AHRN is proud to support the Myanmar Prison Department in Health care service delivery for inmates and staff.

28

Nov
2020

[ENGLISH BELOW]
အသည်းရောင် အသားဝါ စီပိုး ကုသရာတွင် လိုအပ်သော ပိုးကောင်ရေ စစ်ဆေးခြင်းကို လျင်မြန်စွာ စစ်ဆေးနိုင်ရန် Gene Xpert စက်ကို လားရှိူးမြို့အကျဉ်းထောင်တွင် တပ်ဆင်ပြီး
*************************************************************************
AHRN သည် အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကူညီပံ့ပိုးပေးခွင့်ရသည့်အတွက် ဂုဏ်ယူရပါသည်။
AHRN ၏အရေးကြီးမှတ်တိုင်တစ်ခုလဲ ဖြစ်ပေသည်။
အသည်းရောင် အသားဝါ စီပိုး ကုသရာတွင် လိုအပ်သော ပိုးကောင်ရေ စစ်ဆေးခြင်းကို လျင်မြန်စွာ စစ်ဆေးနိုင်ရန် Gene Xpert စက်ကို လားရှိူးမြို့အကျဉ်းထောင်တွင် တပ်ဆင်ပြီးဖြစ်ပါသည်။ ထို့အပြင် HIV ရောဂါပိုးကောင်ရေ နှင့် ဆေးယဉ်ပါးတီဘီတို့ကိုလဲ အဆိုပါစက်ဖြင့် စစ်ဆေးနိုင်ပါသည်။
COVID-19 ခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့် Gene Xpert စက်ကိုတပ်ဆင်ရန် အင်ဂျင်နီယာများခရီးမသွားနိုင်သောကြောင့် AHRN နှင့် SML အဖွဲ့သားများသည် ပြည်ထဲ​ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလှူရှင် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် အင်တာနက် ရုပ်သံကို အသုံးပြုကာ Gene Xpert စက်ကို တပ်ဆင်ခဲ့ပါသည်။
 
Important milestone!
Installation completed of a GeneXpert machine in Lashio prison, for HCV rapid automated diagnosis and rapid antibiotic sensitivity tests. While perhaps also for HIV viral load and Rif resistant TB detection.
Compliment to the engineers, as they could not travel to install the GeneXpert machine due to COVID-19 travel restrictions, the AHRN and SML teams however were able to manage to install the GeneXpert machine through virtual means, with the support from MoHS, MoHA and donor agencies.