Opening of the MMT-ART clinic in Tigyaing in collaboration with the Ministry of Health and Sport

[English Below]
ထီးချိုင့်မြို့နယ်​ဆေးရုံတွင် MMT-ART ​ဆေးခန်းဖွင့်လှစ်ခြင်း
***************************************************************
ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနနှင့် AHRN Myanmar တို့ ပူး​ပေါင်းပြီး ထီးချိုင့်မြို့နယ်​ဆေးရုံတွင် MMT-ART ​ဆေးခန်းဖွင့်ပွဲအခန်း အနား ကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်​နေ့မနက် ၉ နာရီအချိန်တွင် ထီးချိုင့်မြို့နယ်​ဆေးရုံ အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
MMT-ART ဆေးခန်းကို ထီးချိုင့်မြို့နယ်​ဆေးရုံတွင် စတင်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏ လိင်ဆက်ဆံဖော်များ၊ လိင်လုပ်သားများ၊ လူငယ်များနှင့် ပြည်သူလူထုများကို HIVပိုး​သွေးစစ်​ပေးခြင်းနှင့် ART ​ဆေး​ပေးခြင်းအပါအဝင်၊ မက်သာဒုန်းတိုက်​ကျွေးခြင်း ၊မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးနှင့် အခြေခံ ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းဝန်ဆောင်မှုများကို စတင် ဆောင်ရွက်​ပေးပါမည်ဖြစ်ပါသည်။
အခမ်းအနားကို မနက် ၉ နာရီခွဲတွင်စတင်ခဲ့ပြီး ထီးချိုင့်မြို့နယ် ဆရာဝန်ကြီး ​​ဒေါက်တာ ကိုကိုနိုင်မှ အဖွင့်အမှာစကား​ပြောကြားခဲ့ပါ သည်။ ထို့​နောက် အတိုင်ပင်ခံစိတ်ကျန်းမာ​​ရေးအထူးကုဆရာဝန်ကြီး ​ဒေါက်တာပြည့်ပြည့်ဖြိုး(မုံရွာ ပြည်သူ့​ဆေးရုံကြီး)မှ ​မူးယစ်​ဆေးစွဲခြင်း သည် ကျန်းမာ​ရေးပြသနာဖြစ်​ကြောင်း ပြည်သူလူထုအားလုံးမှ ပူး​ပေါင်းပါဝင်မှ မက်သာဒုန်းတိုက်​ကျွေးခြင်းလုပ်ငန်း​အောင်မြင်မည်ဖြစ်​ကြောင်း၊ ပြည်သူလူထုအ​နေဖြင့် အပြစ်​ပေးမည့်အစားကူညီ​စေလို​ကြောင်း ရှင်းလင်း​ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ (ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့ရုံး စသည့်) နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်များ၊ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အန္တရာယ်လျော့ပါး ရေးဆိုင်ရာအောင်မြင်မှု၊ စိန်ခေါ်မှုများကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းများစသည် တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ​နေ့လည် ၁၁ နာရီခွဲတွင်အခမ်း အနားပြီးဆုံးခဲ့ပါသည်။
ယခုအချိန်အခါတွင် COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာဝှမ်းလုံး တွင်ဖြစ်ပွားလျက်ရှိပြီး အာရုံစိုက်မှုအများအပြားရလျက်ရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏လိင်ဆက်ဆံဖော်များ၊ လိင်လုပ် သားများနှင့် လူငယ်များကြားတွင် HIV ရောဂါ၊ TB ရောဂါ၊ ဆေးလွန်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်းတုံ့ပြန်ဖြေရှင်းရန် အလွန်အရေးကြီးလှပါသည်။ ထို့​ကြောင့် AHRN- Myanmar နှင့် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနတို့ပူး​ပေါင်းပြီး မက်သာဒုန်းတိုက်​ကျွေးခြင်းနှင့်ART ​ဆေး​ပေးခြင်းတို့ တစ်ပြိုင်တည်းလုပ်​​ဆောင်​ပေးနိုင်​သော​ဆေးခန်းကို ထီးချိုင့်မြို့နယ်​ဆေးရုံတွင်ဖွင့်လှစ်ပြီး ပြီးပြည့်စုံ​သောအန္တရာယ်​လျှော့ပါး​ရေးလုပ်ငန်းများကို ထီးချိုင့်တစ်မြို့နယ်လုံးတွင် AHRN မှ ကျန်းမာ​ရေးဝန်ထမ်းများမှ လုပ်​ဆောင်မည်ဖြစ်ပါသည်။
