AHRN Sezin: a part of community solution to Covid-19 response in Sezin

10

Apr
2020
[English Below]
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာအတွင်း COVID-19 (ကိုဗစ် ၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် AHRN- Sezin မှ စီမံချက် မန်နေဂျာ ‌ဒေါက်တာ ထက်လွင်အောင် ဦးဆောင်ပြီး AHRN- Sezin ၀န်ထမ်းများသည် MOHS နှင့် community သို့ volunteer အနေဖြင့် ဧပြီ ၁ ရက်နေ့က စတင်၍ ပူးပေါင်းပါ၀င်ကူညီနေပါသည်။ ဆယ်ဇင်းမြို့နယ်အတွင်းသို့ ၀င်လာသူများအား အဖျားတိုင်းခြင်း ခရီးသွားရာဇ၀င်မေးခြင်း စသည်တို့ကို ပူးပေါင်းပါ၀င်ကူညီ ဆောင်ရွက် နေပါသည်။ ဆယ်ဇင်းမြို့နယ်အတွင်း COVID-19 (ကိုဗစ် ၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအခြေအနေကို ကချင်ပြည်နယ် သတ္ထုဝန်ကြီး၊ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ အခြားဌာနဆိုင်ရာ လူကြီးများ နှင့် ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှုးတို့က ၄.၄.၂၀၂၀ တွင်လာရောက် ကြည့်ရှုအားပေးကြသည်။
AHRN Sezin: a part of community solution to Covid-19 response in Sezin
****************************************************************************
Dr. Htet Lwin Aung, the project manager and his team from AHRN Sezin have actively participated as volunteers together with the community members and MoHS from Sezin in the prevention and control activities of Covid-19 since 1st April 2020. They contribute in temperature measuring, travel history screening to the travelers who are entering sezin village. The photo represents the encouragement visits from local authorities on 4.4.2020.
AHRN Sezin is funded under Access to Health Fund.