“ AHRN – Myanmar ၁၅နှစ်ပြည့်ဓာတ်ပုံပြိုင်ပွဲ ” – Finalist Photos.

17

Oct
2018

Asian Harm Reduction Network (AHRN) – Myanmar သည် မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှစတင်ပြီး မူးယစ်ဆေးသုံးစွဲသူများနှင့် ပြည်သူလူထုကြားမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောဘေးအန္တရာယ်များ လျော့ပါးရေးအတွက် ကူးစက်ရောဂါများကာကွယ်ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို အကျိုးအမြတ်မယူပဲဆောင်ရွက်လာခဲ့သည်မှာ ၂၀၁၈ ခုနှစ်တွင် ၁၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ပါသည်။

ထို့ကြောင့် AHRN ဧ။် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ” ပြင်ဆင်ခွင့်ပေးပါ ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ပေါင်း ၅၅ယောက်ထံမှ ပြိုင်ပွဲဝင်ပုံပေါင်း ၂၀၆ ပုံ လက်ခံရရှိခဲ့ပါသည်။ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်ရွေးချယ်ခြင်းကို 7.9.18 ရက်နေ့ သောကြာနေ့တွင် ရန်ကုန်မြို့ရှိ AHRN-Myanmar ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အကဲဖြတ်ဒိုင်များအဖြစ် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဌ ဦးအောင်မျိုး နှင့် AHRN-Myanmar မှ Program Coordinator(Outreach) ဦးသီဟလင်း တို့က ဆောင်ရွက်ခဲ့ကြပါသည်။ ယခု Finalist အဖြစ်ရွေးချယ်ခြင်းခံထားရသော ဓာတ်ပုံ ၂၉ ပုံမှ “Like” အများဆုံးရှိသည့်ပုံကို “Popular Award” ဆုအဖြစ် ဆုငွေ ၁သိန်း၅သောင်းကျပ် + ဆုတံဆိပ် တို့ကို ချီးမြှင့်မည်ဖြစ်ပါသည်။

“Popular Award” အတွက် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) မူရင်းပို့စ်တွင် တင်ထားသော ဓာတ်ပုံမှ “Like” အရေအတွက်ကိုသာ ရေတွက်ပါမည်။ ( Like မှ လွဲပြီး အခြား Reaction များ အကျုံးမ၀င်ပါ။)
(၂) ၈ ရက်၊ အောက်တိုဘာလ၊ ၂၀၁၈ နံနက် ၁၀:၀၀ နာရီ တိတိတွင် မူရင်းပိုစ့်ရှိ ဓာတ်ပုံများတွင် ရရှိထားသော “Like” အရေအတွက်များကို ရေတွက်မည်ဖြစ်သည်။
(၃) အကန့်အသတ်မရှိ Share ပြုလုပ်နိုင်သော်လည်း မူရင်းပို့စ်ရှိ ဓာတ်ပုံများတွင် ရရှိထားသော “Like” အရေအတွက်ကိုသာ ရေတွက်မည်ဖြစ်သည်။
(၄) အငြင်းပွားဖွယ်ရာ တစုံတရာပေါ်ပေါက်ပါက ဆုရွေးချယ်ရေးအဖွဲ့ဧ။် ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

Popular Award ဆုနှင့် အကဲဖြတ်ဒိုင်များမှ ရွေးချယ်ထားသော ဆုရရှိသူများကို ၉ ရက်၊ အောက်တိုဘာလ၊ ၂၀၁၈ တွင် တပြိုင်တည်း ကြေငြာပေးမည်ဖြစ်သည်။ AHRN ၁၅နှစ်ပြည့်အထိမ်းအမှတ်ပွဲအား အောက်တိုဘာလအတွင်း ပြောင်းရွှေ့ကျင်းပမည်ဖြစ်ပါသဖြင့် အဆိုပါပွဲတွင် ဆုချီးမြှင့်ခြင်း အစီအစဉ်အားပြုလုပ်မည်ဖြစ်ပါသည်။ ကျင်းပမည့်ရက် ကို ထပ်မံ အသိပေးကြေငြာပေးပါမည်။