ထီးချိုငိ့မြို့နယ် အထွေထွေရောဂါကုဆေးရုံ အတွက် AHRN အင်း​တော်စီမံကိန်းမှ ဝန်ထမ်းများစု​ပေါင်း​၍ငွေတစ်သိန်းကိုလည်းဂုဏ်ယူဝမ်း​မြောက်စွာလှူဒါန်းခဲ့ပါသည်။
AHRN အနေဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိသော #UHF #CPI နှင့် #UNAIDS အား အထူးပင်ကျေးဇူးတင်ရှိပါသည်။
Latest News! Opening of the MMT-ART clinic in Tigyaing in collaboration with the Ministry of Health and Sport
*******************************************************************
AHRN-Myanmar held the opening ceremony of the MMT-ART clinic in Tigyaing in the meeting room of Tigyaing Township Hospital on 21.8.20. We are proud to report that we will offer a comprehensive package of harm reduction and primary health care to the drug users and their sexual partners, sex workers, youth, and community.
The opening ceremony speech was held by Dr. Ko Ko Naing (Township Medical Officer, Tigyaing), after which Dr. Pyait Pyait Phyo( Senior Consultant, Psychiatrists, Monywa General Hospital) explained that drug dependency is a health problem and urged that all the community support the methadone program to make this a success, will ask the community to support people who struggle with drug use and not punish them.
Local officials and the local communities attended the ceremony and discussed the harms related to drug use and the concept of harm reduction. Now, the COVID-19 pandemic is affecting the world, participants were interested to learn about this. While at the same time also in Tigyaing many people are impacted by HIV, TB, and there and overdose cases among the drug users and their partner, sex workers, and youth.
To confront the drugs and health consequences, in collaboration with the Ministry of Health and Sport, AHRN-Myanmar has opened the MMT-ART one-stop-shop clinic at the Tigyaing Township hospital, where AHRN health staffs will provide a comprehensive package of harm reduction to the Tigyaing Township. AHRN Indaw project staff has proudly donated 1 lakh to support the Tigyaing General Hospital.
We are grateful for the kind monetary support of #UHF #CPI and #UNAIDS
post

