သူမ၏ အရိပ်စစ် (Best Shelter for her)

AHRN / Best shelter website

Background

မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူများကို တရားမ၀င်ရာဇ၀တ်သားဟု ခွဲခြားဆက်ဆံလေ့ရှိသည်။ အမျိုးသမီးများသည် မိခင်များ၊ မိသားစုပြုစုစောင့်ရှောက်သူများအဖြစ် ရှေးရိုးအစဉ်အလာအရ သတ်မှတ်ခံထားရသည်။ အမျိုးသမီးများမူးယစ်ဆေးသုံးစွဲပါက ၄င်းတို့သည် မူးယစ်ဆေးသုံးစွဲသူအမျိုးသားများထက် မိသားစုတာ၀န်မကျေသော တရားမ၀င်ရာဇ၀တ်သားဟု ပိုမိုပြီး နှိမ့်ချခွဲခြားဆက်ဆံခံရသည်။ “Double Stigma” အမျိုးသားများထက် နှစ်ဆ ပို၍ အဆိုးမြင်ခံရသည်။

အရိပ်စစ်အဖွဲ့ ၏ မိတ်ဖက်အဖွဲ့ဖြစ်သည့် Asian Harm Reduction Network (AHRN) အဖွဲ့၏ ၂၀၂၀ ခုနှစ် အောက်တိုဘာလ တွင် စိတ်ကြွဆေး(ရာမ) သုံးစွဲမှုအခြေအနေကို စမ်းစစ်သုံးသပ်ခြင်း သုတေသနပြုလုပ်ရာတွင် လေ့လာတွေ့ရှိချက်တွေများအရ စိတ်ကြွဆေး(ရာမ) သုံးစွဲသူများ၏ သုံးပုံတစ်ပုံသည်အမျိုးသမီးတွေများဖြစ်ကြပါသည်။ ထို စိတ်ကြွဆေး(ရာမ) သုံးစွဲသူအမျိုးသမီးများထဲမှ တစ်ဝက်သည် အမျိုးသမီးလိင်အလုပ်သမား ဖြစ်ကြပြီး သူတို့၏လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် စိတ်ကြွဆေး(ရာမ) ကိုသုံးစွဲခြင်းဖြစ်သည်ဟု အင်တာဗျူးတွေများက ဖော်ပြလျက်ရှိပါသည်။ အမျိုးသမီးလိင်အလုပ်သမားများလည်းဖြစ်၊ မူးယစ်ဆေးသုံးစွဲသူများလည်း သည့်အတွက် လူမှုအသိုင်းအဝိုင်း၏ ခွဲခြားဆက်ဆံမှုတွေများသဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ကာလသားရောဂါကုသမှု များနှင့် အန္တရာယ်လျော့ပါးရေးဆိုင်ရာ ဝန်ဆောင်မှုတွေများရရန် အလှမ်းဝေး လျက်ရှိပါသည်။

သူမ၏အရိပ်စစ်

သူမ၏အရိပ်စစ်လှုပ်ရှားမှုသည် အရိပ်စစ်အဖွဲ့ မှမွေးဖွားလာသော ၀န်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အရိပ်စစ်အဖွဲ့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော AHRN(နားခိုရာ) အဖွဲ့သည် မူးယစ်ဆေးသုံးစွဲသော အမျိုးသမီးများအတွက် အိမ်ကဲ့သို့ လုံခြုံစိတ်ချရပြီး သက်တောင့်သက်သာနားနေနိုင်သော နားခိုရာနေရာများကို ကချင်ပြည်နယ်ရှိ ဆိုင်းတောင်၊ ဝိုင်းမော်၊ ဗန်းမော် နှင့် တာမခန်မြို့ များတွင် ဖွင့်လှစ်ထားပေးပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကုသမှုများနှင့်၊ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက် ပေး လျက်ရှိပါသည်။ အရိပ်စစ်အဖွဲ့မှ အမျိုးသမီးမူးယစ်ဆေးသုံးစွဲသူများနှင့် ၎င်းတို့၏မိသားစုဝင်များအနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်အောင် ပံ့ပိုးကူညီခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုများရရှိရန်အတွက် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် AHRN (နားခိုရာ)ရုံးသို့ ညွန်းပို့ပေးလျှက်ရှိပါသည်။

