AHRN-Myanmar မှ “ဆေးထိုးအပ် ဆေးထိုးပြွန်အသစ်လဲလှယ်ရေး”

22

Jul
2019

Preview(opens in a new tab)

AHRN-Myanmar မှ လုပ်ဆောင်နေသော လုပ်ငန်းဆောင်တာများထဲက လုပ်ငန်းဆောင်တာ တခုဖြစ်တဲ့ “ဆေးထိုးအပ် ဆေးထိုးပြွန်အသစ်လဲလှယ်ရေး” အစီအစဉ်ဟာ မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူများ၊ ၄င်းတို့ရဲ့မိသားစုများနှင့် ပတ်၀န်းကျင်ပြည်သူများအကြားတွင် သွေးမှတဆင့် ကူးစက်တတ်သောရောဂါတွေ ဖြစ်သည့် HIV၊ အသည်းရောင် အသားဝါ ဘီပိုး၊ အသည်းရောင် အသားဝါ စီပိုး အစရှိသော ကူးစက်ရောဂါတွေ မကူးစက်အောင် လျော့ချပေးနိုင်တဲ့အထိရောက်ဆုံးနဲ့အအောင်မြင်ဆုံးသော ကျန်းမာရေး၀န်ကြီးဌာနရဲ့ အသိအမှတ်ပြု အစီအစဉ်တစ်ခုဖြစ်ပါတယ်။

AHRN-Myanmar ရုံး အခြေစိုက်ဖွင့်လစ်ထားသော နေရာတွေမှာ အသုံးပြုပြီးသော ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများကို ပြည်သူများကြားအန္တရာယ်မရှိစေရန် လိုက်လံသိမ်းဆည်းခြင်း အစီအစဉ်တစ်ခုကို “ အတူတကွ ပူးပေါင်းလုပ် ဆောင်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုတစ်ခုကိုကြိုးပမ်းလုပ်ဆောင်လျက်ရှိနေပါပြီ။ ထိုလှုပ်ရှားမှုကြီးကတော့ အကယ်၍် အသုံးပြုပြီးသော ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများကို စည်းကမ်းမဲ့စွန့်ပစ်ထားခြင်းများ တွေ့ရှိပါက AHRN ရုံးရဲ့ တိုက်ရိုက်ဖုံးနံပါတ်ကို ခေါ်ဆို၍ ထိုအသုံးပြုပြီးသော ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများကို လုံခြုံစိတ်ချရသော နည်းလမ်းဖြင့် ဖျက်ဆီးပြစ်ရန် အကြောင်းကြားနိုင်ခြင်းပဲဖြစ်ပါတယ်။

ပတ်၀န်းကျင်တွင် အသုံးပြုပြီးသော ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများ ပြန့်ကျဲ မနေအောင်လည်း AHRN ရုံး၏ ကွင်းဆင်း၀န်ထမ်းများ၊ ဘ၀တူကူညီသူများက နေ့စဉ်၊ အပတ်စဉ် စွန့်ပစ်ထားသော ဆေးထိုးအပ်ဆေးထိုးပြွန်ဟောင်းများကို လိုက်လံသိမ်းဆည်းပါသည်။

ထို့အပြင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အသုံးပြီးသား ဆေးထိုးအပ်ဆေးထိုးပြွန်ဟောင်းများကို စွန့်ပစ်ထားသောနေရာများတွင် လိုက်လံသိမ်းဆည်းခြင်းကိုလည်း AHRN မှ ဦးဆောင်ကာ AHRN ရုံး၏ ကွင်းဆင်း၀န်ထမ်းများ၊ ဘ၀တူကူညီသူများ၊ ရပ်ရွာအခြေပြု အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး အလုပ်သမားများ ပါ၀င်သော လှုပ်ရှားမှုကြီး တစ်ရပ်ကို ၂၀၁၇ ခုနှစ်ကတည်း ဗန်းမော်မြို့နှင့် အခြား AHRN ရုံးခွဲရှိသော နေရာတွေမှာ လုပ်ဆောင်လျက်ရှိကြပါတယ်။ ဤလှုပ်ရှားမှု အစီအစဉ်သည် ရပ်ရွာနေပြည်သူများ ကလေးသူငယ်များကို အပ်စူးခြင်းမှအကာကွယ်ပေးရန် နှင့် မူးယစ်ဆေးအကြောတွင်း ထိုးသွင်းသုံးစွဲသူများကိုလည်း အသုံးပြုပြီးသား ဆေးထိုးအပ်များကို စနစ်တကျ စွန့်ပစ်ရန် တိုက်တွန်းနှိုးဆော်သည့် လှုပ်ရှားမှုအစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

“သင်လည်း သုံးစွဲပြီးသော ဆေးထိုးအပ် ဆေးထိုးပြွန်အဟောင်းများပြန့်ကျဲ နေတာကို တွေ့ရှိရင် AHRN ရုံးကို ဆက်သွယ်ဖို့ မမေ့နဲ့နော်။”