World Hepatitis Day! with theme: “Find the Missing Millions”

[English below]
World Hepatitis Day! with theme:
“Find the Missing Millions”
AHRN-လောက်ကိုင် ဆေးခန်းရှိအသည်းရောင်အသားဝါရောဂါဆိုင်ရာကျန်းမာရေးပညာပေးအစီအစဉ်ကို မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၄င်းတို့၏မိသားစုမိတ်ဖက်များအတွက်၂၈.၇.၂၀ တွင်ပြုလုပ်ခဲ့ပါသည်။ လောက်ကိုင်ဒေသသည် သည်တစ်ချိန်ကလက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးရာဒေသဖြစ်ပီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသည်။
AHRN – လောက်ကိုင် စီမံကိန်းကို Access To Health Fund ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပါသည်။
 
World Hepatitis Day! with theme:
“Find the Missing Millions”
Health Education session on Hepatitis at AHRN- Laukkai clinic towards people who use drugs and their family partners was done on 28.7.29. Laukkai is once and still an armed conflict-prone area situated in northern Shan state, Kokang Self-administered Region.
AHRN-Laukkai project is funded by Access to Health Fund.
 
Image may contain: 2 people
 
 
post

Today, 21st July is the International Remembrance Day,…….

[English Below]
ယနေ့၊ ဇူလိုင် ၂၁ ရက် သည်မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ ရသောသူများအတွက် အပြည်ပြည်ဆိုင်ရာ အမှတ်တရနေ့ဖြစ်သည်။ UNODC ၏ ၂၀၂၀ ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရ နှစ်စဉ်နှစ်တိုင်း ရာနှုန်းပြည့်ကာကွယ်နိုင်သော မူးယစ် ဆေးဝါးနှင့်ဆက်နွယ်သော သေဆုံးမှုကြောင့်လူပေါင်း ၅၈၅,၀၀၀ ခန့်အသက်ဆုံးရှုံးနေကြသည် ဟုဆိုပါသည်။ ၅၄ စက္ကန့်တိုင်းတွင် အဖိုးထိုက်သော ဘဝတစ်ခုဆုံးရှုံးနေခြင်းဖြစ်သည်။
ဘေးဖယ်ပစ်ပယ်ထားခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲသူများကို လူနှင့်လူ့အဖွဲ့အစည်းအတွက် ကုန်ကျစရိတ်အကြီးအကျယ်ကျရောက်စေသည်။
ညနေ ၃ နာရီတိတိတွင် တမိနစ်ခန့် တိတ်ဆိတ်စွာနေရန် ကျွန်ုပ်တို့ နှင့်အတူပါဝင်ဖို့ သင့်ကိုဖိတ်ခေါ်ပါသည်။
အသက်ဆုံးရှုံးခဲ့ရသူများအတွက် သင်၏အတွေးအမြင်များသည် အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ထိုထိခိုက်နစ်နာခဲ့သော လူ့အဖွဲ့အစည်းများနှင့် စည်းလုံး ညီညွတ်စွာ ရပ်တည်ကြမှာဖြစ်ပါသည်။
ငါတို့သည် ဆုံးရှုံးသွားကြသူများအတွက် ပူဆွေးကြ၏….သတိရကြ၏….
 
Today, 21st July is the International Remembrance Day for people who’ve lost their lives as a result of drug use.
The UNODC’s 2020 World Drug Report suggests around 585,000 people lose their lives to wholly-preventable drug-related deaths every year. That is one precious life every 54 seconds.
Intense markers of marginalization disproportionately affect people who use drugs, with devastating human and societal costs.
We invite you to join us in a minute of silence at 15:00.
Your thoughts for those who’ve lost their lives are important, we stand in solidarity with affected communities.
We mourn you. We remember you.
post

AHRN-Shwegu DIC ၌ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်….

AHRN-Shwegu DIC ၌ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကာကွယ်ရေး နည်းဗျူဟာ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
*********************************************************
ကမ္ဘာ.ကပ်ရောဂါ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အတူ AHRN – Myanmar Yangon ရုံးချုပ်မှ လမ်းညွှန်မှုများအရ ၂၂.၃.၂၀၂၀ (တနင်္ဂနွေနေ.) မနက် (၁၀) နာရီ အချိန်တွင် AHRN-Shwegu DIC ၌ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကာကွယ်ရေး နည်းလမ်းများနှင့် ပက်သက်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာနိုင်မင်းစိုး မှ ဦးဆောင်၍ ကမ္ဘာ.ကပ်ရောဂါ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး၏ ရာဇဝင်အကြောင်း၊ ရောဂါလက္ခဏာများ၊ ဆောင်ရန် ရှောင်ရန်များ၊ လက်သန်.ရှင်းစင်ကြယ်စွာဆေးနည်းအကြောင်း၊ လူနာများနှင့် ထိတွေ.ဆက်ဆံရာတွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုနည်း အကြောင်း၊ လက်အိပ်စွပ်ပုံစွပ်နည်းအကြောင်းများအား မွမ်းမံသင်တန်းပို.ချခဲ့ပါသည်။ ဆက်လက်၍ ဆေးခန်းကျန်းမာရေး ဝန်ထမ်းများ၊ ကွင်းဆင်းကျန်းမာရေးဝန်ထမ်းများ နှင့် နယ်လှည့်သွေးစစ် ကျန်းမာရေးဝန်ထမ်းများ၊ ရုံးပိုင်းဆိုင်ရာနှင့် ဝန်ထမ်းအိမ်ရာပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ.လိုက် မိမိတို့ကဏ္ဍအလိုက် လိုက်နာလုပ်ဆောင်ကြရာတွင် ကြုံတွေ.လာနိုင်သည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ဖြေရှင်းနည်းများအား ဆွေးနွေးတိုင်ပင်မှုများအပေါ် စီမံချက် မန်နေဂျာ ဒေါက်တာရန်နိုင်ထွန်းမှ ဦးဆောင်၍ အကြံပြု လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်း အလုပ်ရုံဆွေးနွေး ပွဲအား နေ.လည် ၂ နာရီ အချိန်ခန်.တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Laukkai – a small border town with China…………

