post

Starting CBS testing activity

[English Below]
လူထုအခြေပြု HIV ကနဦးစစ်ဆေးခြင်းလုပ်ငန်း စတင်ခြင်း
**************************************************
AHRN ဖားကန့်အဖွဲ့မှ ဇူလိုင်လ ၁ရက် ၂၀၂ဝခုနှစ် မှစ၍ လူထုအခြေပြု HIV ကနဦးစစ်ဆေးခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်၏ လမ်းညွှန်ချက်များနှင့်အညီ စတင် ဆောင်ရွက်ခဲ့ပါသည်။ AHRN ဖားကန့်အဖွဲ့သည် လက်ရှိတွင် ဖားကန့် မြို့ပေါ်ရပ်ကွက် ၅ခုနှင့် ကျေးရွာ ၁၅ ရွာတို့၌ မူးယစ်ဆေးဝါးနှင့်ဆက် နွယ်သော အန္တရာယ်များ လျော့ပါးရေး လုပ်ငန်များကို ဆောင်ရွက်လျက်ရှိ သည်။ ယခု လူထုအခြေပြု HIV ကနဦးစစ်ဆေးခြင်းသည် မူးယစ်ဆေးဝါး သုံးစွဲ/ထိုးသွင်းသူများအကြား HIV ပိုးရှိမရှိအခြေအနေကို ယခင်ထက် ပိုမို သိရှိနိုင်လာခြင်း၊ လူသိမခံပဲ မူးယစ်ဆေးသုံးစွဲသူများနှင့်ပိုမိုထိတွေ့နိုင် လာပြီး HIV ပိုးရှိမရှိပို စစ်ဆေးနိုင်လာခြင်း၊ HIV ပိုးတွေ့လူနာများ အတွက် ARV ကုထုံးရရှိရေး ပိုမိုညွှန်းပို့ နိုင်လားခြင်းစသည့် အကျိုး ကျေးဇူးများကို ခံစားရစေနိုင်သည်။
 
Starting CBS testing activity
*****************************
From 1st July 2020, AHRN-Hpakant project started Community based HIV screening (CBS) in accordance with the National AIDS Program Myanmar guidelines. AHRN Hpakant covers 5 Urban Wards and 15 villages for harm reduction services in Hpakant Township. CBS activities will strengthen Reach to Test (increasing number of drug users who knows their HIV status), more client contact at hard-to-reach areas and HIV screening and accompanied referral for ART.
 
post

“Virtual training on Counseling”

Counseling သင်တန်းကျင်းပခြင်း
******************************
ဇွန်လ ၂၅ ရက် နှင့် ၂၆ ရက် နေ့များတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း မှ AHRN ဝန်ထမ်းများဖြစ်ကြသော Counseling Officers, Counselors and nurse-counselors များကို စိတ်ကျန်း မာရေးဆိုင်ရာ အခြေခံ ဗဟုသုတ နှင့် ပတ်သက်သော Counseling သင်တန်းကို Microsoft Team Application အသုံးပြုပြီး အွန်လိုင်းမှ ကျင်းပခဲ့သည်။အဆိုပါသင်တန်းသို့ AHRN ဝန်ထမ်းများဖြစ်ကြသော Counseling Officers, Counselors and Nurse-counselors စုစုပေါင်း (၃၇)ယောက် တက်ရောက်ခဲ့သည်။ မသဇင်သန်းနိုင် Program Coordinator (Counseling) မှ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့် ရှောက်မှု Psychological First Aid (PFA)၊ ၀မ်းနည်းပူဆွေးမှု ဖြစ်စဥ်၊ နာတာရှည်ရောဂါသည်များအတွက် ဆေးကုသမှုတွင် အထူးအလေးထား ဂရုပြုပံ့ပိုးသင့်သော အချိန်များ၊ Harms of Amphetamine Type Stimulants၊ စိတ်ကျန်းမာရေးဆိုင်ရာ အခြေခံ ဗဟုသုတ၊ Psychoeducation ဆိုတာဘာလဲ၊ စိတ်ကျရောဂါခံစားနေရသောသူ၊ မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်သူတို့အား counselor တွေအနေနှင့် မည်သို့စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များပေးမည်နည်း စသော အကြောင်းအရာများကို သင်ကြားပို့ချခဲ့ပါသည်။AHRN ဝန်ထမ်းများသည် ဤသင်တန်းမှ သင်ယူလေ့လာခဲ့သည်များကို ၎င်းတို့နေထိုင်ရာ ဒေသများ ရှိ ပြည်သူလူထုများ ၊မူးယစ်ဆေး သုံးစွဲသူများနှင့် ၎င်းတို့၏ မိသားစုဝင် များအား အသိ ပညာမျှဝေခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါသင်တန်းအား Access To Health Fund (AHF) and Global Fund ရံပုံငွေအဖွဲ့မှ ပံ့ပိုးကူညီ ပါသည်။
 
