”၂၀၁၈ ခုနှစ် AHRN HE Idol (ကျန်းမာရေး ပညာပေး Idol) ပြိုင်ပွဲ”

13

Aug
2018

မူးယစ်ဆေးသုံးစွဲသူများ ကျန်းမာရေးဆိုင်ရာ အသိပညာများမြှင့်တင်ရန် AHRN မြန်မာမှာ “ HE Idols ” တွေရှိတယ်နော်။

AHRN မြန်မာသည် ၂၀၁၇ ခုနှစ်မှစတင်၍ HE Idol (ကျန်းမာရေးပညာပေး Idol) ပြိုင်ပွဲကို 3MDG, GFATM တို့၏ ငွေကြေးထောက်ပံ့မှုဖြင့်ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ်တွင် စီမံချက် ၁၃ ခုမှ AHRN ကွင်းဆင်းဝန်ထမ်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ယှဉ်ပြိုင်ခဲ့သည့် ခေါင်းစဉ်များမှာ မူးယစ်ဆေး၊ ဆေးလွန်ခြင်း၊ သွေးကြောမပျက်စီးစေရန် ကာကွယ်နည်း၊ HIV သွေးစစ်ခြင်း၊ မက်သဒုန်းအစားထိုးကုသခြင်း၊ တီဘီရောဂါ၊ HIV နှင့် ART ဆေးတို့ဖြစ်ပြီး ပြိုင်ပွဲဝင်အဖွဲ့ဝင်များသည် လေ့ကျင့်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းများ၊ ဥပမာ – အဖွဲ့လိုက်သရုပ်ဖော် Flip chart များ၊ powerpoint များ၊ ဗွီဒီယိုဖိုင်များ၊ IEC များ၊ Mind Mapping လေ့ကျင့်ခန်းများ စသဖြင့် အသုံးပြု၍ ယှဉ်ပြိုင်ခဲ့ကြသည်။ အနိုင်ရသည့် အဖွဲ့ကို သက်ဆိုင်ရာအချက်များကို အုပ်စုလိုက် အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

၂၀၁၈ HE Idol winner အဖြစ် AHRN ဆယ်ဇင်းနှင့် တာမခံ စီမံချက်အဖွဲ့မှ ရွေးချယ်ခြင်းခံခဲ့ရပြီး၊ ဆုငွေကျပ်တစ်သိန်းကို ချီးမြှင့်ခဲ့သည်။

Image may contain: one or more people and text