဲ့ကြသော ပြည်နယ်တိုင်းဒေသကြီးအသီးသီးမှ စီမံချက်ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ❤ ❤ ❤
 
#MOHS #NAP #DDTRU #GFATM #UHF #USAID #AHF #UNAIDS #MHF #GiZ
 
Today the combined AHRN leadership – over 60 Project Managers and Medical Coordinators and the Yangon Central Management – gathered virtually to reflect on, discuss and learn from last year work and challenges, to strategize on upcoming planning, as well as to celebrate our many achievements.
2020 was and is a memorable year, while COVID-19 disrupted daily life in Myanmar and caused deep societal hardship, #AHRN was able to uphold her life-saving community harm reduction work, serving close to 60.000 clients, loved-ones and their communities.
AHRN was able to secure next year’s resources not only to maintain its critical services, but also introduce exciting new interventions under the guidance of the #MoHS, next year we will pilot Buprenorphine and Pre-exposure Prophylaxis as part of our comprehensive harm reduction cascade in selected project sites.
Also in 2021 we will together with our local partner Best Shelter expand our community prevention and referral activities in remote rural Kachin, Sagain and Shan.
Compliments and Big Thank You All Project Teams for your dedication, your kind and professional service to our clients and local communities! ❤ ❤ ❤
post

Today, December 1, is the International World AIDS Day.

ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့ကနှစ်စဉ် ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ဖြစ်ပါတယ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ၏ လမ်းညွှန်မှုဖြင့် တာမခံနားခိုရာ (AHRN)နှင့် တာမခံ ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ World AIDS Day အထိမ်းအမှတ် HIV ပိုးနှင့် ပတ်သတ်သောအသိပညာပေးခြင်း COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမှုပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Face Mask Campaign) mask များပေးဝေခြင်းကိုဆောင်ရွက်လျက်ရှိပါသည်။
COVID-19 ရောဂါ ဒေသတွင်းကူးစက်မှုလျော့နည်းစေရေးအတွက် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ပြည်သူလူထုအနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ဈေးများအပါအဝင် လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင် ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေခြင်း၊ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမှုအကျင့်ကောင်းများကို လက်ကိုင် အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့
Global solidarity, shared responsibility
“အားလုံးညီညွတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့” ပဲဖြစ်ပါတယ်။
#WorldAIDSday 2020
Today, December 1, is the International World AIDS Day.
Under the guidance of Ministry of Health and Sports; AHRN in collaboration with Red Cross hold the World AIDS Day HIV / AIDS Awareness Raising Campaign along with (COVID-19) Health Awareness Campaign which is (Face Mask Campaign).
In order to reduce the spread of the COVID-19 disease in the region, drug users and the public should practice preventive measures in public places, including markets. Activities involve free distribution of face masks to the public in high-risk areas for COVID-19 infection; Health education on COVID-19 disease prevention practices through handheld pamphlets and dissemination of information leaflets.
The theme for this year is
Global solidarity, shared responsibility
post

Exciting! Today is the ‘5th Annual NSATM Owners……………..

[English Below]
စိတ်လှုပ်ရှားစရာအစီစဉ်တခုပါပဲ!
AHRN နှင့် Best Shelter မှ (၅) နှစ်မြောက် NSATM ဆိုင်ပိုင်ရှင်များ အားအသိပညာပေးမြှင့်တင်ပေးခြင်းနှင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိ ခြင်းအစည်းအဝေး’ကို ယနေ့ နိုဝင်ဘာ (၃၀)တွင်ပြုလုပ်ခဲ့ပါသည်။ ထိုဆိုင်ရှင်များအားလုံးသည်အလွန်ဝေးလံခေါင်သီသောကျေးလက်ဒေသများတွင်နေထိုင်သော မူးယစ်ဆေးအကြောတွင်းထိုးသွင်းသုံးစွဲသူများ နှင့် ၄င်းတို့၏မိသားစုဝင်များကို လူမှုအသိုင်းအဝိုင်းအခြေပြု အသက်ကယ် ၀န်ဆောင်မှုလုပ်ငန်းများပေးနေသည့် ဆိုင်ပိုင်ရှင်များဖြစ်ပါသည်။

COVID-19 ကာလအတွင်းဆိုင်ပိုင်ရှင်များသည် Needle နှင့် Syringe Automated Machines (#NSATM) မှတစ်ဆင့် သန့်ရှင်းသော ဆေးထိုးအပ်များကို အချိန်ပြည့်ထောက်ပံ့ပေးရုံသာမက AHRN ဆေးခန်းများသို့ HIV နှင့်တီဘီ လူနာများ ညွှန်းပို့ပေးခြင်းများကိုလည်း တိုးမြှင့်ကူညီဆောင်ရွက်ပေးခဲ့သည်။ ၄င်းပြင် ရပ်ရွာနေပြည်သူများကို အရေးကြီးသော ကျန်းမာရေးပညာပေးခြင်း နှင့် ကွန်ဒုံးများအလွယ်တကူ ရရှိနိုင်ရန်ဆောင်ရွက်ခြင်းများ အစရှိသည်တို့ကို စည်းရုံးကူညီပေးခဲ့သည်။

ဆိုင်ပိုင်ရှင်များအနေဖြင့်များစွာသော Community Prevention Workers များနှင့်လေ့ကျင့်သင်ကြားခဲ့ပြီး၊ မူးယစ်ဆေးသုံးစွဲသူ ဘဝတူ များအားအရေးကြီးသော စိတ် – လူမှုရေးနှင့်ကျန်းမာရေး ၀န်ဆောင်မှုများနှင့်ချိတ်ဆက်ပေးသည်။
ထိုဆိုင်ပိုင်ရှင်များကိုဂုဏ်ပြုပါတယ်။ သင်တို့အားလုံးကို ကျွနု််ပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများအဖြစ်ဖြင့် ရရှိခြင်းအတွက် ကျွန်ုပ်တို့ဂုဏ်ယူပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲအစီစဉ်ကို AHF, UHF နှင့် Global Fund ရံပုံငွေအဖွဲ့တိုမှ ပံ့ပိုးကူညီပါသည်။
 
Exciting!
Today is the ‘5th Annual NSATM Owners Awareness Raising and Appreciation Meeting’ where AHRN and Best Shelter show their gratitude to the many shop owners who provide life-saving community-based services to clients who live in far hard-to-reach rural areas.
During the COVID-19 period shop owners not only provide 24/7 clean needles through Needle and Syringe Automated Machines (#NSATM), but increasingly provide also HIV and TB referral to AHRN clinics, provide important community advocacy and health education, as well as provide access to condoms.
The shop owners, of which many trained as Community Prevention Workers, together with Peers connect clients to critical psycho-social and health services.
Bravo and congratulations Shop Owners! We are Proud to have you as colleagues and friends!
This workshop is funded by AHF, UHF and Global Fund.