post

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဖြစ်ပါတယ်။………………

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဖြစ်ပါတယ်။ ဖလောရင့်နိုင်တင်ဂေးရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အဖြစ်သတ်မှတ်ပြီး နိုင်ငံတကာမှာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။ AHRN မှလည်း သူနာပြုများ အားလုံးကို အသိအမှတ်ပြုပြီး လက်ခုပ်သံများဖြင့် ဂုဏ်ပြုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ သွားလာရ ခက်ခဲဆုံးသော နယ်စွန်နယ်ဖျား ပဋိပက္ခ အဖြစ်များသော နေရာဒေသများတွင် သူတို့၏ အချိန်များကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျွန်တော်တို့ရဲ့ သူနာပြု များကို ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။

သူတို့၏ ကတိကဝတ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နှင့် ဇွဲလုံ့လ တို့ကြောင့် AHRN ၏လုပ်ငန်းစဉ်များ အောင်မြင်စေရုံသာမက ၅၄,၀၀၀ သော ဝန်ဆောင်မှုရယူနေသူများကိုလဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။

AHRN မှ သင်တို့လို လုပ်ဖော်ကိုင်ဖက်ရှိနေသည့်အတွက် အမြဲဂုဏ်ယူဝမ်းမြောက်လျက်ရှိပါတယ်။

***************************************************************************

Today is the International Nurses Day, celebrated around the world every May 12, the anniversary of Florence Nightingale’s birth.

AHRN recognize and applaud all nurses, but especially ‘our’ nurses, working in these extraordinay times in Myanmar’s most hard-to-reach remote rural conflict areas.

Their kind commitment, professionalism and perseverance makes the work of AHRN and the care of our 54000 clients not only possible, it makes it succesful!

All at AHRN are proud to have you as colleagues!

1
2
4
5
6
7
8
95897380_2985482278231541_8877954012243034112_n
Previous Next
post

ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျဝတ်ဆင်ခြင်း

ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ရာတွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ် ရမည့်အချက်များကို တစ်ပုံချင်းဆီတွင် လေ့လာမှတ်သားနိုင်ပါသည်။ ပါးစပ်နှင့် နှာခေါင်းစည်းကို မှားယွင်းစွာ ဝတ်ဆင်ခြင်းသည် အန္တရာယ်ပိုများစေပါသည်။

ပါးစပ်နှင့် နှာခေါင်းစည်းမတပ်ဆင်မီ လက်ကို ရေ+ဆပ်ပြာ (သို့) လက်သန့်စင်ဆေးဖြင့် စနစ်တကျ ဆေးပါ။

ပါးစပ်နှင့် နှာခေါင်းစည်းကို မေးစေ့တွင် ဆွဲချထားခြင်းမပြုပါနှင့်။ ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားစဉ် တစ်ချိန်လုံး နှာ‌ခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ထားပါ။

ပါးစပ်နှင့် နှာခေါင်းစည်းကို မတပ်ဆင်ဘဲ နားရွက်တွင် ချိတ်ထားခြင်း မပြုရ။ ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားစဉ် တစ်ချိန်လုံး နှာ‌ခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ထားပါ။

ပါးစပ်နှင့် နှာခေါင်းစည်းအတွင်းမှ နှာခေါင်း (သို့) ပါးစပ်ကို ဖော်၍ တပ်ဆင်ခြင်း မပြုရ။ ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားစဉ် တစ်ချိန်လုံး နှာ‌ခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ထားပါ။

ပါးစပ်နှင့် နှာခေါင်းစည်းကို အဖြူရောင်အပြင်ဘက်ထုတ်၍ ပြောင်းပြန်တပ်ဆင်ခြင်းမပြုရ။ ပါးစပ်နှင့် နှာခေါင်းစည်း၏ အစိမ်း‌ရောင် မျက်နှာပြင်ကို အပြင်ဘက်တွင်ထား၍ နှားခေါင်း၊ ပါးစပ်တို့ကို လုံခြုံအောင် တပ်ဆင်ပါ။

ပါးစပ်နှင့် နှာခေါင်းစည်းကို လက်ဖြင့် မကြာခဏ ကိုင်တွယ်ခြင်း မပြုရ။

နားရွက်သိုင်းကြိုးကို လိမ်၍ တပ်ဆင်ခြင်းမပြုပါနှင့်။ ဘေးဘက်တွင် မျက်နှာနှင့် နှာခေါင်းစည်းကြား ဟနေတတ်သည်။ နားရွက်သိုင်းကြိုးကို နားရွက်တွင် စနစ်တကျ ချိတ်ပါ။ ကြိုးရှည်နေလျှင် ထုံးပါ။

အသုံးပြုပြီးသား ပါးစပ်နှင့် နှာခေါင်းစည်းကို တွေ့ရာနေရာတွင် မစွန့်ပစ်ပါနှင့်။ အသုံးပြုပြီးသား ပါးစပ်နှင့် နှာခေါင်းစည်းကို ကြိုးမှကိုင်၍ ဖြုတ်လျှင် အမှိုက်ပုံးအတွင်း စွန့်ပစ်ပါ။ ပြီးလျှင် လက်ကို ဆပ်ပြာဖြင့် ဆေးပါ။

N95 ပါးစပ်နှင့် နှာခေါင်းစည်းကို မေးစေ့တွင် ဆွဲချထားခြင်းမပြုရ။ N95 ပါးစပ်နှင့် နှာခေါင်းစည်းကို နှာခေါင်း၊ ပါးစပ်တို့ကို အုပ်၍ မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်အောင် တပ်ဆင်ရမည်။

ပါးစပ်နှင့် နှာခေါင်းစည်းများကို ၂ ထပ် တပ်ဆင်ခြင်း မပြုလုပ်ရ။ N95 (သို့) အခြား ပါးစပ်နှင့် နှာခေါင်းစည်းများကို မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်အောင် တစ်ထပ်တည်းသာ တပ်ဆင်ရမည်။

Previous
Next