AHRN Myanmar’s 14th years Anniversary in Myanmar!

02

Aug
2017

AHRN Myanmar started it’s operation in Myanmar in July 2003, under the MoU with Central Committee for Drug Abuse Control (CCDAC), MoHA.
.
Harm Reduction Baby was born, nurtured, developed and growing until today- celebrating it’s 14th years birthday already with the following specifics growth:
.
-From 3 staff to 417 staff
-Nowadays, a total of 16 projects in Shan, Kachin and Sagain Region
-From 200,000 USD funding per year to 6 Million USD funding per year
-More than 40,000 PWIDs/PWUDs are being reached by our Harm Reduction services every year
-More than 15,000 people who use/inject drugs received medical consultations every year
-Almost 9 Million disposable Needles and Syringes are distributed every year
-More than 600,000 Condoms are distributed every year




It’s all happening as “One Team” under the great visionary leadership of our most respected Sayagyi –
Mr.Willy De Maere.
.
Thank you Sayagyi.
Thank you Donors (FHAM, 3DF, 3MDG, GFATM).
Thank you AHRN team.
Thank you our beloved clients.
Thank you our Government counterparts (MoHS, MoHA).
.
Without you, we will not be here as it is now….
.
.
.
၁၄ နှစ် ပြည့်နှစ်ပတ်လည် မှသည် . . .
.
အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ်လျော့ပါးရေး အဖွဲ့
(AHRN-မြန်မာ)
.
AHRN (မြန်မာ) အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်း လုပ်ငန်းများကို ၂၀၀၃ ခုနှစ် ဇူလိုင်လ မှ စတင်ခဲ့ပြီး ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် နားလည်မှု စာချွန်လွှာထိုးပြီးစတင် ဆောင်ရွက်ခဲ့ပါသည်။
.
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်လျော့ပါးရေး လုပ်ငန်းများကို မွေးဖွားပေးခဲ့ပြီး ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန်လည်း ယနေ့တိုင်အောင် ကြိုးစားလုပ်ဆောင်နေဆဲ ဖြစ်ပါသည်။
.
၁၄ နှစ်ပြည့်တွင် AHRN ရှင်သန်ခဲ့သော အမှတ်တရ များမှာ
.
-၃ ဦးသော ၀န်ထမ်းမှ သည် ၀န်ထမ်းစုစုပေါင်း ၄၁၇ ဦး
-ယနေ့ အထိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် စီမံကိန်း စုစုပေါင်း (၁၆) ခု
-တစ်နှစ် ရံပုံငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းမှ သည် တစ်နှစ် ရံပုံငွေ ဒေါ်လာ ခြောက်သန်း
-မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သော အန္တရာယ်လျော့ပါးရေး ပညာပေးလုပ်ငန်းများကို မူးယစ်ဆေးသုံးစွဲသူ အယောက် ၄၀၀၀၀ ကျော်ကို နှစ်စဉ် ၀န်ဆောင်မှု ပေးနိုင်ခဲ့ခြင်း
-မူးယစ်ဆေးသုံးစွဲသူ အယောက် ၁၅၀၀၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုများ နှစ်စဉ် ပေးနိုင်ခဲ့ခြင်း
-သန့်စင်သော တစ်ခါသုံးဆေးထိုးအပ်/ပြွန် ကိုးသန်း နီးပါးကို နှစ်စဉ် ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း
-ကွန်ဒုံး ခြောက်သိန်း ကျော်ကို နှစ်စဉ် ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း




အထက်ပါ အောင်မြင်မှု များကို အသင်းအဖွဲ့တစ်ခု အနေဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်သည်မှာ အမြော်အမြင်ရှိသော ခေါင်းဆောင်မှု ကြောင့်ဖြစ်ပြီး
Mr. Willy de Maere (Technical Director) ကို လေးစားစွာဖြင့် ဂုဏ်ပြုကျေးဇူးတင်စကား ဆိုအပ်ပါသည်။
.
AHRN ၏ အလှူရှင် အဖွဲ့အစည်းများဖြစ်သော FHAM, 3DF, 3MDG နှင့် GFATM တို့ကိုလည်း ကျေးဇူးတင်ပါသည်။
.
AHRN ၀န်ထမ်းများ အားလုံး
AHRN ၀န်ဆောင်မှုများကို အားပေးခဲ့ကြသော clients များ
သက်ဆိုင်ရာ ၀န်ကြီးဌာန များဖြစ်သော ပြည်ထဲရေး ၀န်ကြီးဌာန နှင့် ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန တို့ကို လည်း
ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
.
အဆိုပါ ဌာနများ၊ လူပုဂ္ဂိုလ်များ မပါရှိပါက AHRN အနေဖြင့် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိနိုင်မည် မဟုတ်ပါ။
အားလုံးကို ကျေးဇူးတင်ပါသည်။

8

6 7 9 4 3 2 1 5 10 11 12 13 14 15 16 17 18 19 20 21 22 23 24