Laukkai – a small border town with China, situated in Kokang Self-Administrative Zone is one of the conflict affected areas of Myanmar. Asian Harm Reduction Network (AHRN) has been implementing Harm Reduction and Health Promotion services to people who inject/use drugs, their sexual partners and community since October 2007. It is already 13 years of services in the area – conflict or no conflict! Here is about a client who has accessed to our DIC in Laukkai.

Funded by Access to Health Fund

Unicode ====>

လောက်ကိုင်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌တည်ရှိသော၊ တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့ငယ်လေး လောက်ကိုင် သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများအနက်မှတစ်ခုဖြစ်သည်။ Asian Harm Reduction Network (AHRN) သည် လောက်ကိုင်ဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ၄င်းတို့၏လိင်ဆက်ဆံဖက်များ နှင့် ပတ်ဝန်းကျင်လူထုအသိုင်းအဝိုင်းအတွက် မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ နှင့် ကျန်းမာရေးမြှင့်တင်ခြင်း၀န်ဆောင်မှုလုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အကောင်အထည်ဖော်ခဲ့သည်။ ပဋိပက္ခရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝန်ဆောင်မှုပေးခဲ့သည်မှာ ၁၃နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။
အောက်ပါ ဗီဒီယိုသည် ကျွန်တော်တို့ လောက်ကိုင် AHRN နားခိုရာသို့ လာရောက်၍ ဝန်ဆောင်မှုရယူသူ တစ်ယောက်အား ရိုက်ကူးထားခြင်းဖြစ်ပါသည်။

Funded by Access to Health Fund.

post

လွန်ခဲ့သော ဒီဇင်ဘာလ ၃၀ ရက်နေ့…………..

လွန်ခဲ့သော ဒီဇင်ဘာလ ၃၀ ရက်နေ့ (30.12.2019)က ကချင်ပြည်နယ် ဗန်းမော်မြို့ ပေါက်ကုန်း ရပ်ကွက်၊ ဂူကျောင်းအောက်ချိုင့်ရှိ၊ ကိုင်းကွင်းကြီးအတွင်း အသုံးပြုပြီးသား ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများကို စည်းကမ်းမဲ့ စွန့်ပစ်ထားကြောင်း မိမိတို့ AHRN ဗန်းမော်ရုံးသို့ အကြောင်းကြားလာသဖြင့် ဗန်းမော်ရုံးခွဲမှ ကွင်းဆင်းဝန်ထမ်းများမှ ချက်ချင်းသွားရောက်၍ အပ်များကို စနစ်တကျ ရှင်းလင်းသိမ်းဆည်းခဲ့ပါသည်။

နောက်နောင်တွင်လည်း ယခုကဲ့သို့ အပ်များစွန့်ပစ်ထားသည်ကို တွေ့ရှိပါကအကြောင်းကြားပေးပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

post

Esteemed visitors at our Drop-in-Center and Clinic in Waimaw.

#AHRN welcomed today a delegation from #GFATM#WHO#UNAIDS and #STC; the mission was lead under the kind guidance by Dr. Thandar Lwin and Dr. Htun Nyunt Oo #MoHS Myanmar.

A welcome exchange moment with the guests Ms. Izaskun Gaviria, Dr. Eisa Hamouda, Mr. Oussama Tawil, Dr. Myo Set Aung, Mr. Santiago Imbers, Mr. Rahul Singhal, Ms Soso Getsadze, Ms. Natacha Hefflinck and Dr. Fabio Caldas de Mesquita.