“Virtual training on Counseling”
*********************************
A lively, well attended virtual training ‘Basic Knowledge of Mental Health and Supportive Counseling’, was conducted on 25th and 26th June 2020 for AHRN Counseling Officers, Counselors and Nurse-Counselors from Kachin State, Shan State and Sagaing Region. The 37 of AHRN Counseling Officers, Counselors and Nurse-Counselors proactively participated in this 2-day Virtual Counseling training.
Thazin Than Naing – Program Coordinator (Counseling) has provided training on psychological first aid (PFA), grief process, critical moments for chronic patients, harm (reduction) of amphetamine type stimulants, basic knowledge of Mental Health, what is psychoeducation and psychological interventions and supportive counseling.
AHRN staff will apply the gained knowledge and skills while providing counseling to community members, people who use drugs (PWID) and their family members.
This Training is funded by Access to Health Fund and Global Fund.
post

Today, 21st July is the International Remembrance Day,…….

[English Below]
ယနေ့၊ ဇူလိုင် ၂၁ ရက် သည်မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ ရသောသူများအတွက် အပြည်ပြည်ဆိုင်ရာ အမှတ်တရနေ့ဖြစ်သည်။ UNODC ၏ ၂၀၂၀ ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရ နှစ်စဉ်နှစ်တိုင်း ရာနှုန်းပြည့်ကာကွယ်နိုင်သော မူးယစ် ဆေးဝါးနှင့်ဆက်နွယ်သော သေဆုံးမှုကြောင့်လူပေါင်း ၅၈၅,၀၀၀ ခန့်အသက်ဆုံးရှုံးနေကြသည် ဟုဆိုပါသည်။ ၅၄ စက္ကန့်တိုင်းတွင် အဖိုးထိုက်သော ဘဝတစ်ခုဆုံးရှုံးနေခြင်းဖြစ်သည်။
ဘေးဖယ်ပစ်ပယ်ထားခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲသူများကို လူနှင့်လူ့အဖွဲ့အစည်းအတွက် ကုန်ကျစရိတ်အကြီးအကျယ်ကျရောက်စေသည်။
ညနေ ၃ နာရီတိတိတွင် တမိနစ်ခန့် တိတ်ဆိတ်စွာနေရန် ကျွန်ုပ်တို့ နှင့်အတူပါဝင်ဖို့ သင့်ကိုဖိတ်ခေါ်ပါသည်။
အသက်ဆုံးရှုံးခဲ့ရသူများအတွက် သင်၏အတွေးအမြင်များသည် အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ထိုထိခိုက်နစ်နာခဲ့သော လူ့အဖွဲ့အစည်းများနှင့် စည်းလုံး ညီညွတ်စွာ ရပ်တည်ကြမှာဖြစ်ပါသည်။
ငါတို့သည် ဆုံးရှုံးသွားကြသူများအတွက် ပူဆွေးကြ၏….သတိရကြ၏….
 
Today, 21st July is the International Remembrance Day for people who’ve lost their lives as a result of drug use.
The UNODC’s 2020 World Drug Report suggests around 585,000 people lose their lives to wholly-preventable drug-related deaths every year. That is one precious life every 54 seconds.
Intense markers of marginalization disproportionately affect people who use drugs, with devastating human and societal costs.
We invite you to join us in a minute of silence at 15:00.
Your thoughts for those who’ve lost their lives are important, we stand in solidarity with affected communities.
We mourn you. We remember you.