Basic virtual Harm Reduction Training for Community Prevention Worker (CPW)

19

Nov
2020

လူထုအခြေပြုကျန်းမာရေးလုပ်သားများ (Community Prevention Worker) အတွက် အခြေခံအန္တရာယ်လျှော့ချရေးလုပ်ငန်းများနှင့်ပတ်သတ်သည့် Virtual သင်တန်းကျင်းပခြင်း
**********************************************************
နိုဝင်ဘာလ ၁၂ရက် ၁၃ရက်နေ့များတွင် ရန်ကုန်မြို့ရုံးချူပ်မှ Mr Willy (SPA), မသဉ္ဇာထွန်း(PD)နှင့် မုံရွာမြို့ရုံးခွဲမှဒေါက်တာဝင်းဇော်(PC) တို့မှ မော်လိုက်မြို့ နယ်နှင့် ဟုမ္မလင်းမြို့နယ်များ မှ လူထုအခြေပြု ကျန်းမာရေး လုပ်သားများအား အန္တရာယ်လျှော့ချရေးနှင့် ပတ်သက်သည့် အခြေခံသဘော တရားများ၊မူးယစ်ဆေးသုံးစွဲသူများအတွက်လိုအပ်သော ကုသစောင့်ရှောက်ချိတ်ဆက်မှု လုပ်ငန်းများ၊ အန္တရာယ် လျှော့ချရေး လုပ်ငန်းများတွင် လူထုအခြေပြု ကျန်းမာရေး လုပ်သားများ အတွက် ဆောင်ရွက်ရမည့် တာဝန်နှင့်ဝတ္တရားများ၊ ဆောင်ရန်၊ရှောင်ရန်များ နှင့် ကျေးရွာလူထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမူ နှင့်ပတ်သက်သည့် အယူအဆအလွဲများကို လူထုအခြေပြု ကျန်းမာရေး လုပ်သားများမှ ဘယ်လို ဖြေရှင်းမလဲ စသည့် ခေါင်းစဉ်များနှင့်ပတ်သက်သည့် သင်တန်းကို ကျင်းပခဲ့ ပါသည်။

အဆိုပါသင်တန်းကို မော်လိုက်မြို့မှလူထုအခြေပြုကျန်းမာရေးလုပ်သား ၁၀ယောက်၊ ဟုမ္မလင်းမြို့မှ လူထုအခြေပြုကျန်းမာရေးလုပ်သား ၁၁ ယောက်စုစုပေါင်း(၂၁)ယောက် တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်သူ သင်တန်းသားများသည် ဤသင်တန်းမှ သင်ယူ လေ့လာခဲ့သည်များကို ၎င်းတို့ နေထိုင်ရာဒေသများရှိ ပြည်သူလူထုများ၊ မူးယစ်ဆေး သုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အသိပညာ မျှဝေခြင်း၊ မူးယစ်ဆေးသုံးစွဲသူများအား လိုအပ်သော ကုသစောင့်ရှောက် ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Basic virtual Harm Reduction Training for Community Prevention Worker (CPW)
******************************************************
Mr. Willy (Strategic Program Advisor), Ma Thinzar Tun (Program Director) and Dr. Win Zaw (Project Coordinator) conducted 2 days of virtual Training (12/13 . 11. 2020) with Community Prevention Worker (CPW) from Mawleik and Homalin Township. This Training aims to provide key knowledge of Basic Harm Reduction, Linkage to Care for HIV and Drug Treatment, the Terms of Reference for CPW, How to handle Community Myths about drug use in their villages.
In this training participated 10 community prevention workers from Mawleik Township and 11 community prevention workers from Homalin Township.
All trainees participated actively and with great enthusiasm, and will be able to share what they have learned with their community members (people who use drug and their family) and provide harm reduction, drug treatment, and linkage to care.