Bringing a very positive spirit and atmosphere, interesting questions and positive interactions with staff and clients

The Waimaw team felt proud, encouraged and supported to show their work, their challenges and successes!

A morale booste r!

 

2020 Lashio Awareness raising activity on OD(OverDose) day

ဩဂုတ်လ ၃၁ ရက် လားရှိုးရုံးခွဲတွင် Best Shelter အဖွဲ့ဝင်များနှင့် နဲ့အတူလှုပ်ရှားမှုတစ်ခုကို ကျွန်ုပ်တို့ကျင်းပခဲ့ပါတယ်။ ဒီနေ့မှာ မူးယစ်ဆေးလွန်ခြင်းကြောင့် အသက်ဆုံးရှုံး ခဲ့ရတဲ့သူတွေကို အောက့်မေ့လျက် မူးယစ်ဆေးလွန်ခြင်းကြောင့် မိမိရဲ့ ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနှင့် လုပ်ဖော်ကိုင်ဖက်တွေကို ဆုံးရှုံးခဲ့ကြရသူတွေနဲ့အတူ လွမ်းဆွတ်တမ်းတသတိရကြမှာ ဖြစ်ပါတယ်။ ထို့ အတူ မူးယစ်ဆေးလွန်ခြင်းဟာ “သေစေလောက်သည့် ဖြစ်ရပ်မဟုတ်ပါဘူး” လို့ ကျနော်တို့ ပြောပြချင်ပါတယ်။ မူးယစ်ဆေးလွန်ခြင်း
မဖြစ်အောင်ကာကွယ်လို့ရပြီးဆေးလွန်သူရဲ့ အသက်ကို ကယ်တင် လို့ရပါတယ်။ အသက် တစ်ချောင်း မဆုံးရှုံးဖို့ သူတို့ကို ဆေးလွန်နေတဲ့အတိုင်း ပစ်မထားလိုက်ပါနဲ့။
 
2020 Lashio Awareness raising activity on OD(OverDose) day
“31 Aug, We OD awareness activities were held with clients and staff of Best Shelter in Lashio. On this day, we grieve over those who lost their lives from overdose and mourn with those who lost their loved ones, members of family, friends, and colleagues. We use this day to communicate to all that overdose can be prevented and managed, no one has to die from an overdose. “Don’t leave them to die!”
post

Advocacy Meeting and Opening Ceremony of Drop-in-Center in Mawlaik Township

[English Below]
AHRN – မော်လိုက် (နားခိုရာ) ဆေးခန်းဖွင့်လှစ်ခြင်းနှင့် အသိပေးဆွေး နွေးပွဲအခမ်းအနားကျင်းပခြင်း
***********************************************************
ဇူလိုင်လ ၁ရက်နေ့ ၂၀၂၀ခုနှစ်တွင် AHRN- မော်လိုက် (နားခိုရာ) ဆေးခန်း စတင်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏ လိင်ဆက်ဆံဖော်များ၊ လိင်လုပ်သားများ၊ လူငယ်များနှင့် ပြည်သူလူထု များကို မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်လျော့ပါးရေးနှင့် အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းဝန်ဆောင်မှုများ စတင်ဆောင် ရွက်ပေးနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာသတင်းစကားပါး လိုက်ပါရစေ။ ယခုအချိန်အခါတွင် COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာဝှမ်းလုံး တွင်ဖြစ်ပွားလျက်ရှိပြီး အာရုံစိုက်မှုအများအပြားရလျက်ရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏လိင်ဆက်ဆံဖော်များ၊ လိင်လုပ် သားများနှင့် လူငယ်များကြားတွင် HIV ရောဂါ၊ TB ရောဂါ၊ ဆေးလွန်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်းတုံ့ပြန်ဖြေရှင်းရန် အလွန်အရေးကြီးလှပါသည်။ နားခိုရာဆေးခန်းသည် ဤသို့ထိခိုက်လွယ် သော သူများအတွက် လိုအပ်သောကျန်းမာရေးဆိုင်ရာကာကွယ်ရေးများ၊ ကုသခြင်းများ၊ စောင့်ရှောက်ခြင်းများစသည့် ဝန်ဆောင်မှုများ အပြည့်အဝ ရရှိရန်စီစဉ်ဆောင်ရွက်ထားပါသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ (ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ ဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့ရုံး စသည့်) နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် အန္တရာယ်လျော့ပါး ရေးဆိုင်ရာအောင်မြင်မှု၊ စိန်ခေါ်မှုများကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းများစသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
AHRN – မော်လိုက် စီမံကိန်းကို Global Fund ရန်ပုံငွေအဖွဲ့မှထောက်ပံ့ပါသည်။
 
