AHRN-Shwegu DIC ၌ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်….

23

Mar
2020
AHRN-Shwegu DIC ၌ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကာကွယ်ရေး နည်းဗျူဟာ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
*********************************************************
ကမ္ဘာ.ကပ်ရောဂါ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အတူ AHRN – Myanmar Yangon ရုံးချုပ်မှ လမ်းညွှန်မှုများအရ ၂၂.၃.၂၀၂၀ (တနင်္ဂနွေနေ.) မနက် (၁၀) နာရီ အချိန်တွင် AHRN-Shwegu DIC ၌ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကာကွယ်ရေး နည်းလမ်းများနှင့် ပက်သက်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာနိုင်မင်းစိုး မှ ဦးဆောင်၍ ကမ္ဘာ.ကပ်ရောဂါ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး၏ ရာဇဝင်အကြောင်း၊ ရောဂါလက္ခဏာများ၊ ဆောင်ရန် ရှောင်ရန်များ၊ လက်သန်.ရှင်းစင်ကြယ်စွာဆေးနည်းအကြောင်း၊ လူနာများနှင့် ထိတွေ.ဆက်ဆံရာတွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုနည်း အကြောင်း၊ လက်အိပ်စွပ်ပုံစွပ်နည်းအကြောင်းများအား မွမ်းမံသင်တန်းပို.ချခဲ့ပါသည်။ ဆက်လက်၍ ဆေးခန်းကျန်းမာရေး ဝန်ထမ်းများ၊ ကွင်းဆင်းကျန်းမာရေးဝန်ထမ်းများ နှင့် နယ်လှည့်သွေးစစ် ကျန်းမာရေးဝန်ထမ်းများ၊ ရုံးပိုင်းဆိုင်ရာနှင့် ဝန်ထမ်းအိမ်ရာပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ.လိုက် မိမိတို့ကဏ္ဍအလိုက် လိုက်နာလုပ်ဆောင်ကြရာတွင် ကြုံတွေ.လာနိုင်သည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ဖြေရှင်းနည်းများအား ဆွေးနွေးတိုင်ပင်မှုများအပေါ် စီမံချက် မန်နေဂျာ ဒေါက်တာရန်နိုင်ထွန်းမှ ဦးဆောင်၍ အကြံပြု လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်း အလုပ်ရုံဆွေးနွေး ပွဲအား နေ.လည် ၂ နာရီ အချိန်ခန်.တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။