အကျိုးကျေးဇူးရရှိသူများ

အမျိုးသမီးမူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏မိသားစုဝင်များ

အရိပ်စစ်အဖွဲ့နှင့် AHRN နားခိုရာရုံးတွင် ရရှိနိုင်သည့်၀န်ဆောင်မှုများ

အန္တရာယ်လျော့ပါးရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ

  • ကွင်းဆင်း၀န်ဆောင်မှုလုပ်ငန်း (အမျိုးသမီးမူးယစ်ဆေးဝါးသုံးစွဲသူများကိုရှာဖွေခြင်း၊ HIV သွေး စစ်ဆေးပေးခြင်း၊ အပ်များ၊ ကွန်ဒုံးများ၊ အမျိုးသမီးသုံးကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ ဆေးလွန်ခြင်းအကြောင်းအရာများ၊ ကာလသား‌ရောဂါ စသည့် ကျန်းမာရေးအသိပညာပို့ချခြင်း)
  • အပန်းဖြေနိုင်သည့် ပစ္စည်းများထားရှိပေးခြင်း
  • အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
  • HIV သွေးစစ်ဆေးပေးခြင်း
  • အေအာတီဆေးတိုက်ကျွေးပေးခြင်း
  • အသည်းရောင်အသားဝါဘီပိုးစစ်ဆေးပေးခြင်း နှင့် ကာကွယ်ဆေးထိုးခြင်း
  • တီဘီရောဂါရှာဖွေကုသပေးခြင်း
  • ကာလသား‌ရောဂါ ရှိ၊ မရှိစစ်ဆေးပေးခြင်း နှင့် ကုသပေးခြင်း၊
  • ဌက်ဖျားရောဂါ ရှိ၊ မရှိစစ်ဆေးပေးခြင်း နှင့် ကုသပေးခြင်း၊
  • မက်သာဒုန်းဆေးတိုက်ကျွေးပေးခြင်း
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲသော အမျိုးသမီးများအတွက် ဆေးရုံတက်ရောက်ကုသစေခြင်းနဲ့ တခြားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊
  • HIV ရောဂါရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများကို လိုအပ်သော ဆေးဝါးများ (PMtCT) နှင့် ကျန်းမာရေး၀န်ဆောင်မှုများပေးနိုင်သည့် နေရာများသို့ ညွှန်းပို့ခြင်း (ဆေးရုံ)
  • နှိမ့်သိမ့်ဆွေးနွေးပေးခြင်း
  • ဆေးလွန်ခြင်းဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း နှင့် ကုသပေးခြင်း
  • လူမှုရေးအထောက်အပံ့များပေးခြင်း (သယ်သူပို့ဆောင်ခထောက်ပံ့ပေးခြင်း၊ စီစဉ်ပေးခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်း)
  • ကျန်းမာရေးဗဟုသုတများ ဟောပြောပေးခြင်း
  • အမျိုးသမီးလူနာများအချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်ရန် အစည်းအ‌‌‌‌ဝေးများပြုလုပ်ပေးခြင်းစသည့် အကူအညီများပေးလျှက်ရှိပါတယ်။

ထို့အပြင်…

မူးယစ်ဆေးဝါးသုံးစွဲသောအမျိုးသမီးများအတွက်ပြန်လည်ထူထောင်ရေးအစီအစဉ်

အရိပ်စစ်အဖွဲ့သည် အမျိုးသမီးမူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်အောင် ပံ့ပိုးကူညီခြင်း – ဆေးဂွမ်းများပြုလုပ်စေခြင်း၊ သန့်ရှင်းရေးနှင့် နားခိုရာဆေးခန်းများအတွက် အစားအသောက်များ ပြင်ဆင်စေခြင်းဖြင့် စသည့် ဝန်ဆောင်မှုများပြုလုပ်စေခြင်းဖြင့် ဝင်ငွေရရှိစေရေးအစီအစဉ်များ ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုများရရှိရန်အတွက် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် AHRN (နားခိုရာ)ရုံးသို့ ညွန်းပို့ပေးလျှက်ရှိပါသည်။

Best Shelter (အရိပ်စစ်) FB/ website နှင့်သူမ၏ အရိပ်စစ်လှုပ်ရှားမှု

သူမ၏အရိပ်စစ်လှုပ်ရှားမှုသည် ကျွန်မတို့၏ Best Shelter (အရိပ်စစ်) FB နဲ့ website စာမျက်နှာများမှ တစ်ဆင့် ပညာပေး ဗီဒီယိုများ၊ ဂရပ်ဖစ်များ၊ ပုံပြင်များ၊ အသံများမှ တစ်ဆင့် အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာများ၊ အမျိုးသမီးနှင့်သက်ဆိုင်သော ကျန်းမာရေးဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

သင်တန်းများကို ပို့ချပေးခြင်း

နောက်ဆုံးအနေဖြင့် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများအတွက် မူးယစ်ဆေးဝါးနှင့်ထိတွေ့နေရသည့် သူတို့၏ နေ့စဉ်ဘဝတွင် စွမ်းဆောင်ရည်များပိုမိုမြင့်တက်လာနိုင်ရန် အန္တရာယ်လေျာ့ပါးရေးဆိုင်ရာ သင်တန်းများ၊ ကျန်းမာရေးအသိပညာပေးသင်တန်းများကို ပို့ချပေးလျက်ရှိပါသည်။

၀န်ဆောင်မှုရရှိနိုင်သောနေရာများ

ထို့ကြောင့် ကျွန်မတို့၏ဝန်ဆောင်မှုများတွေကို ရယူချင်သည်ဖြစ်စေ၊ ကျန်းမာရေးဗဟုသုတများတွေ သိရှိလိုသည်ဖြစ်စေရ ဆက်သွယ်ရမည့်လိပ်စာနှင့်၊ ဖုန်းနံပါတ်များမှာ …………