Advocacy Meeting and Opening Ceremony of Drop-in-Center in Mawlaik Township
**************************************************************************
We are happy to announce that AHRN – Mawlaik Clinic and DIC opened on 1st July, 2020 to provide comprehensive harm reduction services, as well as primary health care to people who use drug, their partners, sex workers, youth and the community members in Mawlaik Township. Currently, COVID-19, as pandemic rightly so receive a lot of attention worldwide, however, now more than ever it is critical to respond to the health problems such as HIV, TB, drug overdose among the people who use drugs and their partners, sex workers and youth, The clinic opened to ensure that those most vulnerable populations have access to most needed prevention, treatment and case services.
The ceremony was attended by Members of Parliament ( Upper, lower and Regional), Government officials (MoHS, Administrative Department, District Police department, etc) and community leaders and elders, a panel discussion reflected on drugs and health consequences, the harms, how best confront the challenges and the evidence-base of successful harm reduction.
AHRN – Mawlaik Project is funded by Global Fund.
post

Advocacy Meeting at Ayemyartharyar Quarter office, Hpakant

ဖားကန့်မြို့ အေးမြသာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ကျင်းပ
*********************************************************************
ဖားကန့် AHRN အဖွဲ့မှ အေးမြသာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာခေါင်းဆောင်များ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၁၅ဦးခန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၂၆ရက် ၂၀၂ဝခုနှစ်၌ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ စီမံချက်မန်နေဂျာ ဒေါက်တာ ထက်မြက် အောင် နှင့် အဖွဲ့သည် AHRN နားခိုရာ/ဆေးခန်း ၏ လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲ သူများအကြား အန္တရာယ်လျော့ကျရေး လုပ်ငန်း၏ သဘောတရားများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ရပ်ရွာတာဝန်ရှိ သူများမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး မက်သာဒုံးဆေး အစားထိုး တိုက်ကျွေးခြင်းနှင့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများကို ဆေးထိုး အပ် အသစ်ဝေခြင်း အဟောင်းပြန်လည်သိမ်းဆည်းခြင်း အစီအစဉ်များရဲ့ ကောင်းကျိုးများ၊ ပြည်သူများကြား ပျံနှံ့နေသော အယူအဆအလွဲများကို သက်သေများနှင့်တကွ ရှင်းလင်း ခဲ့ပါသည်။ ထို့ပြင် “ကူညီပါ အပြစ်မပေးပါနဲ့” လှုပ်ရှားမှုအကြောင်းကို အသိပညာဖြန့်ဝေခဲ့ပြီး ကူညီပါအပြစ်မပေးပါနဲ့ စာသားပါ လက်ချုပ် နှာခေါင်းစည်းများကို ဝေမျှပေးခဲ့ပါသည်။
 
Advocacy Meeting at Ayemyartharyar Quarter office, Hpakant
****************************************************************
AHRN-Hpakant team met with 15 local authorities including Head of Quarter, Village leaders and Village elders at Ayemyatharyar Quarter office on 26th June 2020. Project Manager Dr. Htet Myet aung and his team explained about AHRN activities and harm reduction concepts. Local authorities actively participated and mainly discussed about misbelief and myths of Methadone Maintenance Therapy and Needle Syringe Program with evidence-based reports. AHRN Hpakant team also informed about ‘SUPPORT DON’T PUNISH’ Campaign and shared SDP logo imprinted face masks.