“ AHRN – Myanmar ၁၅နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ” အကဲဖြတ်ရွေးချယ်ခြင်း

17

Oct
2018

“ AHRN – Myanmar ၁၅နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ” အကဲဖြတ်ရွေးချယ်ခြင်းကို 7.9.18 ရက်နေ့ သောကြာနေ့တွင် ရန်ကုန်မြို့ရှိ AHRN-Myanmar ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး နှင့် AHRN-Myanmar မှ Program Coordinator(Outreach) ဦးသီဟလင်း တို့က ဆောင်ရွက်ခဲ့ကြပါသည်။ ပြိုင်ပွဲဝင်ပေါင်း ၅၅ယောက်ထံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၂၀၆ ပုံ လက်ခံရရှိခဲ့ပါသည်။ Finalist တွင် ရွေးချယ်ခြင်းခံထားရသောပုံများကို ဓာတ်ပုံစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းရှိမရှိ Original file များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး စာရင်းကို အတည်ပြုပြီးပါက ထပ်မံကြေငြာသွားပါမည်။